Tuesday, March 1, 2016

iDevice တေမှာ မျက်စိနောက်နေတဲ့ App icon တွေကို ဘယ်လိုဖျောက်မလဲ?


လွယ်ပါတယ်. တစ်ခုတော့ရှိတယ် ဖုန်းကို Reboot လုပ်ပီးရင်တော့ ပြန်ပေါ်လာမှာနော်. 

၁. ဖျောက်ချင်တဲ့ ICON ကို folder တစ်ခုထဲထည့်လိုက်ပါ. 
၂. Jiggling ဖြစ်အောင် icon နှိပ်ပီးဖိထားပါ. 
၃. ပီးရင် Folder ထဲကနောက်ဆုံး tab ထိခေါ်သွားလိုက်. ပီးရင်ပြန်လွှတ်. 
၎. နောက်တခေါက် ညာဘက်စွန်းထိခေါ်သွားပီး icon ကိုမလွှတ်ပဲကိုင်ထား. 
၅. Home key ကိုနှိပ်လိုက် 
  ပျောက်ပီ. 


မရှင်းရင် video လေးကြည့်လိုက်ပါ.

Read more ...

Thursday, October 4, 2012

iCallAnnounce: Phone လာရင် ဘယ်ကလာလဲအသိပေးတယ်. Message ကိုဖတ်ပြပေးတဲ့ Tweak လေးပါ

ဒီ Tweak လေးကအတော်ကောင်းတဲ့ အသုံးဝင်တဲ့ Tweak လေးလို့ပြောရင်ရပါတယ်. Message ပို့တဲ့အခါမှာ ပို့သူအမည်. Message က Eng လိုရိုက်ထားတာဆိုရင်လည်း သူကဖတ်ပြတယ်. Phone လာတယ် ဆိုရင်လည်း ဘယ်သူဆက်တယ်ဆိုတာ ပြောပြပေးတယ်. ပြီးတော့မှာ Ringtone လာတာ. Contact ထဲမှာမရှိတဲ့ Number ဆိုရင်လည်း ရွတ်ပြပေးတယ်. 

အစကတော့ သိပ်မကောင်းဘူးထင်ခဲ့မိတာ. သုံးကြည့်တော့လည်း မဆိုးပါဘူး. သူငယ်ချင်းတို့လည်း သုံးကြည့်ပါဦး. Android Phone တွေမှာတော့ ဒါမျိုးတွေ့ဘူးတာကြာပြီ. iPhone အတွက်ကတော့ သူငယ်ချင်းတစ်ယောက် ပြောပြလို့ခုမှသိတယ်. 

စမ်းသုံးကြည့်ကြပါဦး. 

Install လုပ်ဖို့အတွက်က repo.biteyourapple.net/ cydia.xsellize.com တစ်ခုခုကို Source မှာ Add ပြီးသွားရင် Search ထဲမှာရှာပြီး ထဲ့နိုင်ပါတယ်. ပြီးရင် Setting ထဲမှာ လိုအပ်သလို ချိန်ညှိနိုင်ပါတယ်.





Read more ...

Wednesday, October 3, 2012

Bridge: iDevice နဲ့ Down ထားတဲ့ သီချင်းတွေကို Music App ထဲ တခါတည်း ထည့်လို့ရအောင်

ဒီ Cydia App လေးက သီချင်းကြိုက်သူတွေ အတွက်အများကြီးအဆင်ပြေမှာပါ. လုပ်ဆောင်ချက်လေးတွေကတော့ ဒီလိုပါ. သီချင်းတွေကို ဒီ Application သုံးပြီးတော့ တိုက်ရိုက် Download လို့ရမယ်. ဒါမှမဟုတ် အခြား Downloader တစ်ခုခု သုံးပြီးဆွဲထားတဲ့ သီချင်းတွေကို Music App ထဲကို တခါတည်း Import လုပ်လို့ရမှာပါ. Video File တွေကိုလည်း Support လုပ်တယ်ပြောပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia မှာ repo.biteyourapple.net / cydia.xsellize.com စတဲ့ Repo တစ်ခုခုကို Add ပါ. ပြီးတော့ Search မှာ Bridge ကိုရှာပြီး Install လုပ်ရင်ရပါပြီ. သွင်းပြီးတဲ့ အခါ ပထမဆုံး Application ကိုဖွင့်လိုက်လို့ Crack Me ဆိုတာလေးတွေ့ရင်နှိပ်ပါ. Crack App ကိုသုံးထားတာဆိုတော့ Activate လုပ်ဖို့ ဒီနည်းကိုသုံးရမှာပါ.


တစ်ဆက်ထဲ သုံးပုံသုံးနည်းလေးကို ပြောပြပါဦးမယ်. ကျနော်ကတော့ သီချင်းကို iDevice ကနေ တိုက်ရိုက် Download ဖို့အတွက် Safari Download Manager ကိုသုံးပါတယ်. Download ပြီးသွားတဲ့ အခါ သီချင်းကိုနှိပ်လိုက်ရင် ဘယ်မှာဖွင့်မလဲဆိုပြီး မေးတဲ့ Option ပေါ်လာပါမယ်. အဲ့ခါကျရင် Open in Bridge ကိုရွေးပေးလိုက်ပါ. Bridge ထဲကို သီချင်းရောက်သွားပြီးဆိုရင် အပေါ်ထောင့်မှာရှိတဲ့ Import ဆိုတာလေးကို နှိပ်ရင်ရပါပြီ. ခဏတော့စောင့်ရပါမယ်.

မြန်မာသီးချင်းမဟုတ်တဲ့ အခြားသီချင်းတွေကို Download ချင်ရင် Mp3skull ဆိုတဲ့ Site ကို ညွှန်းချင်ပါတယ်. 







ဒီလိုမှမဟုတ်ဘဲ သီချင်းကို Download ဖို့အတွက် URL ကိုသိရင် Bridge ကိုဖွင့်ပြီး Download ထဲမှာ URL ကို Paste လုပ်ပြီး Down နိုင်ပါတယ်. နောက်တစ်ခုကတော့  File ထဲကနေ Import လုပ်တာပါ. ခုန Safari Download Manager ကိုသုံးလို့ဘဲဖြစ်ဖြစ် Bluetooth နဲ့ပို့ထားတဲ့ သီချင်းကိုဘဲဖြစ်ဖြစ် Bridge ထဲက File ထဲကို ဝင်ပြီးရှာပါ. ကြိုက်တဲ့ သီချင်းကို ရွေးပြီး Import လုပ်လို့ရပါပြီ. 


Read more ...

IWidget: Clock, Calender တွေကို Screen ပေါ်မှာ တိုက်ရိုက်တွေ့နိုင်အောင်လို့




iDevice တွေမှာ ဒီလို Widget လေးတွေမတင်ချင်ဘူးလား? သဘောကျလို့တင်ချင်တယ်ဆိုရင်တော့ ဒါလေးကိုသွင်းပြီး သုံးနိုင်ပါတယ်.

iWidgets လို့ခေါ်ပါတယ်. apt.modmyi.com ဆိုတဲ့ Repo ကနေရနိုင်ပါတယ်. Source ကိုထပ်သွင်းစရာတော့ မလိုပါဘူး. Modmyi က Jailbreak လုပ်ပြီး Cydia သွင်းလိုက် ကတည်းက ပါလာပြီးသားပါ. Search ထဲနေရှာပြီးသွင်းရင် ရပါပြီ. အခမဲ့ရနိုင်ပါတယ်.

အသုံးပြုပုံကတော့ iWidgets ကို Install လုပ်ပြီးတဲ့အခါ Device ရဲ့ Screen ပေါ်မှာ လွတ်နေတဲ့ နေရာတစ်ခုကို နှိပ်လိုက်ရင် iWidgets Setting လေးပေါ်လာပါမယ်. Clock, Calender ဆိုပြီး နှစ်ခုပေါ်လာပါမယ်. ကြိုက်ရာကို ရွေးပြီး Add လုပ်လိုက်ရင်ရပါပြီ. မကြိုက်လို့ ပြန်ဖျက်ချင်ရင်လည်း Application တွေဖျက်သလိုဘဲ ကြာကြာလေးနှိပ်ပြီး အမှားလေးကို နှိပ်ပြီး ဖျက်နိုင်ပါတယ်.
Read more ...

Saturday, September 29, 2012

Download: Updated iTools



ကျနော်သူငယ်ချင်းများ iTools ကိုသုံးရတာကြိုက်ကြမယ်ထင်ပါတယ်. iTunes မဟုတ်ဘဲ အခြား Application ကို သုံးမယ်ဆိုရင် တော့ iTools ကိုသုံးပါလို့ အကြံပြုချင်ပါတယ်. အခုနောက်ဆုံး Version ဖြစ်တဲ့ iTools မှာ အသွင်အပြင်လေး ပြောင်းလဲထားတာကို တွေ့ရပါတယ်. iTools ကိုသုံးပြီး Application တွေ Install လုပ်တဲ့အခါမှာ အခြားအလုပ်တွေကို လုပ်နိုင်ဖို့ Multitasking ကိုလည်းထပ်ထည့်ပေးထားပါတယ်. Tools ထဲမှာလည်း Make Ringtone ဆိုတဲ့ Feature လေးထပ်ထည့်ပေးထားတာကို တွေ့ရပါတယ်. 

iTools ကိုသုံးပြီး Photo, Video တွေကို Camera Roll ထဲကို ထည့်လို့ရမယ်. အခြား Album တွေ ဖန်တီးပြီးတော့လည်း Photo တွေကို Manually ထည့်လို့ရမယ်. Application ထည့်တဲ့ အခါမှာလည်း အခြား Library နဲ့ Sync လုပ်ခဲ့တဲ့ Device တွေကို ကိုယ့် Computer နဲ့ Application တွေထပ်ထည့်လို့ရမယ်. iTunes ကိုသုံးရင်တော့ အခြား Library နဲ့ Sync လုပ်ထားခဲ့တဲ့ Application တွေ ပျက်သွားမှာပါ. Contacts, Message, Notes တွေကို လည်း Backup, Restore လုပ်လို့ရနိုင်မယ်. Device မှာရှိတဲ့ File တွေကိုလည်း Explore လုပ်လို့ရမယ်.  iTunes မှာမလုပ်နိုင်တဲ့ အဲ့ဒီလို Features တွေပါတဲ့ iTools ဟာအလွန်ကောင်းမွန်တဲ့ Application လေးတစ်ခုပါ. အခြား iPhone Explore, iFunBox စတဲ့ Application တွေရှိပေမဲ့ iTools ကို ပဲသုံးစေချင်ပါတယ်.

iTools 0913 (Eng Version) ကို Download ချင်တယ်ဆိုရင် ဒီမှာပါ. (For Windows, For Mac)



Read more ...

Friday, September 28, 2012

Download: Bad Piggies

သူငယ်ချင်းတို့ရေ ဒီ Game လေးဆော့ပြီးသွားကြပြီလား? Angry Bird ကိုထုတ်ခဲ့တဲ့ Rovio Entertainment ကဘဲ ထုတ်လုပ်ထားတာပါ. ၀က်တွေကို အသေဆော်ရတဲ့ Angry Bird Game ကို ဝက်တွေဘက်က နေပြန်ဆော့ရမှာပါ. ဝက်တွေက သိတဲ့အတိုင်းပါဘဲ ဘယ်တော့မှ အောင်မြင်မှုမရှိခဲ့ပါဘူး. ငှက်တွေဆီက ဥတွေကိုယူဖို့ ကျနော်တို့ဆီက အကူအညီယူရပါမယ်. Flying, Crawling, Rolling, Spinning, Crushing Device တွေကို သုံးပြီးတော့ ငှက်ဥတွေဆီကို ရောက်အောင်သွားရပါမယ်. ဆော့လို့ကောင်းမယ့် Puzzle Game လေးဖြစ်မယ်လို့ထင်ပါတယ်. သူငယ်ချင်းတို့လဲ ဆော့ကြည့်ကြပါဦး.




 




Download link တွေကတော့ ဒီမှာပါ. 
For iPhone, iPod Touch: Link1, Link2
For iPad (HD): Link1, Link2

Link များအားလုံး အလုပ်လုပ်ပါတယ်. စမ်းဆွဲပြီးမှ Share ပေးတာပါ. တကယ်လို့ Link များအလုပ်မလုပ်တော့ရင် Comment ပေးထားခဲ့ပေးပါ.

Read more ...