iPhone, iPad တွေအတွက်အကောင်းဆုံးလို့ယူဆရတဲ့ GPS Application ကို Share ပေးချင်ပါတယ်. MotionX GPS လို့ခေါ်ပါတယ်. GPS ဟာမရှိမဖြစ်မဟုတ်ပေမဲ့ တော်တော်အသုံးဝင်ပါတယ်. ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ နေရာတွေသွားမယ်ဆိုရင် အတော်လေးအသုံးတဲ့ပါတယ်. iOS မှာ Built-in GPS App ပါပေမဲ့ သိပ်ပြီးမစုံသလိုခံစားရလို့ဒီ Application ကို Share ပေးလိုက်တာပါ.
ဒီ App ကကိုယ်ရောက်နေတဲ့နေရာကို Latitude, Longitude, Altitude သုံးမျိုးနဲ့ဖော်ပြပေးပါတယ်. Map ဆိုရင်လည်း MotionX, Bing, Google တို့က Map တွေကို ကြိုက်ရာရွေးကြည့်လို့ရပါတယ်. Road, Terrain, Satellite, Hybrid, Marine Experimental ဆိုတဲ့ Mode အမျိုးမျိုးကိုလည်းပြောင်းလို့ရပါတယ်. Offline သုံးမယ်ဆိုရင်လည်း Map (Only MotionX Map) ကို Download ဆွဲလို့ရနိုင်ပါတယ်. Google, Bing Map တွေကို Offline သုံးချင်ရင်တော့ Cache လုပ်ပြီးသုံးနိုင်ပါတယ်.
ဒီထက်ကောင်းတဲ့ App ရှိရင်လည်း Share ပေးစေချင်ပါတယ်.
No comments:
Post a Comment