Showing posts with label Application. Show all posts
Showing posts with label Application. Show all posts

Friday, September 28, 2012

Download: Bad Piggies

သူငယ်ချင်းတို့ရေ ဒီ Game လေးဆော့ပြီးသွားကြပြီလား? Angry Bird ကိုထုတ်ခဲ့တဲ့ Rovio Entertainment ကဘဲ ထုတ်လုပ်ထားတာပါ. ၀က်တွေကို အသေဆော်ရတဲ့ Angry Bird Game ကို ဝက်တွေဘက်က နေပြန်ဆော့ရမှာပါ. ဝက်တွေက သိတဲ့အတိုင်းပါဘဲ ဘယ်တော့မှ အောင်မြင်မှုမရှိခဲ့ပါဘူး. ငှက်တွေဆီက ဥတွေကိုယူဖို့ ကျနော်တို့ဆီက အကူအညီယူရပါမယ်. Flying, Crawling, Rolling, Spinning, Crushing Device တွေကို သုံးပြီးတော့ ငှက်ဥတွေဆီကို ရောက်အောင်သွားရပါမယ်. ဆော့လို့ကောင်းမယ့် Puzzle Game လေးဖြစ်မယ်လို့ထင်ပါတယ်. သူငယ်ချင်းတို့လဲ ဆော့ကြည့်ကြပါဦး.




 




Download link တွေကတော့ ဒီမှာပါ. 
For iPhone, iPod Touch: Link1, Link2
For iPad (HD): Link1, Link2

Link များအားလုံး အလုပ်လုပ်ပါတယ်. စမ်းဆွဲပြီးမှ Share ပေးတာပါ. တကယ်လို့ Link များအလုပ်မလုပ်တော့ရင် Comment ပေးထားခဲ့ပေးပါ.

Read more ...

Monday, September 17, 2012

Myanmar Explore: Offline Map ပါပါတဲ့ Business Directory

Myanmar Explore တဲ့ တော်တော်အသုံးဝင်မဲ့ Application လို့ညွှန်းချင်ပါတယ်. သူငယ်ချင်းတစ်ယောက်ရဲ့ Phone ထဲမှာတွေ့လို့ လိုချင်နေတာ တော်တော်ကြာပြီ. ကျနော်ဒီနေ့ မြို့ထဲရောက်တော့ Excellent ကိုရောက်မှ ဒီ Application ကိုရလိုက်တယ်. စိတ်မကောင်းစရာက ဒီ Application ကြီးက 3.31GB တောင်ရှိတယ်ဗျာ. Map တွေကို Offline သုံးလို့ရအောင် လုပ်ထားလို့လားမသိဘူး. File Size ကတော့ တော်တော်ကြီးတာ. ကျနော် Share ပေးချင်ပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်လို့ Share မပေးတော့ ပါဘူးဗျာ. သို့ပေမဲ့ ဒီ Application ကိုလိုချင်ရင် သွားဝယ်လို့ရအောင်လို့ လိပ်စာတော့ ထားခဲ့ပါတယ်. File Size အရမ်းကြီးတဲ့အတွက် တော်ရုံအသုံးမလိုရင် မထဲ့စေချင်ပါဘူး.

ဒီ Directory က Yangon Directory ထက်ကိုကောင်းပါတယ်. စီးပွားရေးလုပ်ငန်း မျိုးစုံရဲ့ Phone no တွေ လိပ်စာတွေလည်း ကြည့်နိုင်တယ်. လိပ်စာအပြင် တည်နေရာကို Map နဲ့ပါပြထားပါတယ်. လမ်းတွေလည်းရှာနိုင်တယ်. နိုင်ငံတကာ Dial Code တွေလည်း ရှာလို့ရမယ်. မြန်မာနိုင်ငံတွင်းက Area Code တွေကိုလည်း ဖော်ပြပေးထားတယ်. iPad အတွက် HD Version တော့မရပါဘူး. iPhone, iPod တွေအတွက်ပဲ အဆင်ပြေဦးမှာပါ. 

ဒီ Directory ကောင်းပါတယ်လို့ပြောပေမဲ့ Android Phone တွေအတွက်ပဲ ပေးထားတဲ့ Go-There-Myanmar ကိုတော့ မမှီပါဘူး. ရှာချင်တာကို ရှာလို့ရတဲ့ အပြင် မသွားတတ်ရင် Bus Directory ပါပေးထားသေးတယ်. Android Phone သုံးတဲ့ သူငယ်ချင်းများရှိရင် ဒီ Apk ကို Download ပါလို့ အကြံပေးလိုက်ကြပါ.

ရန်ကုန်- (၁၀၉) အနော်ရထာလမ်း၊ ၃၇x ၃၈ လမ်းကြား
မန္တလေး- ၇၃လမ်း၊ ၂၉x၃၀ ကြား၊ ပြင်ဦးလွင်၊ လားရှိုးလမ်း၊ အာရောဂျံဆေးရုံရှေ့







Read more ...

Thursday, September 6, 2012

Download Plants vs. Zombies: PvZ ကို ဒီနေ့ ဘဲ PopCap က Update လုပ်ထားပါတယ်

အားလုံးဘဲ Plants Vs. Zombies ဆိုတဲ့ Game ကိုကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်. ဘာလို့ အဲ့လိုထင်ရလဲလို့ မေးရင်တော့ ကျနော်တောင်မကြီးမငယ်နဲ့ ဒီ Game ကို စွဲစွဲလန်းလန်း ဆော့ခဲ့လို့ပါ. ပြီတော့ ကျနော့်ပတ်ဝန်းကျင်မှာလည်း ဒီ Game ကိုတော်တော်ကြိုက်ကြပါတယ်. Computer မှာတုန်းက နှစ်နှစ်သက်သက် ဆော့ခဲ့ကြသလို iDevice တွေမှာလည်း တော်တော်လေးဆော့ကြတာ တွေ့ရပါတယ်. 

ဒီနေ့တော့ ဒီ Game ကို PopCap က Update လုပ်ပေးထားပါတယ်. New iPad အတွက် HD Support ပေးထားပါတယ်. အခြား New Features တွေ Mini Game, Last Stand Endless Mode တွေလည်း ထပ်ထည့်ပေးထား တယ်လို့ပြောပါတယ်. 

ဒီ Game ကို Download ချင်ရင်တော့ အောက်မှာ Link များပေးထားပါတယ်. ဒီလို Cracked App တွေကို Install လုပ်ဖို့ဆိုရင် iDevice က Jailbreak လုပ်ပြီး AppSync ကို Install လုပ်ထားရမယ်ဆိုတာကိုတော့ အထူးပြောစရာလိုမယ် မထင်ပါဘူးနော်.


For iPhone, iPod Touch(91.76 MB): Link1, Link2, Link3

For iPad HD (194.76 MB): Download Link




 

Read more ...

Download Voice Camera Pro: Voice Command ပေးပြီး အသုံးပြုနိုင်မဲ့ Camera App

အသံနဲ့ Command ပေးပြီးရိုက်လို့ရမဲ့ Camera Application ဆိုရင်အားလုံးသဘောကျကြမယ် ထင်ပါတယ်. အခြား Application တွေလည်းရှိဦးမှာပါ. ဒီ App ကတော့ ကျနော်ကိုယ်တိုင်စမ်းသုံးကြည့်ပြီး အဆင်ပြေတာနဲ့ သူငယ်ချင်းတို့လည်းသုံးရအောင် မျှဝေပေးလိုက်တာပါ. Application ထဲမှာ သုံးပုံသုံးနည်း Command တွေနဲ့ Command တွေကို ကိုယ်ကြိုက်ရာ ရွေးချယ် နိုင်တဲ့ Custom Command ပေးလို့ရတဲ့ Option ပါထည့်ပေးထား ပါတယ်.  iPhone, iPad, iPod Touch စတဲ့ Device တွေမှာအသုံးပြုလို့ ရနိုင်ပြီး iOS ကတော့ 4.1 အထက်ရှိဖို့ လိုပါလိမ့်မယ်. 

ဒီ Application ကိုသုံးရင် အနည်းငယ်ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ဖို့အကြံပေးချင်ပါတယ်. Command ပေးတဲ့အခါမှာလည်း ပြတ်ပြတ်သားသား ပီပီသသ အသံထွက်ဖို့ လိုမှာပါ.

အသုံးပြုနိုင်မဲ့ Command များကတော့ ဒီမှာပါ.

1. Camera - Launch the Camera
2. One - Take a Photograph
3. Two - Take 2 Consecutive Photos
4. Three - Take 3 Consecutive Photos
5. Four-Take 4 Consecutive Photos 
6. Switch - Switch Front to Back Camera (4/4S/iPad 2/3 Only)
7. Flash - Change Flash to On - Off - Auto (4/4S Only)
8. Ribbon - Show / Hide Voice Command Overlay
9. Photos - Launch Photo Library in Camera
10. Share - Choose Method to Share Selected Photo
11. Mail - Email Selected Photo in Library
12. Tweet - Tweet Selected Photo in Library
13. Facebook - Post Selected Photo in Library to Facebook
14. Home - Launches Command List
15. Custom - Launch Custom Commands
16. Info - Launch Info Page
17. Bye Bye - Close the Application
18. Back, Send, Cancel, OK, Relaunch, Yes, No - Functional Commands 

ဒီ Application ကို Download ချင်ရင် Link ကဒီမှာပါ. Download here



 သဘောကျတယ် သုံးလို့အဆင်ပြေတယ်ဆိုရင် Share ပေးကြပါ. Like ကြပါ.

Read more ...

Wednesday, August 29, 2012

Cracked Application များရနိုင်မဲ့ Site များ

Cracked Application များရယူနိုင်မဲ့ Website များကို Share ပေးချင်ပါတယ်. iDevice တွေမှာ Cracked App တွေသုံးချင်ရင် ပထမဦးဆုံး Device ကို Jailbreak လုပ်ဖို့လိုပါလိမ့်မယ်. ပြီးရင် http://cydia.hackulo.us ဆိုတဲ့ Repo ကို Source မှာ Add ပြီးရင် AppSync ဆိုတာကို Install လုပ်ပြီးမှ ရပါလိမ့်မယ်.

ဒီ Site တွေက တော်တော်များများ သိပြီးသား ဖြစ်နေပေမဲ့ မသိတဲ့ သူများရှိခဲ့ရင် သုံးနိုင်အောင်လို့ ထပ်ပြီးတော့ Share ပေးတာပါ.


Apptrackr ဆိုတာကတော့ အကောင်းဆုံး Site ဖြစ်မယ်လို့ ထင်ပါတယ်. ဒီ Site က App တွေကို Website ကနေတင်မကဘဲ iDevice ကနေပါ Download နိုင်အောင်လို့ စီစဉ်ပေးထားပါတယ်. အဲ့လို Download နိုင်ဖို့ Installous ကို Install လုပ်ရမှာပါ. Installous ကိုသုံးခြင်းအားဖြင့် Application တွေကို တိုက်ရိုက် Download နိုင်ရုံသာမက App တွေကို Update လုပ်ခြင်း. Download ထားတဲ့ App တွေကို iDevice အချင်းချင်း Bluetooth နဲ့ Sharing လုပ်နိုင်ခြင်းစတာ တွေကိုလုပ်ဆောင်နိုင်မှာပါ. 



kulapps

ဒီ Site မှာလည်း Application အတော်များများကို စုံစုံလင်လင်တွေ့ရပါတယ်.



AppCake

ဒီ Site လေးလည်း မဆိုးပါဘူး. မသုံးဖူးဘူးဆိုရင် စမ်းကြည့်ကြပါဦး

Read more ...

Facebook Camera Application Update: Photo တွေကို တစုတစည်းထဲ တင်နိုင်အောင်

အခုနောက်ပိုင်းမှာ Social Network တွေကို Computer တွေကသာမကဘဲ Mobile Phone တွေကပါ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတဲ့အတွက် Developer တွေက Mobile Phone တွေအတွက် Application တွေကို အဓိကထားပြီး ရေးသားလာကြတာကို တွေ့ရပါတယ်. Social Network တဲ့သူတွေ Facebook ကိုဘဲ အဓိကထားပြီး သုံးကြမယ် ထင်ပါတယ်. Mobile Phone နဲ့ Facebook သုံးကြမယ်ဆိုတော့ Computer မှာသုံးရသလိုဘဲ အဆင်ပြေချောမွေ့မှုလေးတွေ လိုလာပါပြီ. 

Facebook Camera Application ကို သုံးဖူးကြလားမသိဘူး. ဒီ App က အဓိက Photo တွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်တာပါ. Photo တွေ Upload လုပ်ရင် တစ်ပုံခြင်း မဟုတ်ဘဲ တစ်စုတစ်စည်းထဲ တပြိုင်ထဲတင်နိုင်ခြင်း သူငယ်ချင်းတွေရဲ့ Photo တွေကို နေရာတစ်နေရာထဲကနေ ကြည့်နိုင်ခြင်းနဲ့ အခြား လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပေးပါတယ်. ရက်အနည်းငယ်အကြာတုန်းက Facebook Application ကို Update လုပ်ပေးထားတာမှတ်မိကြမယ်ထင်ပါတယ်. အခုလည်း ဒီ Facebook Camera Application ကို Facebook က Update လုပ်ပေးထားပါတယ်. 

ဒီ App ကို iTunes Store ကနေ အခမဲ့ Download ရယူနိုင်ပါတယ်. (Click to Download)




iTunes Account မရှိသေးတဲ့သူများ Account ဖွင့်ဖို့အဆင်မပြေရင် fidodidokaung@gmail.com ကို Mail ပို့ပြီး iTunes Account တစ်ခုတောင်းဆိုနိုင်ပါတယ်. 
Read more ...

Friday, August 24, 2012

Facebook က Version 5.0 ကို Update လုပ်ပေးထားပါတယ်

Facebook ဆိုတဲ့ Social Networking Service ကို Feb, 2004 မှာ Mark Zuckerberg က စတင်တည်ထောင် ခဲ့တာပါ. အခု 2012 မှာတော့ Facebook ကိုအသုံးပြုသူပေါင်း 955millions လောက်ကိုရှိပါပြီ. အဲဒီ အသုံးပြုသူ အားလုံးရဲ့တစ်ဝက် ကတော့ Mobile device ကိုအသုံးပြုကြတာကို တွေ့ရပါတယ်. Smart Phone အသုံးပြုမှုတွေ ကျယ်ပြန့်လာတော့ Mobile Device တွေမှာ အသုံးပြုဖို့အတွက် Facebook Application ကို ရေးသားခဲ့ကြပါတယ်. iOS အတွက် Facebook Application က အသုံးပြုရတာ အနည်းငယ် နှေးတဲ့အတွက် အသုံးပြုသူများက အားမလိုအားမရဖြစ်ခဲ့ကြပါတယ်.

အခုတော့ အဲ့ဒီ ပြသနာတွေကို ရှင်းဖို့အတွက် Facebook က Version 5.0 ကို Update လုပ်ပေးလိုက်ပါတယ်. New Version မှာ လုပ်ဆောင်ချက်တွေပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်တာကို တွေ့ရပါတယ်. အရင်က Refresh လုပ်ဖို့အတွက် အောက်ကိုဆွဲချရတဲ့ နေရာမှာ Banner လေး ထည့်ပေးထားပါတယ်. Refresh လုပ်စရာမလိုတော့ဘဲ. Post တစ်ခုတက်ပြီဆိုရင် အဲ့ဒီ Banner နေရာမှာ နံပါတ်လေးတွေ တက်လာမှာပါ. 

Facebook Application မရှိသေးတဲ့သူများ အတွက် Download Link ကဒီမှာပါ. (Click here) ရှိပြီးသားသူများကတော့ iDevice ကနေတိုက်ရိုက်ပဲဖြစ်ဖြစ် Computer ကနေဘဲဖြစ်ဖြစ် Update လုပ်နိုင်ပါတယ်.  

ဒါတွေကတော့ New Version မှာပါဝင်လာတာတွေပါ.



Read more ...

Wednesday, August 22, 2012

Skype က Version အသစ် ကို Update လုပ်ပေးထားပါတယ်.

Skype သုံးတဲ့သူတွေအတွက် သတင်းကောင်းပါ. Skype က Version 4.1 ကို Update လုပ်ပေးလိုက်ပါပြီ. ဒီ Update မှာ Skype Application ကနေတိုက်ရိုက် Photo Sharing လုပ်နိုင်မဲ့ Feature တစ်မျိုးကို ထည့်ပေးထားပါတယ်. ဒီ Version အသစ်မှာ iPhone, iPad အတွက် ဓာတ်ပုံ ပို့ခြင်း လက်ခံခြင်းများ လုပ်လို့ရပြီး အရင် Version တုန်းက ပြသနာတွေကိုလည်း ပြန်ပြင်ဆင် ပေးထားပါတယ်. 

Skype ကို Download ချင်ရင် Link ကဒီမှာပါ. (Download for iPhone, iPad)



iTunes Store Account မရှိသေးသူများ Free Account ဖွင့်နည်းကို ဒီမှာကိုးကား နိုင်ပါတယ်. (Click here). ကိုယ့်ဟာကိုယ် အဆင်မပြေရင် လည်း fidodidokaung@gmail.com ကို Mail ပို့ပြီး iTunes Account တစ်ခုတောင်းဆို နိုင်ပါတယ်. 










Read more ...

Saturday, August 18, 2012

Barclays Football: ဘောလုံးဝါသနာရှင်များအတွက် Premier League ပွဲစဉ် Scores တွေအလွယ်တကူ ကြည့်လို့ရအောင်

Premier League ဘောလုံးပွဲတွေ စနေပြီဆိုတော့ ဘောလုံးဝါသနာရှင်များအတွက် ဘောလုံးပွဲသတင်းတွေ Goal Score တွေ အမှတ်စဉ်ဇယားတွေ ကန်မဲ့ပွဲစဉ်တွေကို အလွယ်တကူကြည့်လို့ ရအောင်လို့ အတွက်ဒီ Application ကို Share ပေးချင်ပါတယ်. အခြား Premier League ပွဲစဉ်တွေဖော်ပြတဲ့ Application တွေ အများကြီးရှိတဲ့ထဲက ဒီ Application ကအဆင်အပြေဆုံးလို့ထင်မိတဲ့အတွက် ဒါကို Share ပေးတာပါ. ဒီထက်ပို ကောင်းတဲ့ Application များရှိရင်လည်း မျှဝေပေးစေချင်ပါတယ်.

ဒီ Application ကို iTunes Store မှာ အခမဲ့ Download နိုင်ပါတယ်. Link ကတော့ ဒီမှာပါ. (Click here)

iTunes Account မရှိရင် Free Account လုပ်နည်းကိုဒီမှာ ကိုးကားနိုင်ပါတယ်. (Check here) အဆင်မပြေရင်လည်း fidodidokaung@gmail.com ကို Mail ပို့ပြီး iTunes Account တောင်းဆိုနိုင်ပါတယ်.








Read more ...

Friday, August 10, 2012

NavRules Pro: Colreg'72 နဲ့ Mariner တွေနဲ့သက်ဆိုင်တဲ့ အခြားအကြောင်းအရာတွေအလွယ်အကူ ကိုးကားနိုင်အောင် (Only For Seaman)

OOW Class II ဖြေမဲ့ Seaman များ Colreg'72 ကိုလေ့လာနိုင်ဖို့အတွက် ဒီ Application ကို Share ပေးရတာပါ. အခြား Application များလည်းရှိပါတယ်. ဒါပေမဲ့ ဒီ Application ရဲ့ Cracked Version ကိုဘယ်မှာမှရှာမရတာကြောင့် ဒါကိုရွေးတင်ပေးလိုက်တာပါ. iPad မှာလည်း Screen အပြည့်အလုပ်လုပ် ပါတယ်. 

ဒီ Application မှာအကြောင်းအရာ တော်တော်လေးစုံစုံလင်လင် ထည့်ထားပေးပါတယ်. Mariner လက်စွဲ လို့တောင်ပြောလို့ရပါတယ်. Colreg'72 ကိုစာတွေချည်းပဲဖော်ပြထားတာ မဟုတ်ဘဲ Lights and Shapes တွေဆိုရင် ပုံနဲ့တကွရှင်းပေးထားတယ်. International Rules တွေအပြင် Inland Rules တွေ Pilot Rules တွေလည်းပါပါတယ်. IALA, Chart Symbols တွေအကြောင်းလည်းပါတယ်. International Code of Signal, Morse Code တွေလည်းပါတယ်. Distress Signals တွေကိုလည်း ပုံနဲ့ဖော်ပြပေးထားတယ်. အတော်လေးစုံပါတယ်. 

 ဒီ Application ကို Download ချင်ရင်...( Click Here)





Read more ...

Download FlightTrack Pro: International/ Local Flight တွေကိုအလွယ်တကူ ရှာဖွေလို့ရအောင်

ဒီ Application ကနိုင်ငံတကာသွားလာနေတဲ့သူများ အတွက်အလွန်အသုံးဝင်မဲ့ App ဖြစ်ပါတယ်. International Flight များသာမက Local Flight များကိုပါရှာဖွေနိုင်တာကို တွေ့ရပါတယ်. ကိုယ်သွားချင်တဲ့ နိုင်ငံကိုဘယ်နေ့မှာဘာ Flight တွေရှိမယ် ဆိုတာကိုအလွယ်တကူရှာဖွေလို့ရပါတယ်. သူမှာ Search Option ကသုံးမျိုးပေးထားပါတယ်. By Flight, By Route, By Airport တို့ဖြစ်ပါတယ်. ဒါပေမဲ့ By Airport မှာရှာချင်ရင်တော့ FlightBoard ကို $3.99 ပေးရမှာပါ. 

By Flight နဲ့ရှာမယ်ဆိုရင်တော့ Airline, Flight No နဲ့ Date တွေကိုဖြည့်ပေးရမှာပါ. ဒါကတော့ကိုယ်ဘယ် Flight သုံးမလဲအတိအကျသိရင်ပေါ့. ကိုယ်စီးမဲ့ Flight ကို Track လုပ်ပေးဖို့ပါ. 

နောက်တစ်ခု By Route ကတော့ ကိုယ်သွားမဲ့ဆီကနေ ဘယ်နိုင်ငံ ဘယ်မြို့ကိုသွားမလဲဆိုတာနဲ့ Date ဖြည့်ပေးရုံနဲ့ Flight တွေအကုန်လုံးကို ရှာဖွေပေးမှာပါ. Internet Connection တော့လိုပါလိမ့်မယ်.

အလွန်အသုံးဝင်တဲ့ Application ဖြစ်ပါတယ်. iOS အတွက်သာမကဘဲ Android အတွက်ပါ ရှိပါတယ်. ဒီ App ကို iTunes Store က၀ယ်ရင် FlightTrack က $4.99 ဖြစ်ပြီး Pro Version ကိုတော့ $9.99 နဲ့ဝယ်ယူ နိုင်ပြီးတော့ FlightTrack Pro ကိုအခမဲ့ Download ချင်ရင်တော့ Crack Version က ဒီမှာပါ.

Download Here

ဒါက Ygn-Mdy Flight တွေပါ.



 


Read more ...

MotionX GPS: အကောင်းဆုံးလို့ယူဆရတဲ့ GPS App

iPhone, iPad တွေအတွက်အကောင်းဆုံးလို့ယူဆရတဲ့ GPS Application ကို Share ပေးချင်ပါတယ်. MotionX GPS လို့ခေါ်ပါတယ်. GPS ဟာမရှိမဖြစ်မဟုတ်ပေမဲ့ တော်တော်အသုံးဝင်ပါတယ်. ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ နေရာတွေသွားမယ်ဆိုရင် အတော်လေးအသုံးတဲ့ပါတယ်. iOS မှာ Built-in GPS App ပါပေမဲ့ သိပ်ပြီးမစုံသလိုခံစားရလို့ဒီ Application ကို Share ပေးလိုက်တာပါ. 

ဒီ App ကကိုယ်ရောက်နေတဲ့နေရာကို Latitude, Longitude, Altitude သုံးမျိုးနဲ့ဖော်ပြပေးပါတယ်. Map ဆိုရင်လည်း MotionX, Bing, Google တို့က Map တွေကို ကြိုက်ရာရွေးကြည့်လို့ရပါတယ်. Road, Terrain, Satellite, Hybrid, Marine Experimental ဆိုတဲ့ Mode အမျိုးမျိုးကိုလည်းပြောင်းလို့ရပါတယ်. Offline သုံးမယ်ဆိုရင်လည်း Map (Only MotionX Map) ကို Download ဆွဲလို့ရနိုင်ပါတယ်. Google, Bing Map တွေကို Offline သုံးချင်ရင်တော့ Cache လုပ်ပြီးသုံးနိုင်ပါတယ်. 
ဒီ Application ကို Download ချင်ရင် For iPhone, For iPad

ဒီထက်ကောင်းတဲ့ App ရှိရင်လည်း Share ပေးစေချင်ပါတယ်.






 


Read more ...

Friday, August 3, 2012

Temple Run: Downloaded over 100 million times

Temple Run ဆိုတဲ့ Game ကိုကြားဘူးကြမှာပါ. စိတ်ဝင်စားစရာတွေအများကြီးမပါပေမဲ့ Challenge လုပ်ထားတာ တွေကတော့အများကြီးပါ. Treasure Hunting ရုပ်ရှင်တွေကြည့်ဘူးကြမှာပေါ့. အဲဒီထဲမှာ ဇာတ်လိုက်က ရတနာတွေရပြီဆိုရင် အဲ့ဒီနေရာကနေအသက်ရှင်လျှက်ပြန်ထွက်နိုင်အောင် ထွက်ပြေး ရပါတယ်. ဒီ Game ကအဲ့ဒီအခန်းကလေးကိုဘဲယူထားတာပါ. 
ဘာမှမဟုတ်ပေမဲ့ အလွန်ဆော့လို့ကောင်းတဲ့ Game ပါ. အဲ့ဒီ Game ဟာအခုဆိုရင် Download တဲ့ အကြိမ်ပေါင်း သန်းတစ်ရာကျော်သွားပြီဖြစ်ပါတယ်. Apple Devices တွေက Download တာ ၆၅ သန်းကျော် နဲ့ Android Devices တွေက Download တာ ၃၅ သန်းကျော်ပါ. 

ဒီ Game ကို iTunes Store ကနေအခမဲ့ Download နိုင်ပါတယ်. (iTunes Link: Here)
iTunes Account မရှိသေးတဲ့သူများ Free Account လုပ်နည်းကိုဒီမှာကိုးကားနိုင်ပါတယ်. (Click here)
အဆင်မပြေတဲ့သူများရှိရင်လည်း Account ဖွင့်ပေးနေပါတယ်. fidodidokaung@gmail.com ကို Mail ပို့နိုင်ပါတယ်.


iPhone Screenshot 1










Read more ...

Thursday, August 2, 2012

App Price Drops by Apple Sliced: အခမဲ့ Application တွေရယူနိုင်ဖို့

ဒီ Application က iTunes Store ကဘယ် Application တွေဈေးလျှော့သွားပြီလဲ. အခမဲ့ Download လို့ရနိုင် ပြီလဲဆိုတာကိုဖော်ပြပေးတာပါ. အသုံးဝင်နိုင်မဲ့ App ဖြစ်တာကြောင့် Share ပေးလိုက်တာပါ.




ဒီ Application ကို iTunes Store ကနေအခမဲ့ Download ရယူနိုင်ပါတယ်. (Download link here!)
iTunes Account တော့ရှိဖို့လိုပါမယ်. မရှိသေးတဲ့သူများအတွက် Free Account လုပ်နည်းကိုဒီမှာကြည့်နိုင် ပါတယ်. (Click here) Account လုပ်ရတာအဆင်မပြေတဲ့သူများရှိရင်လည်း ကူညီပေးပါတယ်. fidodidokaung@gmail.com ကို သာMail ပို့လိုက်ပါ.






Read more ...

Sunday, July 29, 2012

Chirp: အသံကတဆင့် File တွေ Transfer လုပ်နိုင်ဖို့

ဒီ Application လေးကို တော်တော်သဘောကျလို့ Share လိုက်တာပါ. Photo, Note, Link... စတာတွေကို အသံလေးနဲ့ပဲပို့ပေးတာပါ. တစ်ခုခုပို့ဖို့အတွက်တော့လက်ခံမဲ့ Device မှာလည်း ဒီ Application ရှိဖို့လိုပါ မယ်. Data တွေကို အရင်ဆုံး Upload ဖို့အတွက် Internet Connection တော့ရှိဖို့လိုမှာပါ. လက်ခံတဲ့သူဘက် ကလည်း Internet Connection ရှိရပါမယ်. Offline သုံးဖို့အတွက်ကတော့ ပို့မယ့် File ကိုအရင်ဆုံး Upload ရပါမယ်. လက်ခံတဲ့သူဘက်က Internet မရှိရင်ပို့ပေးတဲ့ File ကိုမမြင်နိုင်ပါဘူး. Internet ရှိတဲ့အခါကျမှ Loading ပြန်လုပ်မှာပါ. ဒီ Application ကိုဖွင့်ထားပြီး ဒီကထုတ်လွှင့်လိုက်တဲ့ အသံကိုကြားရတဲ့ Device တိုင်းကပို့လိုက်တဲ့ File ကိုရမှာပါ.
Chirp ဟာ Animal Systems' technology ရဲ့ Application တစ်ခုဖြစ်ပြီး ဒီနည်းပညာကိုသုံးပြီးအခြားအသုံးဝင် တဲ့နေရာတွေမှာလည်းသုံးသွားဖို့ကြိုးပန်းနေကြပါတယ်.

ဒီ Application ကို iTunes Store ကနေ အခမဲ့ Download နိုင်ပါတယ်.
အောက်မှာတွေ့ရတဲ့ Plus Sign ကိုနှိပ်ပြီး ကိုယ်ပို့ချင်တာကို Upload နိုင်ပါတယ်. အ၀ါရောင် Tab (chirp it!) ဆိုတာကိုနှိပ်ရင် ငှက်သံလိုလေးကြားရပါမယ်. အသံအဆုံး 2,3 စက္ကန့်လောက်မှာ  Chirp ကိုဖွင့်ထားတဲ့ တခြား Device မှာ Chirp received OK ဆိုတာတွေ့ရပြီး Internet ရှိရင်ပို့လိုက်တဲ့ File ကိုချက်ချင်းမြင်နိုင်ပြီး မရှိရင် Internet ချိတ်တဲ့ အခါမှာ Loading လုပ်ပါလိမ့်မယ်.



ဒီ Application ရဲ့လုပ်ဆောင်ပုံလေးကိုနည်းနည်းပြောပြချင်ပါတယ်.

တကယ်တမ်းတော့ ဒီ Application က အသံကနေတိုက်ရိုက် File တွေပို့လို့ရတာမဟုတ်ပါဘူး. ပို့ချင်တဲ့ File ကိုအရင်ဆုံး Cloud ဆီကို အရင်ဆုံး Upload ပါတယ်. ပြီးတဲ့အခါမှာ Code တွေကိုဖန်တီးပါတယ်. အဲ့ဒီ Code တွေကို အသံအဖြစ်ပြောင်းလဲပါတယ်. လက်ခံတဲ့ Device မှာကတော့ ပို့လိုက်တဲ့ အသံကို Decode ပြန်လုပ်ပါတယ်. ပြီးတော့ ခုန Upload ထားတဲ့ Cloud ဆီက File ကို ပြန်ပြီး Download ပါတယ်. ဒီနည်းနဲ့ Data တွေကို ပို့နိုင်လက်ခံနိုင်တာပဲဖြစ်ပါတယ်. အနားမှာ Device ဘယ်နခုရှိရှိ ဒီ App ကိုဖွင့်ပြီး ဒီ App ကထုတ်လွှင့်လိုက်တဲ့အသံကို ကြားတဲ့ Device တိုင်းက Data ကိုလက်ခံရရှိမှာဖြစ်ပါတယ်. အံ့သြစရာကောင်းတာက ဒီ Application ကအရမ်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာတောင် အလုပ်လုပ်နိုင် တာပဲဖြစ်ပါတယ်.
Read more ...