Sunday, May 20, 2012

Contacts, Message တွေကို Backup & Restore နိုင်မဲ့နည်းတွေပါ

iDevice တွေမှာ Contact, Note, Message တွေကိုဘယ်လို Backup & Recover လုပ်မလဲ?
Contact, Message နဲ့ Notes တွေကိုမပျောက်ပျက်အောင် လူတိုင်း Backup လုပ်ထားချင်မှာပါ. Firmware အသစ်တင်တဲ့အခါ. ကိုယ့်ဟာကို ဆိုရင်တော့ iTunes ကနေ Backup လုပ်ထားတဲ့ ဟာတွေကို Recover လုပ်ရင်အကုန်ပြန်ရမှာပါ. ဆိုင်မှာသွားလုပ်မယ်ဆိုရင်တော့အဆင်ပြေမယ်မထင်ပါဘူး. ကိုယ့် Contact, Message လေးတွေ Backup လုပ်ထားတာအကောင်းဆုံးပါ. တခြားနည်းတွေလည်းရှိကောင်းရှိမှာပါ.
ဒီမှာကတော့ နှစ်နည်းကိုပြောပြချင်ပါတယ်.
ဒီနည်းကတော့
iTools ကိုအသုံးပြုပြီး Backup & Restore လုပ်နည်းပါ.
iTools ကို Download ပြီး ဖွင့်ပါ.

Information ကိုနှိပ်ပါ.

iCloud မှာ Contacts ကို On ထားရင် Off အရင်လုပ်ပါ. ပြီးရင် iTools ကို ပိတ်ပြီးပြန်ဖွင့်ပါ.
 iCloud မသုံးဘူးဆိုရင်တော့ ဒီအဆင့်မလိုပါဘူး.

Contacts ကို Backup လုပ်ချင်ရင် Backup ကိုနှိပ်ပါ.

Recover လုပ်မယ်ဆိုရင်တော့ Open backup ကိုနှိပ်ပြီး နောက်ဆုံး Backup file ကိုဖွင့်ပါ.

လိုချင်တဲ့ Backup file ကိုရပြီးဆိုရင် Recover ကိုနှိပ်ပါ. Yes ပေးပြီးရင်ရပါပြီ.

Message နဲ့ Notes တွေကိုလည်းဒီနည်းအတိုင်း Back & Restore လုပ်နိုင်ပါတယ်.

နောက်တစ်နည်းကတော့ iCloud မှာ Store လုပ်တဲ့နည်းပါ. ဒီနည်းကတော့ Message ကို Backup လုပ်လို့မရပါဘူး. Contacts နဲ့ Notes တွေအတွက်တော့အဆင်ပြေပါတယ်.
Apple ID တော့လိုပါလိမ့်မယ်. (How to get free Apple ID)
iDevice မှာ Setting ထဲကနေ iCloud ကို Sign In လုပ်ပါ. ဒါဆိုရင်ရပါပြီ. ကိုယ့် Device နဲ့ Internet သုံးနေတဲ့အခါ. iCloud က Contact, Messages, etc.. တွေကို Server နဲ့ Sync လုပ်ပါလိမ့်မယ်.

No comments:

Post a Comment