Friday, August 3, 2012

Display အပိုတစ်ခုပါလာနိုင်မဲ့ iPad Smart Cover

လွန်ခဲ့တဲ့တစ်နှစ်လောက်က Apple ကမူပိုင်ခွင့်တင်ထားတဲ့ပုံစံတစ်ခုကို U.S. Patent and Trademark Office က ထုတ်ပြ ခဲ့ပါတယ်. အဲ့ဒီမှာပါတာတွေကတော့ iPad အတွက် Smart Cover ပုံတွေပဲဖြစ်ပါတယ်. အဲ့ဒီ Smart Cover မှာကွေးနိုင်  ခေါက်နိုင်တဲ့ Display ပါဝင်မှာဖြစ်ပြီး iPad မှာတပ်ဆင်ဖို့အတွက် သံလိုက်ကိုသုံးထားပါတယ်. 

ပုံထဲမှာအကြံပုထားတဲ့အတိုင်းဆိုရင် Smart Cover ရဲ့အတွင်းပိုင်းမှာ Touch Screen Display ပါဝင်ပြီး Secondary Display အနေနဲ့အသုံးပြုလို့ရမယ်. Keyboard အနေနဲ့ ဒါမှမဟုတ် အဲ့ဒီပေါ်မှာပုံဆွဲဖို့အသုံးပြုမယ်. Display အသေးလေး တစ်ခုပါပြီး ကျန်တဲ့နေရာတွေမှာ Solar Panel တပ်ထားမယ်. အပြင်ဖက် Display ကိုတော့ Notification တွေအတွက်ထားမယ်. ရုပ်ရှင်ကြည့်တဲ့အခါ သီချင်းနားထောင်တဲ့အခါ ကျော်နိုင် ရပ်နိုင်ဖို့အတွက် (Control Panel) အနေနဲ့သုံးမယ် စသဖြင့်အကြံပြုထားတာပါ.

ဒီပုံစံတွေကို တီထွင်သူကတော့ Fletcher Rothkopf ဖြစ်ပြီးသူဟာ Apple ရဲ့ Product Manager တစ်ယောက်  ဖြစ်ပါတယ်.  

ဒီပုံတွေကတော့ Patent Application ထဲမှာအကြံပေးတင်ပြထားတဲ့ နမူနာပုံစံတွေပါ
 




No comments:

Post a Comment