Friday, August 3, 2012

tShirtOS: LED Display ပါလာမဲ့ Tshirt


tShirtOS တဲ့ Tshirt အမိုက်စားလေးပါ. Whiskey Brand Ballantine's နဲ့ Clothes Company CuteCircuit တို့ရဲ့လက်ရာလေးပါ. CuitCircuit က tShirtOS ကို "Wearable, shareable, programmable and 100% cotton Tshirt" ဆိုပြီးပြောထားပါတယ်. သူ့မှာ Screen တစ်ခုပါရှိပြီး iPhone နဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုနိုင် မှာပါ. Screen ပေါ်မှာ ကိုယ်လိုချင်တဲ့စာသား, ပုံတွေကို တင်လို့ရပါတယ်. Twitter Updates, Facebook Content တွေကိုပါဖေါ်ပြနိုင်ပါတယ်. သူ့မှာ Built-in Camera တစ်ခုပါရှိမှာဖြစ်ပြီး အဲ့ဒီ Camera နဲ့ ရိုက်ထားတဲ့ပုံတွေကို Tshirt ရဲ့ Screen ပေါ်မှာတင်နိုင်ပြီး iPhone ရဲ့ Photo application ကနေလည်း ကြည့် နိုင်မှာပါ.  အဲဒီ Camera လေးက 2.5x2.9x2.5 mm ပဲရှိပြီးတော့ ကမ္ဘာ့အသေးဆုံး Camera လို့တောင်ပြောလို့ရပါတယ်. Audio Playback အတွက်လည်း Headphone Jack ကိုထည့်ပေးထား ပါတယ်.
ဒီ Tshirt ကို 8-bit processor, 32-bit ARM Cortex processor တို့နဲ့စမ်းသပ်ခဲ့ပြီး သူ့မှာပါတဲ့ Bluetooth, USB, Accelerometer, Headphone Jack တို့ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့  ဘယ် Processor ကို သုံးရမယ်ဆိုတာကိုမဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်.
ဒီ Tshirt ဟာစမ်းသပ်နေဆဲ အဆင့်မှာရှိပြီး ဈေးအရမ်းကြီးတဲ့အတွက် ဈေးကွက်မှာေ ရာင်းချဖို့မဖြစ် နိုင်သေးပါဘူးလို့ပြောပါတယ်. ဒါပေမဲ့နောက်ပိုင်းမှာတော့ဈေးသက်သာတဲ့ tShirtOS ပေါ် လာဖို့ရှိပါတယ်.

No comments:

Post a Comment