Monday, August 6, 2012

Zephyr: iPad က Multitasking Gesture လိုမျိုးသုံးနိုင်တဲ့ Multitasking Swipe

iPad သုံးကြတဲ့သူများ ကိုင်ဖူးကြတဲ့သူများ Multitasking Gesture ရဲ့အသုံးဝင်ပုံကို ကောင်းကောင်းသိမှာပါ. iPhone, iPod မှာတော့ ဒီလိုလွယ်လွယ်ကူကူ ပိတ်ဖွင့် လုပ်နိုင်ဖို့ Multitasking Gesture ပါမလာပါဘူး. AssistiveTouch ကိုသုံးလို့ရပေမဲ့ One touch နဲ့တင်လုပ်ချင်တာကို မလုပ်နိုင်ပါဘူး.

ဒါကြောင့်မို့လို့ Zephyr နဲ့မိတ်ဆက်ပေးချင်ပါတယ်. သူက Multitasking Swipe လုပ်လို့ရပါတယ်. သူက iPad မှာလိုမျိုးလက်ငါးချောင်းနဲ့ အသုံးပြုရတာမျိုးတော့မဟုတ်ပါဘူး. Application တစ်ခုနဲ့ တစ်ခုပြောင်းချင်ရင် Screen ရဲ့ဘယ် ဒါမှမဟုတ်ညာအစွန်ကနေ ပွတ်ပြီးဆွဲရင်ရပါတယ်. Application တွေကို Multitasking ထဲကပိတ်ချင်ရင်လည်း Home ကိုနှစ်ချက်နှိပ်စရာ မလိုပါဘူး. Screen အောက်ချေကနေ အပေါ်ကို ပွတ်ဆွဲလိုက်ရင်ရပါပြီ. လက်ဘယ်နှစ်ချောင်းကိုသုံးပြီး Swipe လုပ်မယ်ဆိုတာကို Setting ထဲမှာဝင်ပြောင်းလို့ရပါတယ်. တချို့ Swipe လုပ်ပြီးသုံးရတဲ့ Application/Game တွေနဲ့ ကိုက်ညီမှုမရှိရင်လည်း အဲဒီ App/Game အတွက်ဒီ Tweak ကို Disable လုပ်လို့ရတဲ့ Option လည်းပါလာပါတယ်. Notification Centre ကို ဆွဲချလိုက်ရင်လည်း အရင်ကနဲ့ မတူဘဲတမူထူးနေတာကို ခံစားရမှာပါ. ဒီ Tweak လေးက Home ခလုတ်ကို အလုပ်လုပ်ရ သက်သာစေပါတယ်. တကယ်လို့ Home ခလုတ်သိပ်မကောင်းတော့တဲ့ Phone များအတွက်ဆိုရင် ဒီ Tweak ကိုသုံးပါလို့အကြံပေးပါရစေ. 
ဒီ Tweak ကို Install လုပ်ချင်ရင် http://repo.biteyourapple.net ဒါမှမဟုတ် http://cydia.xsellize.com ကို Source မှာ Add ပါ. ပြီးရင် Search ထဲမှာ ရှာပြီး အခမဲ့(Cracked)  Install လုပ်နိုင်ပါတယ်.
For New User: How to add Cydia Source?








No comments:

Post a Comment