Sunday, August 5, 2012

3D Photo, Video တွေရိုက်လို့ရနိုင်မဲ့ 3D Cone


3D ရုပ်ရှင်တွေကြည့်ရတာ ကြိုက်ကြမယ်လို့ထင်ပါတယ်.  အခုဆိုရင် 3D Movie တွေဟာ လူတွေကြားထဲမှာ တော်တော် ရေပန်းစားလာတာ ကိုတွေ့ရပါတယ်. နည်းပညာတွေက တော်တော် မြင့်လာတော့ 3D Moive, Photo တွေရိုက်ရတာတော်တော်လေး လွယ်ကူလာပါပြီ. အဲဒီ 3D Movie, Photo တွေကို iPhone နဲ့ရိုက်လို့ရမယ်ဆိုရင် အားလုံးဘဲသဘောကျ ကြမှာပါ.



iPhone နဲ့အဲ့ဒီလိုမျိုး 3D Pic တွေရိုက်ဖို့အတွက် 3DCone ဆိုတဲ့ Accessory ပေါ်လာတော့မှာပါ. အခုဆိုရင် iTunes Store မှာ 3D Photo ရိုက်လို့ရတဲ့ Application တချို့ရှိပါတယ်. Snapily3D လို App ပါ. ဒါပေမဲ့တကယ်လှုပ်ရှားနေတဲ့ ပုံတွေကိုရိုက်ဖို့အတွက်အဆင်မပြေပါဘူး. တကယ်တမ်းတော့ 3D Video ကို iPhone နဲ့ဘဲ ရိုက်ဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ကိစ္စပါ. ဒါကြောင့်မို့လို့ Kickstarter က 3DCone ကို မိတ်ဆက်ပေးလိုက်တာပါ.
3D Cone Project ကိုဒီနှစ်ထဲမှာ စတင်လိမ့်မယ်လို့ယူဆရပြီး March 2013 လောက်မှာတော့ ဈေးကွက်ထဲကို  ရောက်လာဖို့မျှော်မှန်းရပါတယ်.

No comments:

Post a Comment