Monday, July 30, 2012

NFC နည်းပညာကို မိတ်ဆက်ပေးချင်လို့ပါ

နောက်ထွက်လာမဲ့ iPhone မှာ NFC ပါလာမယ်လို့ သတင်းတွေကြားရပါတယ်. ဒီတော့ NFC ဆိုတာဘာလဲ ဆိုတာအားလုံးကိုသိစေချင်လို့ပါ.
Near-field communications (NFC) ဆိုတဲ့ နည်းပညာကို အခုတလောမှာတော်တော်လေးတွေ့လာရပါပြီ. ဒီ နည်းပညာကို Google Nexus S မှာတပ်ဆင်ထားပြီး iPhone5 မှာလည်းပါရှိလာ လိမ့်မယ်လို့သတင်းထွက်လာပါပြီ. Juniper Research ရဲ့ခန့်မှန်းချက်များ အရဆိုရင်တော့ 2014 ခုရောက်ရင် Smartphone ငါးလုံးမှာ တစ်လုံး က NFC Technology ကိုထည့်သွင်းအသုံးပြုထားလိမ့်မယ်လို့ဆိုပါတယ်.
ဒါဆိုရင်တော့ NFC Technology ဆိုတာဘာလဲ... ဘယ်လိုအသုံးကျလဲဆိုတာသိဖို့လိုလာပါပြီ.





NFC ဆိုတာ တကယ်တမ်းတော့ နည်းပညာအသစ်အဆန်းမဟုတ်ပါဘူး. Radio-Frequency Identification (RFID)ဆိုတဲ့နည်းပညာကနေပြောင်းလဲတိုးတက်လာတဲ့နည်းပညာပါဘဲ.အခုတလောဒီမှာသုံးနေ ကြော်ငြာနေ တဲ့ iPay Card ဟာ RFID ကိုသုံးထားတာပါ.
NFCတပ်ဆင်ထားတဲ့Deviceကိုအသုံးပြုပြီးတော့ငွေချေခြင်းအပြင်အခြားနေရာတွမှာပါအသုံးပြုလို့ရပါ သေး တယ်.
NFC ပါတဲ့ Smart Phone တစ်လုံးကိုပိုင်ဆိုင်ထားတယ်ဆိုပါစို့

  • ရုံးအသွားအပြန်- ကိုယ်ပိုင် Car နဲ့ရုံးအသွားအပြန်မှာ Phone ကိုသုံးပြီး တံခါးကို Lock ဖွင့်ခြင်း ထိုင်ခုံကို Adjust လုပ်ခြင်းများ
  • ဘူတာရုံမှာ- ရထားစီးဖို့သွားတဲ့အခါ Gate ကိုဖြတ်ရင် လက်မှတ်ဝယ်စရာမလိုဘဲ Reader နားကို Phone ဝှေ့ရမ်းလိုက်ရုံနဲ့ဖြတ်လို့ရမယ်. ရထားအချိန်တွေကိုပါ Phone ကနေတဆင့်ကြည့်လို့ရမယ်.  
  • Store ဆိုင်မှာ- ဆိုင်မှာတစ်ခုခုဝယ်ပြီဆိုရင်လည်း ပိုက်ဆံတွေ Credit Card တွေထုတ်စရာမလိုဘဲ Reader နားကို Phone လေးဝှေ့လိုက်တာနဲ့ပိုက်ဆံရှင်းလို့ရမယ်.
  • ရုပ်ရှင်ကြည့်မယ်- ရုပ်ရှင်ကြည့်မယ်ဆိုလည်း လက်မှတ်သွားဝယ်ဖို့မလိုပါဘူး. လက်မှတ်ကို Online မှာဝယ်ပြီး Phone ကိုသုံးပြီးတော့ပဲရုံထဲဝင်လို့ရမယ်. NFC logo လေးပါတဲ့ ကြော်ငြာ(Smart Poster) တွေ တွေ့ ရင်လည်းအဲ့ဒီ Logo နားကို Phone ထားလိုက်ရုံနဲ့ ကြော်ငြာနဲ့ပတ်သက်ပြီး Information အားလုံးကို Phone ကနေကြည့်နိုင်မှာပါ (ဥပမာ- ရုပ်ရှင်တစ်ခုကိုကြော်ငြာထားရင် ဘယ်ရုံမှာပြတယ်. ဘယ်သူတွေသရုပ်ဆောင်တယ်. ပွဲချိန်တွေကဘယ်တော့)
ဒါတွေအားလုံးကို Phone တစ်မျိုးထဲကနေလုပ်ဆောင်နိုင်မှာပါ. ဒီ Phone မျိုးမရှိဘူးဆိုရင် ပိုက်ဆံအိတ်, ကားသော့, Credit Card စတာတွေအိတ်ထဲမှာစုံနေမှာပါဘဲ...
သိစေချင်လို့သာ Share ပေးရတာပါ. ကျွန်တော်တို့နိုင်ငံမှာ ဘယ်တော့မှဒီလိုနည်းပညာတွေနဲ့ ကျယ်ကျယ်  ပြန့်ပြန့် ထိတွေ့ခွင့်ရမလဲဆိုတာကို တော့ မှန်းရခက်ပါတယ်.

No comments:

Post a Comment