Saturday, August 18, 2012

AndroidLock XT: Android မှာလို Pattern နဲ့ Lock လုပ်လို့ရအောင်

ကိုယ်ရဲ့ Phone ကိုသူများတွေ အလွယ်တကူ ဖွင့်လို့ကိုင်လို့မရအောင် Passcode တော့ ထားသင့်ပါတယ်. ဒါမှ ကိုယ်ရဲ့ Data, Contact တွေကို လုံလုံခြုံခြုံထားနိုင်မှာဖြစ်ပါတယ်. ပုံမှန်ဆိုရင်တော့ Setting>General> Passcode Lock ထဲကိုသွားပြီး Passcode ထည့်ရုံပါဘဲ. အဲ့လိုမှ မဟုတ်ဘဲ Android Device တွေမှာလို Pattern နဲ့ Lock လုပ်ချင်သူများ AndroidLock XT ကို Install လုပ်လို့ရပါတယ်. Pattern နဲ့ Lock လုပ်တာဟာ Code နဲ့ Lock လုပ်တာထက် ပိုပြီး ဖွင့်ရလွယ်ကူပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia ထဲက Source မှာ http://repo.biteyourapple.net/ ကို Add ပါ. (သင့်ရဲ့ iDevice ဟာ Jailbreak လုပ်ပြီးသားလို့ယူဆပါတယ်) ပြီးရင် Search ထဲမှာ AndroidLock XT ကိုရှာပြီး Install လုပ်နိုင်ပါတယ်. (Cydia မှာ Source ကိုဘယ်လို Add ရမှန်းမသိတဲ့ New Users များ : Click here)



Pattern ကို ဒီ Setting ထဲမှာ ပြောင်းနိုင်ပါတယ်.


အခြား Setting တွေကို လည်း စမ်းသပ်ကြည့်နိုင်ပါတယ်. Change Appearance ထဲမှာ Opacity လျော့အတိုး လုပ်တာတို့ Themes ပြောင်းတာတို့ လုပ်နိုင်ပါတယ်. Opacity လျော့တဲ့ အခါမှာ သတိထားစေချင်ပါတယ်. Opacity ကိုလုံးဝ လျော့ချလိုက်တဲ့ အခါ Pattern ဆွဲဖို့အခက်အခဲ ဖြစ်တတ်လို့ပါ.

No comments:

Post a Comment