Tuesday, August 7, 2012

Apple က iOS6 Beta 4 ကို ထပ်ထုတ်လိုက်ပါတယ်


 
 Apple က iOS6 beta 4 ကိုထပ်မံ Update လုပ်ပေးလိုက်ပါတယ်.Developer တွေအနေနဲ့ Device ကနေ တိုက်ရိုက် Update (Over the air) လုပ်နိုင်မှာဖြစ်ပြီး IPSW ကို Download ပြီးတော့လည်း Update လုပ်နိုင်ပါတယ်. iOS6 ဟာနောက်အသစ်ထွက်မဲ့ iPhone, iPod Touch မှာ ပါဝင်လာမှာ ဖြစ်ပြီး ကောလဟာလတွေထွက် နေတဲ့ iPad mini မှာလည်း iOS6 ကိုဘဲ အသုံးပြု သွားမယ်လို့ သိရပါတယ်.

Beta 4 မှာ ကြီးကြီးမားမားပြောင်းလဲမှုမျိုးတွေကိုတော့မတွေ့ရပါဘူး. ပုံမှန် Bug Fix လေးတွေဘဲရှိပါတယ်. Apple TV ရဲ့ Software ပိုင်းချို့ယွင်းချက်တွေကိုတော့ ပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ်.
ထူးထူးခြားခြားကတော့ Beta 4 မှာ အရင်တုန်းကပါနေကျ YouTube Application ပါမလာတာဘဲဖြစ်ပါတယ်. Google က Application Store ကနေ Download လို့ရနိုင်မဲ့ YouTube App မျိုးကို ရေးသားနေတယ်လို့ ပြောပါတယ်.  

iOS6 Beta4
iOS5.1.1
























iOS6 Beta 4 ကို လက်ရှိ Beta 3 ကို Jailbreak လုပ်နိုင်တဲ့ Redsn0w 0.9.13 dev 3 နဲ့ဘဲ Jailbreak လုပ်နိုင်တယ်လို့ iPhone Dev Team က MuscleNerd ကပြောပါတယ်. ဒီ Jailbreak က Tether ဖြစ်ပြီတော့ Cydia ကိုတောင်ထည့်သွင်းပေး မထားပါဘူး. Developer တွေအတွက်သာ ရည်ရွယ်ပြီး ထုတ်ထားခြင်း ဖြစ်ပါတယ်.

2 comments:

  1. ipad2 မှာစမ်းပြီးပြီလား ရရင်ပြောပါအုံး

    ReplyDelete
    Replies
    1. Developer တွေအတွက်ပဲ ရသေးတာလေ. Developer Account ရှိရင်တော့ရနိုင်တာပေါ့

      Delete