Saturday, August 4, 2012

Asphalt7 မှာ Money, Stars တွေကိုအခမဲ့ရယူနည်း


Asphalt7 ကိုဆော့ကြတဲ့သူများရှိသလားမသိဘူး. တော်တော်နာမည်ကြီးတဲ့ Car Racing Game ပါ. Graphic ကလည်းတော်တော်ကောင်းအောင်လုပ်ထားတော့ဆော့ရတာတော်တော်အရသာရှိပါတယ်. ခက်ခက်ခဲခဲ လည်းဆော့ရပါတယ်. ဒီ Game ကို Download ဖို့တော့ Link မပေးတော့ပါဘူး. 1GB ကျော်ကျော်လောက် ရှိတာမို့ဆော့ချင်တဲ့သူများ ဆိုင်မှာသာသွားဝယ်ပြီးဆော့ကြဖို့ အကြံပေးပါရစေ.

Game ဆိုတာစိတ်ကိုအပန်းဖြေရအောင်ဆော့ရတာပါ. အရမ်းကြီးခက်ခဲနေပြီး ကြိုးစားပန်းစားဆော့ရတာ မျိုးကတခါတလေစိတ်ပင်ပန်းပါတယ်. ဒါကြောင့်မို့လို့လွယ်လွယ်ကူကူလေးဆော့လို့ရအောင် Money, Star တွေအလကားရအောင် လုပ်တဲ့နည်းကိုတင်ပြပေးလိုက်ပါတယ်. ဒီ Game မှာက Car ကောင်းတွေဝယ် လို့ရအောင် Star, Money တွေလိုတယ်လေ. iTunes Store က၀ယ်တယ်ဆိုရင်လည်း ပိုက်ဆံတွေ တော်တော် ပေးရမှာ. Game တော်တော်များများကို iAPCracker နဲ့ Crack လို့ရပေမဲ့ ဒီ Game ကတော့ မရပါဘူး.

နည်းလေးကတော့ဒီမှာပါ. (Jailbreak တော့လုပ်ထားဖို့လိုမယ်နော်)
အရင်ဆုံး Asphalt7 ကိုပိတ်ပါ. Multitasking ထဲမှာရှိနေသေးရင်လည်း ပိတ်ပစ်လိုက်ပါ.
Computer နဲ့ iPad ကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ.

Step1: လိုအပ်တာတွေကို အရင် Download ပါ. (iTools, Asphalt7 Hack)
Step2: Asphalt7 Hack က RAR File ဆိုတော့အဲ့ဒီ File ကိုအရင် Extract လုပ်ပါ. Document ဆိုတဲ့ File ထွက်လာပါလိမ့်မယ်.
Step3: iTools ကို ဖွင့်ပြီး FileSystem(Jailbreaked) ကနေ var/mobile/Applications ကိုဝင်ပါ. အဲ့ဒီမှာ Application နာမည်တွေမပေါ်ရင် Asphalt7 ပါတဲ့ Folder ကိုရအောင်ရှာပါ. တွေ့ရင် ခုန Extract လုပ်ထားတဲ့ Document ကို အဲ့ဒီထဲမှာ ထဲ့ပါ. Replace လုပ်မလားမေးရင် Yes ကိုနှိပ်ပါ.

ဒါဆိုရင်ရပါပြီ Game ကိုဖွင့်လိုက်တဲ့အခါ ဒီအတိုင်းတွေ့ရမှာပါ.





No comments:

Post a Comment