Showing posts with label Jailbreak. Show all posts
Showing posts with label Jailbreak. Show all posts

Thursday, September 20, 2012

iOS6 Warning and Musclenerd's Blog Post


ကျနော်အခု ပြောနေတာတွေက Jailbreaker/ Unlocker တွေနဲ့ပဲ သက်ဆိုင်ပါတယ်.  Jailbreak/ Unlock လုပ်စရာမလိုဘူး ဆိုရင်တော့ ဒီ Post ကိုဆက်မဖတ်လဲ ရပါတယ်.

မနေ့ညက iOS6 Update ပေးထားတာကို အားလုံးသိပြီးပြီ ထင်ပါတယ်. Apple ကရှေ့ကို တစ်လှမ်းချင်း ရွေ့နေသလို iPhone Dev-Team ကလည်း နောက်ကထပ်ချပ်တမကွာလိုက်လာပါတယ်. iOS6 ထွက်ပြီး သိပ်မကြာခင်မှာဘဲ Hacker, Musclenerd က Dev-Team Blog မှာ Post တစ်ခုတင်ခဲ့ပါတယ်. 

ကျနော်အရင်ဆုံးပြောချင်တာကတော့ SHSH တွေကို Backup လုပ်ထားဖို့ပါဘဲ. Backup လုပ်ဖို့ Tutorial ကိုလဲ ပြထားပေးပြီးပါပြီ. ဒီမှာကြည့်နိုင်ပါတယ်. (Click here)

သိပ်မကြာခင်မှာဘဲ Apple က 5.1.1 SHSH blob ကို Sign လုပ်ပေးတာရပ်ပါတော့မယ်. အဲလိုမရပ်ခင် အတောအတွင်း SHSH blob တွေကို အချိန်မှီ Save ကြပါ. ကနော်တို့သုံးနေကြတဲ့ iDevice တွေ အမြဲတမ်း အကောင်းအတိုင်းရှိနေမှာ မဟုတ်ပါဘူး. User က တစ်ခုခု ကလိလိုက်လို့ အခန့်မသင့်ရင် OS ပြန်မတက်တော့တာ Apple Logo မှာဘဲရပ်နေမှာတွေ ကြုံဘူးမှာပါ. အဲဒီအချိန်ကျလို့ Restore ပြန်လုပ်ချင်တယ်ဆိုရင် iOS6 ကိုဘဲရကြမှာပါ. အဲဒါကို ကာကွယ်ဖို့အတွက် SHSH တွေကို Save ထားဖို့လိုပါမယ်. SHSH ရှိမှ 5.1.1 (or 4.x, 5.x) ကို Restore/Downgrade စတာတွေ လုပ်နိုင်မှာပါ. 

Musclenerd တင်ထားခဲ့တဲ့ Blog Post အကြောင်းကို အသေးစိတ်ပြောပြချင်ပါတယ်.သူတင်ထားတဲ့ အကြောင်းအရာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်.

  1. A4 Device (iPhone4, iPod Touch 4G), iPhone3GS စတဲ့ Device တွေဟာ ဘယ်လိုအခြေနေမှာဖြစ်ဖြစ် iOS5.x ကို Downgrade လုပ်နိုင်ပြီး Jailbreak လည်းလုပ်နိုင်မှာပါ. ဒီ့အပြင် ဒီ Device တွေအတွက် iOS6 Tethered Jailbreak (Untethered Jailbreak for Old Bootrom 3GS) ဟာ Cydia နဲ့အခြားလိုအပ်တာ တွေကိုပြင်ဆင်ပြီးတာနဲ့ ထွက်ရှိလာပါလိမ့်မယ်. (Downgrade လုပ်ဖို့ SHSH blob ကိုလိုပါတယ်.)
  2. 4.x, 5.x Blob တွေကိုပိုင်ဆိုင်ထားတဲ့ iPad2 အတွက်တော့ iOS6 ကနေ iOS5.x or 4.x ကို Downgrade ဆင်းနိုင်မှာပါ. iPad2 ကို iOS5.x ကို Downgrade ဆင်းနိုင်ဖို့ 4.x, 5.x Blob နှစ်မျိုးစလုံးကို လိုအပ်မှာဖြစ်ပြီး iOS4.x ကို ဆင်းဖို့ကတော့ 4.x Blob တစ်မျိုးဘဲ လိုအပ်မှာပါ. (ဘာဘဲပြောပြော ဘာမှမသေချာသေးတဲ့အတွက် iPad2 Owner များ iOS6 ကိုမမြှင့်ဖို့ပြောချင်ပါတယ်.)
  3. iPad2/3, iPhone4S ပိုင်ဆိုင်တဲ့သူများ အတွက်ကတော့ Re-restore Function ကိုရရှိမှာဖြစ်ပါတယ်. Re-restore ဆိုတာက iOS5.1.1, 5.0.1 စတဲ့ OS ပေါ်မှာ Run နေတဲ့ Device တွေကို သူ့လက်ရှိ Run နေတဲ့ OS ကို ပြန်ပြီး Restore လုပ်နိုင်မှာပါ. (ဥပမာ- Device ပြသနာတစ်ခုခုဖြစ်တဲ့ အချိန်မှာ iOS5.1.1 to iOS5.1.1, iOS5.0.1 to iOS5.0.1 စသည်ဖြင့်ပြန်ပြီး Restore လုပ်နိုင်မှာပါ.) Re-restore ကိုအသုံးပြုဖို့ကတော့ သက်ဆိုင်ရာ Blob ကိုဘဲလိုအပ်မှာ ဖြစ်ပါတယ်.
  4. iPad3, iPhone4S တွေအတွက်က iOS6 ကို Upgrade လုပ်မိရင်ဘာမှမလုပ်နိုင်တော့ပါဘူး. နောက် Jailbreak Tool ထွက်တဲ့ အထိစောင့်ရမှာပါ.
ဘာဘဲဖြစ်ဖြစ် Jailbreaker/ Unlocker များ ဒီအချိန်မှာ iOS6 ကို Upgrade မလုပ်ဖို့ အကြံပေးချင်ပါတယ်.

သိပ်မကြာခင်မှာ iPhone4, iPhone3GS, iPod Touch 4G တို့ကို iOS6 မှာ Tethered Jailbreak (Untethered Jailbreak for Old Bootrom 3GS) လုပ်နိုင်တဲ့ Redsn0w ထွက်ရှိလာပါလိမ့်မယ်.


Read more ...

Sunday, September 2, 2012

iPhone ကို Official Sim မပါဘဲ Activate လုပ်နည်း

ဒီနေ့ iPhone3GS တစ်လုံး Firmware Upgrade လုပ်ဖို့ လက်ထဲရောက်လာတော့ အခက်အခဲလေး အနည်းငယ်ကြုံရပါတယ်. Factory Unlock ဆိုရင် ပြသနာမရှိပေမဲ့ Locked Phone ဆိုတော့ပြသနာ တက်တော့တာဘဲ. Lock Phone ဆိုတော့ Phone ကို Activate လုပ်ဖို့ သူ Original Carrier က Sim Card ကိုလိုတယ်လေ. အဲ့ဒီမှာ ပြသနာစပါပြီ. ကျနော့်မှာရှိတာက USA က AT&T Sim Phone ကဘယ် နိုင်ငံက မှန်းရှာမရဘူး. သူ့ရဲ့ Original Sim ကလည်းမရှိတော့ဘူး. ဒီတော့ Activate လုပ်ဖို့စဉ်းစားလိုက်တဲ့ အခါ Sn0wbreeze ကိုသတိရပါတယ်. ပုံမှန်အားဖြင့် Sn0wbreeze ကိုမသုံးပါဘူး. Redsn0w နဲ့ Absinthe ကိုဘဲကျနော် အသုံးများပါတယ်. နောက်ဆုံးကျနော်ပြောချင်တာက Locked iPhone တွေကို Restore/Upgrade လုပ်ပြီးတဲ့အခါ Activate လုပ်ဖို့ Sn0wbreeze ကိုသုံးလို့ရပါတယ်.

ဒါဆိုရင် လုပ်ပုံလုပ်နည်း Tutorial လေးကို ဒီမှာကြည့်နိုင်ပါတယ်. ကျနော်တို့က Locked Phone တစ်ခုကို Restore/Update လုပ်မယ်ဆိုရင် Custom IPSW ဖန်တီးရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ. ဒါမှ Baseband ကို Upgrade လုပ်ခြင်းမရှိမှာပါ. ဒါမှ Unlock ကိုအဆင်ပြေပြေ လုပ်လို့ရမှာပါ.

လိုအပ်တဲ့ Sn0wbreeze ကိုဒီမှာ Download ပါ. လိုအပ်တဲ့ Firmware (iOS5.1.1)  ကိုဒီမှာ Download နိုင်ပါတယ်.

Download ထားတဲ့ Sn0wbreeze ကို ဖွင့်ပါ. OK နှိပ်ပြီး အောက်ညာဖက် ထောင့်က မျှားအပြာလေးကို နှိပ်ပါ.



ပြီးရင် ကိုယ် Upgrade/Restore လုပ်မဲ့ IPSW ကိုရွေးချယ်ဖို့ Browse for an IPSW ကို နှိပ်ပါ.


iPhone3GS အတွက်ဆိုရင် Old-bootrom လား New-bootrom လားမေးပါလိမ့်မယ်. သိရင်တော့ ရွေးပေးလိုက်ပါ. မသိရင် မသေချာရင် Detect it for me ဆိုတာကို နှိပ်ပါ. Old-bootrom နဲ့ New-bootrom ခွဲခြားနည်းကိုပြောချင်ပါတယ်. iTunes ဖြစ်ဖြစ် iTools ဖြစ်ဖြစ် တစ်ခုခုကို သုံးပြီး Phone ရဲ့ Serial ကိုရှာပါ. Phone ထဲမှာဆိုရင်လည်း Setting>General>About ထဲမှာ ရှာတွေ့နိုင်ပါတယ်. တွေ့ပြီဆိုရင် Serial ရဲ့ လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုကြည့်ပါ. အဲ့ဒီနှစ်လုံးက Week Number ပါ. Week No. 40 ကျော်ရင် သေချာပါတယ်. New-bootrom ပါ. Week 38 အောက်ဆိုရင်တော့ Old-bootrom ပါ. 38 နဲ့ 40 ကြားထဲဆိုရင်တော့ သိပ်မသေချာပါဘူး. မသေချာရင် Detect it for me ဆိုတာသာ နှိပ်လိုက်ပါ. အဲဒါဆိုရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. 
iPhone4/4S တွေကတော့ ဒီအဆင့်မလိုပါဘူး.




ပြီးရင်ဒါပေါ်လာပါပြီ. IPSW Verified! ဆိုတာ. မျှားအပြာလေးကိုထပ်နှိပ်ပါ.



ဒီ Window ပေါ်လာပြီဆိုရင် Simple Mode ကိုရွေးပါ.




ဒီအဆင့်မှာ Activate လုပ်မလုပ်ကိုမေးပါပြီ. Yes ကိုနှိပ်ပေးလိုက်ပါ.




ဒါဆိုရင် Sn0wbreeze က Custom IPSW ကိုစပြီး Create လုပ်နေပါပြီ. ပြီးရင် Done ဆိုတာပေါ်လာလို့ OK ကိုနှိပ်ရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. DFU Mode ထဲဝင်အပြီးမှာ PWNED DFU ဆိုတဲ့ Message ပေါ်လာပြီးရင် iTunes ကိုဖွင့်ပြီး Shift + Restore ကိုတွဲနှိပ်ပြီး IPSW ကိုရွေးပါ. Computer ရဲ့ Desktop ပေါ်မှာ Sn0wbreeze နဲ့စတဲ့ IPSW ကိုရွေးရမှာပါ. ဒီ IPSW ကိုရွေးခြင်းအားဖြင့် Baseband Upgrade ဖြစ်ခြင်းမှကာကွယ် နိုင်သလို Activate လုပ်စရာလည်း လိုမှာမဟုတ်ပါဘူး.

iTunes နဲ့ Restore လုပ်ပြီးသွားပြီ ဆိုရင်တော့ Activate လုပ်စရာမလိုတဲ့ Jailbreak လုပ်ပြီးသား iPhone ကိုရပါပြီ. ဒါဆိုရင်တော့ သက်ဆိုင်ရာ Tool ကိုသုံးပြီးတော့ Unlock လုပ်လို့ရပါပြီ. ဘယ် Phone ကို ဘယ်လို Unlock လုပ်ရမယ်ဆိုတဲ့ Unlock Guide ကိုနောက်မှ တင်ပြပေးသွားပါမယ်.

Read more ...

Saturday, June 9, 2012

Redsn0w 0.9.12b (New Version) Download

iPhone Dev Team က Redsn0w 0.9.12b ကိုထပ် Update လုပ်လိုက်ပြန်ပါပြီ. ဒီ Version မှာ iPhone3gs, iPhone4/4s , iPod, iPad2, iPad3 အားလုံးကို Jailbreak လုပ်နိုင်မှာပါ. ဒါ့အပြင် A4 Device နဲ့သူ့ရှေ့က Device ( iPhone3gs, iPhone4, iPod)  တွေကို Jailbreak လုပ်တဲ့အခါမှာ Option နှစ်ခုကိုပေးပါတယ်.

ပထမတစ်ခုကတော့ Absinthe နဲ့ Jailbreak လုပ်သလို Backup/ Restore Method ကိုသုံးတာပါ.
နောက်တစ်ခုကတော့ Ramdisk Method နဲ့ Jailbreak လုပ်တဲ့နည်းဖြစ်ပါတယ်.
တကယ်လို့ သင့်ရဲ့ iDevice မှာ Media (Songs, Photos, etc...) တွေအများကြီးရှိနေမယ်ဆိုရင် Ramdisk Method ကိုသုံးပါလို့အကြံပြုချင်ပါတယ်. Ramdisk Method က A5 Device (iPhone4s, iPad2/3) တို့ကို Support မဖြစ်ပါ ဘူး.

Backup/ Restore Method ကိုအသုံးပြုမယ်ဆိုရင် Fresh Restore လုပ်ထားဖို့လိုပါလိမ့်မယ်. ဒီနည်းကိုသုံးဖို့ ဆိုရင် Device ကို Normal Mode မှာပဲထားရင်ရပါတယ်.
Ramdisk Method ကိုသုံးမယ်ဆိုရင်တော့ DFU Mode မဟုတ်ရင် Recovery Mode ထဲဝင်ဖို့လိုပါလိမ့်မယ်.

Download Redsn0w 0.9.12b2 (For Windows, OS X)
Read more ...

Monday, June 4, 2012

Download Redsn0w 0.9.12b1

အသစ်ကလေးတွေကထပ်ထွက်လာပြန်ပြီ. အားလုံးပဲ Jailbreak လုပ်ပြီးကြပြီထင်ပါတယ်. ဒါပေမဲ့ Absinthe ကို သုံးလို့အဆင်မပြေတဲ့အခါ Redsn0w ကိုအသုံးပြုလို့ရပါတယ်. Redsn0w ကUntethered Jailbreak ကိုရမှာဖြစ်ပြီး. Unlocker တွေအတွက် Baseband ကို Preserve လုပ်ဖို့အတွက် Custom IPSW ပါသလို. အသစ်အနေနဲ့ Sam Activation Ticket ကိုပြန် Restore လုပ်နိုင်မဲ့ Feature လဲပါလာပါတယ်.

Redsn0w 0.9.12b1 (Windows, OS X) ကို Download နိုင်ပါပြီ.


Read more ...

Wednesday, May 30, 2012

Download Absinthe 2.0.4 (New Version)


.

Absinthe 2.0.4 ထပ်ထွက်ပါတယ်. iPad2,4 အတွက်ပါ Support ဖြစ်ပါတယ်
Download Absinthe 2.0.4 (Windows, OS X)
ဒီမှာက Absinthe နဲ့ ဘယ်လို Jailbreak လုပ်ရမလဲဆိုတဲ့ Guide ပါ. (How to jailbreak:)

Support ဖြစ်တဲ့ Device တွေပါ.

  • iPhone 4S, iPhone 4 (GSM + CDMA) and iPhone 3GS
  • iPod touch 4G and iPod touch 3G
  • iPad 3, iPad 2 and iPad 1G: All three models (WiFi, GSM, CDMA)
  • Apple TV2
Read more ...