Showing posts with label How to. Show all posts
Showing posts with label How to. Show all posts

Tuesday, September 18, 2012

iOS6 ထွက်တော့မယ်. SHSH blob တွေ Save ထားကြပါ

မနက်ဖြန် iOS6 ထွက်တော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ထားလိုက်ဖို့သတိပေးချင် ပါတယ်. iDevice ကိုJailbreak မလုပ်ဘဲ ရိုးရိုးသုံးနေတဲ့ သူများကတော့ ဘာမှလုပ်စရာမလိုပါဘူး. Jailbreaker/ Unlocker တွေအတွက်ကိုဘဲ ပြောချင်တာပါ. Device တစ်ခုခုဖြစ်သွားလို့ Restore လုပ်ဖို့ Downgrade လုပ်ဖို့တို့ ကြုံဖူးမှာပါ. iOS6 ထွက်ပြီးတဲ့ အချိန်ကျရင် iOS5.1.1 ကို Sign လုပ်ပေးတာရပ်လိုက်တဲ့ အခါမှာ iOS5.1.1 ကို ပြန်ပြီး Restore လုပ်လို့မရနိုင်တော့ပါဘူး. iOS6 ကိုဘဲ Restore လုပ်လို့ရမှာပါ. ဒါဆိုရင် Jailbreak/ Unlock လုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်. iOS6 အတွက် Jailbreak ကဘယ်တော့မှ ထွက်မယ်မှန်းမသိသေးဘူးလေ. Unlocking Solution တွေလည်း အလုပ် လုပ်မလုပ်က မသေချာသေးဘူး. အဲဒီ အချိန်ကျရင် Restore/ Downgrade လုပ်ဖို့ကို SHSH Blob မရှိဘဲနဲ့ အဆင်ပြေပြေလုပ်လို့မရပါဘူး.

ဒီတော့ SHSH blob ကို Save လုပ်ထားဖို့အကြံပေးချင်ပါတယ်. ပုံမှန်တော့ Jailbreak လုပ်ထားတဲ့ Device တွေမှာ SHSH blob ကို Cydia က Save ထားပေးတတ်ပါတယ်. ဒါပေမဲ့ လက်ထဲမှာ ရှိထားတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်. ဒါကြောင့်မို့ SHSH ကို Save လုပ်နိုင်မဲ့ Tutorial ကို Share ပေးချင်ပါတယ်. SHSH ကို Save လုပ်ဖို့ TinyUmbrella ကိုသုံးပါမယ်. Redsn0w သုံးလည်းရပါတယ်. Redsn0w က အချို့ Device တွေကို SHSH Save လုပ်ဖို့ Support မဖြစ်တာကြောင့် TinyUmbrella ကိုပဲသုံးရအောင်. သူ့ကို သုံးမယ်ဆိုရင်တော့ စက်ထဲမှာ Java Installed ရှိပြီးမှသုံးလို့ရမှာပါ. Java Runtime Environment ကို ဒီမှာ Download ပါ. Install လုပ်ပြီးရင် TinyUmbrella (Download: For Windows, OS X) ကို ဖွင့်ပါ.


အသုံးပြုပုံလေးပါ (iPhone, iPad, iPod အားလုံးအတွက်ပါ)


  1. TinyUmbrella ကိုဖွင့်ပြီးရင်. Device ကို USB နဲ့ချိတ်ပါ.
  2. ဘယ်ဘက်မှာရှိတဲ့ Connected Devices အောက်မှာ Device ကို Select လုပ်ပါ. 
  3. Save SHSH ကို Click လုပ်ပြီးရင် ရပါပြီ. Cydia က SHSH ကို Save လုပ်ချင်ရင်တော့.  "Advanced" ကိုဝင်ပြီး Request SHSH from Cydia ကို အမှန်ခြစ်ပေးပါ.
  4. ပြီးရင် "General" ဆိုတဲ့ Tab အောက်မှာ Saved SHSHs for iDevice ကိုကြည့်ပါ. ကိုယ့် Device အတွက် SHSH တွေကိုတွေ့ရပါမယ်. ဘယ် Folder မှာ Save ထားလဲသိချင်ရင်တော့ "Advanced" မှာဝင်ကြည့်နိုင်ပါတယ်.
 ဒါဆိုရင်တော့ စိတ်ချရပါပြီ. အခုနေမှာ SHSH Save ရတာကို အလုပ်ရှုပ်တယ်မထင်ပါနဲ့. နောင်မှာ အသုံးဝင်ကောင်းဝင်မှာပါ. ဘာပဲဖြစ်ဖြစ်လုပ်ထားလိုက်တာ မမှားပါဘူး.
Read more ...

Sunday, September 2, 2012

iPhone ကို Official Sim မပါဘဲ Activate လုပ်နည်း

ဒီနေ့ iPhone3GS တစ်လုံး Firmware Upgrade လုပ်ဖို့ လက်ထဲရောက်လာတော့ အခက်အခဲလေး အနည်းငယ်ကြုံရပါတယ်. Factory Unlock ဆိုရင် ပြသနာမရှိပေမဲ့ Locked Phone ဆိုတော့ပြသနာ တက်တော့တာဘဲ. Lock Phone ဆိုတော့ Phone ကို Activate လုပ်ဖို့ သူ Original Carrier က Sim Card ကိုလိုတယ်လေ. အဲ့ဒီမှာ ပြသနာစပါပြီ. ကျနော့်မှာရှိတာက USA က AT&T Sim Phone ကဘယ် နိုင်ငံက မှန်းရှာမရဘူး. သူ့ရဲ့ Original Sim ကလည်းမရှိတော့ဘူး. ဒီတော့ Activate လုပ်ဖို့စဉ်းစားလိုက်တဲ့ အခါ Sn0wbreeze ကိုသတိရပါတယ်. ပုံမှန်အားဖြင့် Sn0wbreeze ကိုမသုံးပါဘူး. Redsn0w နဲ့ Absinthe ကိုဘဲကျနော် အသုံးများပါတယ်. နောက်ဆုံးကျနော်ပြောချင်တာက Locked iPhone တွေကို Restore/Upgrade လုပ်ပြီးတဲ့အခါ Activate လုပ်ဖို့ Sn0wbreeze ကိုသုံးလို့ရပါတယ်.

ဒါဆိုရင် လုပ်ပုံလုပ်နည်း Tutorial လေးကို ဒီမှာကြည့်နိုင်ပါတယ်. ကျနော်တို့က Locked Phone တစ်ခုကို Restore/Update လုပ်မယ်ဆိုရင် Custom IPSW ဖန်တီးရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ. ဒါမှ Baseband ကို Upgrade လုပ်ခြင်းမရှိမှာပါ. ဒါမှ Unlock ကိုအဆင်ပြေပြေ လုပ်လို့ရမှာပါ.

လိုအပ်တဲ့ Sn0wbreeze ကိုဒီမှာ Download ပါ. လိုအပ်တဲ့ Firmware (iOS5.1.1)  ကိုဒီမှာ Download နိုင်ပါတယ်.

Download ထားတဲ့ Sn0wbreeze ကို ဖွင့်ပါ. OK နှိပ်ပြီး အောက်ညာဖက် ထောင့်က မျှားအပြာလေးကို နှိပ်ပါ.



ပြီးရင် ကိုယ် Upgrade/Restore လုပ်မဲ့ IPSW ကိုရွေးချယ်ဖို့ Browse for an IPSW ကို နှိပ်ပါ.


iPhone3GS အတွက်ဆိုရင် Old-bootrom လား New-bootrom လားမေးပါလိမ့်မယ်. သိရင်တော့ ရွေးပေးလိုက်ပါ. မသိရင် မသေချာရင် Detect it for me ဆိုတာကို နှိပ်ပါ. Old-bootrom နဲ့ New-bootrom ခွဲခြားနည်းကိုပြောချင်ပါတယ်. iTunes ဖြစ်ဖြစ် iTools ဖြစ်ဖြစ် တစ်ခုခုကို သုံးပြီး Phone ရဲ့ Serial ကိုရှာပါ. Phone ထဲမှာဆိုရင်လည်း Setting>General>About ထဲမှာ ရှာတွေ့နိုင်ပါတယ်. တွေ့ပြီဆိုရင် Serial ရဲ့ လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုကြည့်ပါ. အဲ့ဒီနှစ်လုံးက Week Number ပါ. Week No. 40 ကျော်ရင် သေချာပါတယ်. New-bootrom ပါ. Week 38 အောက်ဆိုရင်တော့ Old-bootrom ပါ. 38 နဲ့ 40 ကြားထဲဆိုရင်တော့ သိပ်မသေချာပါဘူး. မသေချာရင် Detect it for me ဆိုတာသာ နှိပ်လိုက်ပါ. အဲဒါဆိုရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. 
iPhone4/4S တွေကတော့ ဒီအဆင့်မလိုပါဘူး.




ပြီးရင်ဒါပေါ်လာပါပြီ. IPSW Verified! ဆိုတာ. မျှားအပြာလေးကိုထပ်နှိပ်ပါ.



ဒီ Window ပေါ်လာပြီဆိုရင် Simple Mode ကိုရွေးပါ.




ဒီအဆင့်မှာ Activate လုပ်မလုပ်ကိုမေးပါပြီ. Yes ကိုနှိပ်ပေးလိုက်ပါ.




ဒါဆိုရင် Sn0wbreeze က Custom IPSW ကိုစပြီး Create လုပ်နေပါပြီ. ပြီးရင် Done ဆိုတာပေါ်လာလို့ OK ကိုနှိပ်ရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. DFU Mode ထဲဝင်အပြီးမှာ PWNED DFU ဆိုတဲ့ Message ပေါ်လာပြီးရင် iTunes ကိုဖွင့်ပြီး Shift + Restore ကိုတွဲနှိပ်ပြီး IPSW ကိုရွေးပါ. Computer ရဲ့ Desktop ပေါ်မှာ Sn0wbreeze နဲ့စတဲ့ IPSW ကိုရွေးရမှာပါ. ဒီ IPSW ကိုရွေးခြင်းအားဖြင့် Baseband Upgrade ဖြစ်ခြင်းမှကာကွယ် နိုင်သလို Activate လုပ်စရာလည်း လိုမှာမဟုတ်ပါဘူး.

iTunes နဲ့ Restore လုပ်ပြီးသွားပြီ ဆိုရင်တော့ Activate လုပ်စရာမလိုတဲ့ Jailbreak လုပ်ပြီးသား iPhone ကိုရပါပြီ. ဒါဆိုရင်တော့ သက်ဆိုင်ရာ Tool ကိုသုံးပြီးတော့ Unlock လုပ်လို့ရပါပြီ. ဘယ် Phone ကို ဘယ်လို Unlock လုပ်ရမယ်ဆိုတဲ့ Unlock Guide ကိုနောက်မှ တင်ပြပေးသွားပါမယ်.

Read more ...

Saturday, August 4, 2012

Asphalt7 မှာ Money, Stars တွေကိုအခမဲ့ရယူနည်း


Asphalt7 ကိုဆော့ကြတဲ့သူများရှိသလားမသိဘူး. တော်တော်နာမည်ကြီးတဲ့ Car Racing Game ပါ. Graphic ကလည်းတော်တော်ကောင်းအောင်လုပ်ထားတော့ဆော့ရတာတော်တော်အရသာရှိပါတယ်. ခက်ခက်ခဲခဲ လည်းဆော့ရပါတယ်. ဒီ Game ကို Download ဖို့တော့ Link မပေးတော့ပါဘူး. 1GB ကျော်ကျော်လောက် ရှိတာမို့ဆော့ချင်တဲ့သူများ ဆိုင်မှာသာသွားဝယ်ပြီးဆော့ကြဖို့ အကြံပေးပါရစေ.

Game ဆိုတာစိတ်ကိုအပန်းဖြေရအောင်ဆော့ရတာပါ. အရမ်းကြီးခက်ခဲနေပြီး ကြိုးစားပန်းစားဆော့ရတာ မျိုးကတခါတလေစိတ်ပင်ပန်းပါတယ်. ဒါကြောင့်မို့လို့လွယ်လွယ်ကူကူလေးဆော့လို့ရအောင် Money, Star တွေအလကားရအောင် လုပ်တဲ့နည်းကိုတင်ပြပေးလိုက်ပါတယ်. ဒီ Game မှာက Car ကောင်းတွေဝယ် လို့ရအောင် Star, Money တွေလိုတယ်လေ. iTunes Store က၀ယ်တယ်ဆိုရင်လည်း ပိုက်ဆံတွေ တော်တော် ပေးရမှာ. Game တော်တော်များများကို iAPCracker နဲ့ Crack လို့ရပေမဲ့ ဒီ Game ကတော့ မရပါဘူး.

နည်းလေးကတော့ဒီမှာပါ. (Jailbreak တော့လုပ်ထားဖို့လိုမယ်နော်)
အရင်ဆုံး Asphalt7 ကိုပိတ်ပါ. Multitasking ထဲမှာရှိနေသေးရင်လည်း ပိတ်ပစ်လိုက်ပါ.
Computer နဲ့ iPad ကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ.

Step1: လိုအပ်တာတွေကို အရင် Download ပါ. (iTools, Asphalt7 Hack)
Step2: Asphalt7 Hack က RAR File ဆိုတော့အဲ့ဒီ File ကိုအရင် Extract လုပ်ပါ. Document ဆိုတဲ့ File ထွက်လာပါလိမ့်မယ်.
Step3: iTools ကို ဖွင့်ပြီး FileSystem(Jailbreaked) ကနေ var/mobile/Applications ကိုဝင်ပါ. အဲ့ဒီမှာ Application နာမည်တွေမပေါ်ရင် Asphalt7 ပါတဲ့ Folder ကိုရအောင်ရှာပါ. တွေ့ရင် ခုန Extract လုပ်ထားတဲ့ Document ကို အဲ့ဒီထဲမှာ ထဲ့ပါ. Replace လုပ်မလားမေးရင် Yes ကိုနှိပ်ပါ.

ဒါဆိုရင်ရပါပြီ Game ကိုဖွင့်လိုက်တဲ့အခါ ဒီအတိုင်းတွေ့ရမှာပါ.





Read more ...

Sunday, July 29, 2012

Airblue: ဘယ် Device နဲ့မဆို Bluetooth File Sharing လုပ်လို့ရအောင်ပါ (Update)

iPhone, iPod, iPad တွေမှာ Bluetooth File Sharing မရတဲ့ပြသနာဟာတော်တော် ဆိုးပါတယ်. သူငယ်ချင်း တွေနဲ့တခါတလေ File Sharing လုပ်ချင်တဲ့အခါအတော်လေး ဒုက္ခရောက်ပါတယ်. ဒါကြောင့်မို့ ဒီ Cydia Application ကိုမိတ်ဆက်ပေးခဲ့တာပါ.
ဒီ Cydia Application ကို June လောက်ထဲက Share ပေးခဲ့တာ. ဒီ App ကိုအဆင်ပြေပြေသုံးလို့ရတဲ့သူတွေ လည်းရှိသလိုမပြေတဲ့သူတွေလည်းရှိပါတယ်. ပြသနာကတော့ Bluetooth နဲ့ File အလွှဲပြောင်းလုပ်ရာမှာ ပို့လို့ပဲရပြီး လက်ခံလို့မရတာပါ. ဒီပြသနာကိုဖြေရှင်းဖို့အတွက် ဒီ Update ကိုထပ်တင်ရခြင်းဖြစ်ပါတယ်.

အရင်ဆုံး Download ရန်များ...
  1. iTools
  2. AirBlue Stack (com.ericday.blued_1.3.12_iphoneos-arm.deb)
Step1: အရင်ဆုံး http://repo.biteyourapp.net/ ကို Source မှာ Add ပါ. ( For New User: How to add Cydia Source?)
Step2: AirBlue Sharing Cracked ကိုရှာပြီး Install လုပ်ပါ.
Step3: ခုန Download ထားတဲ့ Airblue Stack ကို Copy လုပ်ပါ. iTools ကိုဖွင့်ပြီး အောက်မှာပြထားတဲ့ Directory ကိုရောက်အောင်သွားပါ. ပြီးရင် Paste လုပ်ပါ. ပြီးရင် Device ကို Power Off ပြီးပြန်ဖွင့်ပါ.         
          /private/var/root/Media/Cydia/AutoInstall/

AirBlue Sharing ရှိပြီးသားသူတွေကတော့ Step3 ကိုပဲလုပ်စရာလိုမှာပါ.
iPhone4, iPad2 မှာစမ်းကြည့်ပြီးမှ Share လိုက်ခြင်းဖြစ်ပါတယ်. Bluetooth ကိုသုံးပြီး File ပို့ခြင်းလက်ခံခြင်း များကို အဆင်ပြေပြေလုပ်နိုင်ပါတယ်.

Application ရဲ့အမည်ကို Airblue Sharing Cracked ဆိုပြီးတွေ့နိုင်ပါတယ်.
 
ဒီ Application ကို Install ပြီးရင် သုံးရအဆင်မပြေဖြစ်မှာစိုးလို့ဘယ်လိုသုံးရတယ်ဆိုတာ Share ချင်ပါတယ်.
သူ့ကိုသုံးချင်ရင် Status Bar ကို Double Tap ခပ်မြန်မြန်လေး နှစ်ချက်နှိပ်ပါ. (မှတ်ချက်: Double Tap ဆိုတာက Default ဖြစ်လို့ပြင်ချင်တယ်ဆိုရင် Setting ထဲမှာ AirBlue Sharing>Activation method မှာဝင်ပြောင်းနိုင် ပါတယ်.

အဲဒီအခါမှာ Airblue Sharing ဆိုတာလေးပေါ်လာပါပြီ.

ကိုယ်ကအခြား Device ကို Photo တွေ Send ချင်တယ်ဆိုရင် Photo Application ထဲဝင်ပြီး Option မှာ Bluetooth ကိုနှိပ်ပါ. Pair လုပ်ဖို့အတွက် Code တောင်းရင် တော့ Code ထည့်ပေးလိုက်ပါ.

File sent ဆိုတာလေးပေါ်လာရင်ရပါပြီ.


အခြား Device တစ်ခုခုကနေပြီး Bluetooth Share ချင်ရင်လည်းဒီတိုင်းပါပဲ. Status Bar ကို Double Tap ခပ်မြန်မြန်လေး နှစ်ချက်နှိပ်ပါ. ပို့ချင်တဲ့ Device ဆီကနေ ကိုယ့်ရဲ့ iDevice ကိုရှာပါ. Send ကိုနှိပ်ပြီးရင် Pair လုပ်ဖို့အတွက် Code တောင်းရင် တော့ Code ထည့်ပေးလိုက်ပါ. Accept လုပ်မလုပ်မေးတဲ့အခါ Accept ကို နှိပ်လိုက်ရင်ရပါ ပြီ. Receive လုပ်ထားတဲ့ File က Photo ဆိုရင် Camera Roll မှာ ရှာတွေ့နိုင်ပါတယ်.

အခြား File တွေပို့ချင် လက်ခံချင်တယ်ဆိုရင်တော့ iFile ကိုအသုံးပြုနိုင်ပါတယ်.



Read more ...

Wednesday, May 30, 2012

SAM Activation Ticket ကို Restore လုပ်ပြီးတဲ့အခါ iTunes ပြသနာကိုဘယ်လိုရှင်းမလဲ

SAM Activation Ticket ကို Restore လုပ်ပြီးရင် "Invalid response from device...." ဆိုတဲ့ iTunes Error တက်မှာကတော့ 99% ပါပဲ.
အဲဒီ Error ကိုဖျောက်ဖို့ကတော့ တော်တော်လွယ်ပါတယ်.
Window Explorer ကိုဖွင့်ပါ. C:/ProgramData/Apple/  ထဲက Lockdown ဆိုတဲ့ Folder ကိုဖျက်ပါ.


ပြီးရင် Computer ကို Restart လုပ်ပါ. iTunes ကိုပြန်ဖွင့်ရင်ဘာ Error မှတွေ့ရတော့မှာမဟုတ်ပါဘူး.
Read more ...

iPhone4 ကို iOS5.1.1 သို့ Baseband ကို Preserve လုပ်ပြီး Upgrade လုပ်နည်း (For Unlocker)

iPhone4 ကို Gevey Sim, Sam Unlock, Ultrasn0w သုံးပြီး Unlock လုပ်နေသူများအတွက်ရည်ရွယ်ပါတယ်. အဲဒီလို iPhone ပိုင်ရှင်တွေ Upgrade လုပ်လို့ရစေချင်လို့ပါ. iPhone4 iOS5.1.1(9B2.8) ကို Custom Firmware အတွက် Redsn0w က Support မဖြစ်သေးပါဘူး.ဒါကြောင့် Sn0wbreeze နဲ့လုပ်နည်းပြပေးပါမယ်.
SAM Method နဲ့ Unlock လုပ်ထားသူများ Backup လုပ်ရန်မမေ့ပါနှင့်
(Backup လုပ်နည်း) 
iOS5.1.1(9B208) ကိုဒီမှာ Download ပါ.
Sn0wbreeze 2.9.5 ကိုတော့ဒီမှာ Download နိုင်ပါတယ်.


Sn0wbreeze 2.9.5 ကို ဖွင့်ပါ.

Browse for an IPSW ကိုနှိပ်ပါ.

IPSW ကို Locate လုပ်ပါ. IPSW Verified ဆိုတာကိုတွေပါလိမ့်မယ်. 

ဒါဆိုရင် Continue ကိုနှိပ်ပါ. နောက် Window တစ်ခုပေါ်လာရင် Baseband Preservation Mode ကိုရွေးပါ.



ရွေးပြီးရင်သူက PacMan ဆော့မလားမေးပါလိမ့်မယ်. ဆော့ပြီးတော့စောင့်လို့ရသလို No Thanks ကိုရွေးလိုက်ရင်လည်းရပါတယ်. ရွေးပြီးရင်တော့ Sn0wbreeze က IPSW အသစ်ဖန်တီးပေးပါလိမ့်မယ်.

တော်တော်လေးစောင့်လို့အပြီးမှာ Done ဆိုတဲ့ Window ပေါ်လာရင် OK ကိုနှိပ်ပါ.



နှိပ်ပြီးသွားလို့ သူ့ရဲ့ Instruction အတိုင်းလိုက်လုပ်ရင် DFU Mode ထဲဝင်သွားပါမယ်. ဒါဆို Sn0wbreeze က iDevice ကို Restorable State ကိုရောက်အောင်လုပ်ပေးပါလိမ့်မယ်.

ဒါဆိုရင်တော့ iTunes ကိုဖွင့်ပြီး Shift+Restore ကိုနှိပ်ပါ. Sn0wbreeze က Cook လုပ်ထားတဲ့ Firmware အသစ်ကို Desktop ပေါ်မှာရှာတွေ့နိုင်ပါတယ်. sn0wbreeze_iPhone_4-GSM-5.1.1-9B208 - ဒီလို Name နဲ့ File ပါ.
Download ထားတဲ့ Original Firmware ကို Select မလုပ်မိစေရန်သတိပြုပါ. Original Firmware ကိုအသုံးပြုမိပါက Baseband ပါလိုက်မြင့်သွားပြီး Unlock ရမှာမဟုတ်တော့ပါဘူး.


iTunes နဲ့ Restore လုပ်နေတဲ့အခါဒီလိုပုံလေးမြင်တွေ့နိုင်ပါတယ်.



Firmware Version သာပြောင်းလဲပြီး Modem Firmware(Baseband) မပြောင်းလဲတာကိုတွေ့ရပါမယ်. Baseband: 04.10.01 က iOS4.3.3 က Baseband ပါ.
အားလုံးပြီးပြီဆိုရင်တော့ Jailbreak ကို Absinthe နဲ့ပဲဖြစ်ဖြစ် Sn0wbreeze နဲ့ပဲဖြစ်ဖြစ် Jailbreak လုပ်လို့ရပါတယ်.
Absinthe နဲ့ Jailbreak လုပ်နည်း

Read more ...

Sam Method နဲ့ Unlock လုပ်ထားတဲ့ Device မှာ Activation Ticket ကို Backup လုပ်နည်း

April လောက်တုန်းက Sam Method သုံးပြီး Unlock လုပ်ထားတဲ့သူများ Firmware Update လုပ်ပြီးရင် နောက်တကြိမ် Unlock လုပ်နိုင်ဖို့အတွက် Activation Ticket ကို Backup လုပ်ထားဖို့လိုပါလိမ့်မယ်.
Backup လုပ်နည်းကတော့ အများကြီးရှိပါတယ်. Manual Backup, By Redsn0w, By Cookie
Redsn0w နဲ့ Backup လုပ်နည်းကတော့လွယ်ပါတယ်.
Redsn0w ကို Download ပါ.
Download ထားတဲ့ zip file ကို Extract လုပ်ပါ.
Redsn0w ကို ဖွင့်ပါ. Extras>Even more>Backup ကိုနှိပ်လိုက်ရင်ရပါပြီ.
လုပ်ပြီးသွားရင် Redsn0w ကို Extract လုပ်ထားတဲ့ Folder ထဲမှာ Lockdown ဆိုတဲ့ zip file
ကိုတွေ့နိုင်ပါတယ်.

Cydia မှ Cookie ကိုအသုံးပြုနည်း.
Cydia ကိုဖွင့်ပါ. Search ထဲတွင် Cookie ကိုရှာပါ.

Install လုပ်ပြီးရင်. SpringBoard မှာရှာတွေနိုင်ပါတယ်.

Cookie ကိုဖွင့်ပြီး UDID နဲ့ IMSI number တွေမှန်မမှန်စစ်ပါ. ပြီးရင် Backup Activation ကိုနှိပ်ပါ.

Cheers ဆိုတာလေးပေါ်လာရင်ရပါပြီ.ဒါဆိုရင်တော့ Backup Process ပြီးပါပြီ. 

Firmware ကို Update လုပ်ပြီးရင် Activation Ticket ကိုဘယ်လို Restore လုပ်ရမလဲဆိုတာဆက်လက် တင်ပြ ပေးသွားပါမယ်.


Read more ...

Thursday, May 24, 2012

iOS5.1.1, SHSH blobs တွေ Save ကြပါ

iOS5.1.1 ကိုမြှင့်ပြီးကြတဲ့သူများ SHSH blobs တွေကို Save ကြဖို့သတိပေးပါရစေ.
SHSH blob ကို Save ဖို့ Redsn0w. ဒါမှမဟုတ် TinyUmbrell  ကိုသုံးဖို့လိုပါမယ်.
TinyUmbrella နဲ့ SHSH blob ကို Save နည်းကတော့ဒီမှာပါ.


အသုံးပြုပုံလေးပါ (iPhone, iPad, iPod အားလုံးအတွက်ပါ)

  1. TinyUmbrella-5.11.00b ကိုဒီက Download ပါ (For Window) TinyUmbrella ကိုသုံးမယ်ဆိုရင် Java (JRE) လိုပါလိမ့်မယ်. JAVA ကိုဒီမှာ Download ပါ.
  2. TinyUmbrella ကိုဖွင့်ပြီးရင်.
  3. iDevice ကို USB နဲ့ချိတ်ပါ.
  4. ဘယ်ဘက်မှာရှိတဲ့ Connected Devices အောက်မှာ Device ကို Select လုပ်ပါ. 
  5. Save SHSH ကို Click လုပ်ပြီးရင် ရပါပြီ. Cydia က SHSH ကို Save လုပ်ချင်ရင်တော့.  "Advanced" ကိုဝင်ပြီး Request SHSH from Cydia ကို အမှန်ခြစ်ပေးပါ.
  6. ပြီးရင် "General" ဆိုတဲ့ Tab အောက်မှာ Saved SHSHs for iDevice ကိုကြည့်ပါ. ကိုယ့် iDevice အတွက် SHSH တွေကိုတွေ့ရပါမယ်. ဘယ် Folder မှာ Save ထားလဲသိချင်ရင်တော့ "Advanced" မှာဝင်ကြည့်နိုင်ပါတယ်
Read more ...

iOS5.1.1 Untethered Jailbreak ထွက်တော့မယ်ဆိုတော့ အဆင်သင့်ဖြစ်အောင်ဘယ်လိုပြင်ဆင်ထားမလဲ.

iOS5.1.1 Untethered Jailbreak ကိုအားလုံးမျှော်လင့်နေကြမယ်ထင်ပါတယ်. Firmware Upgrade လုပ်ချင်ကြတဲ့ သူများရှိသလို iOS5.1.1 မှာ Jailbreak မလုပ်နိုင်ဘဲပိတ်မိနေသူတွေလဲရှိမှာပါ. အခုထွက်မဲ့ Untethered Jailbreak က iOS5.1.1 ကိုအတွက်ပဲလို့သိရတဲ့အတွက် Jailbreak လုပ်ချင်တယ်ဆိုရင်တော့ 5.1.1 ကို မြှင့်ဖို့လိုပါ လိမ့်မယ်.
1. Restore Process ကိုဘာမှအထေ့အငေါ့မရှိစေဖို့ iTunes (Download) နောက်ဆုံး Version ကို Install    လုပ်ထားသင့်ပါတယ်.
2. Firmware Version မြှင့်ဖို့လိုမယ်ဆိုရင်တော့ IPSW ကို ဒီမှာ Download နိုင်ပါတယ်.
3. ကိုယ့်ထဲမှာရှိထားတဲ့ Data တွေမပျက်စေချင်ဘူးဆိုရင်တော့ Backup လုပ်ထားသင့်ပါတယ်. Contacts No, Messages တွေကို သပ်သပ် Backup လုပ်ထားချင်ရင်တော့ iTools ကိုသုံ;လို့ရပါတယ်. (လုပ်နည်းကဒီမှာပါ)
Get Ready with your iDevices for Untethered Jailbreak on iOS5.1.1!!!
ရထားတဲ့သတင်းတွေအရဆိုရင်တော့ Jailbreak ကမနက်ဖြန်ထွက်မှာပါ. ဒါပေမဲ့ Public အတွက်ထုတ်ပေး မပေး တော့မသေချာသေးပါဘူး.
ထွက်ပြီဆိုတာနဲ့ ဘယ်လိုသုံးရမလဲဆိုတာကို တင်ပေးပါမယ်.






Read more ...

Sunday, May 20, 2012

Contacts, Message တွေကို Backup & Restore နိုင်မဲ့နည်းတွေပါ

iDevice တွေမှာ Contact, Note, Message တွေကိုဘယ်လို Backup & Recover လုပ်မလဲ?
Contact, Message နဲ့ Notes တွေကိုမပျောက်ပျက်အောင် လူတိုင်း Backup လုပ်ထားချင်မှာပါ. Firmware အသစ်တင်တဲ့အခါ. ကိုယ့်ဟာကို ဆိုရင်တော့ iTunes ကနေ Backup လုပ်ထားတဲ့ ဟာတွေကို Recover လုပ်ရင်အကုန်ပြန်ရမှာပါ. ဆိုင်မှာသွားလုပ်မယ်ဆိုရင်တော့အဆင်ပြေမယ်မထင်ပါဘူး. ကိုယ့် Contact, Message လေးတွေ Backup လုပ်ထားတာအကောင်းဆုံးပါ. တခြားနည်းတွေလည်းရှိကောင်းရှိမှာပါ.
ဒီမှာကတော့ နှစ်နည်းကိုပြောပြချင်ပါတယ်.
ဒီနည်းကတော့
iTools ကိုအသုံးပြုပြီး Backup & Restore လုပ်နည်းပါ.
iTools ကို Download ပြီး ဖွင့်ပါ.

Information ကိုနှိပ်ပါ.

iCloud မှာ Contacts ကို On ထားရင် Off အရင်လုပ်ပါ. ပြီးရင် iTools ကို ပိတ်ပြီးပြန်ဖွင့်ပါ.
 iCloud မသုံးဘူးဆိုရင်တော့ ဒီအဆင့်မလိုပါဘူး.

Contacts ကို Backup လုပ်ချင်ရင် Backup ကိုနှိပ်ပါ.

Recover လုပ်မယ်ဆိုရင်တော့ Open backup ကိုနှိပ်ပြီး နောက်ဆုံး Backup file ကိုဖွင့်ပါ.

လိုချင်တဲ့ Backup file ကိုရပြီးဆိုရင် Recover ကိုနှိပ်ပါ. Yes ပေးပြီးရင်ရပါပြီ.

Message နဲ့ Notes တွေကိုလည်းဒီနည်းအတိုင်း Back & Restore လုပ်နိုင်ပါတယ်.

နောက်တစ်နည်းကတော့ iCloud မှာ Store လုပ်တဲ့နည်းပါ. ဒီနည်းကတော့ Message ကို Backup လုပ်လို့မရပါဘူး. Contacts နဲ့ Notes တွေအတွက်တော့အဆင်ပြေပါတယ်.
Apple ID တော့လိုပါလိမ့်မယ်. (How to get free Apple ID)
iDevice မှာ Setting ထဲကနေ iCloud ကို Sign In လုပ်ပါ. ဒါဆိုရင်ရပါပြီ. ကိုယ့် Device နဲ့ Internet သုံးနေတဲ့အခါ. iCloud က Contact, Messages, etc.. တွေကို Server နဲ့ Sync လုပ်ပါလိမ့်မယ်.
Read more ...

Free Apple ID လုပ်ကြမယ်


iTunes ကနေ Free Application တွေကို Download မယ်ဆို Apple ID တစ်ခုတော့လိုမှာပါ.
ID ကိုဒီတိုင်းဖွင့်မယ်ဆိုရင်တော့ Credit Card Information တွေကိုတောင်းပါလိမ့်မယ်. ဒါတွေရှိမှာ မဟုတ်တဲ့အတွက် ဒီနည်းလေးကိုသုံးပြီး Apple ID ကိုရယူနိုင်ပါတယ်.


iTune ကိုဖွင့်ပြီး iTune Store ကိုဝင်ပါ.

 Free App တစ်ခုကို Download ပါ.


Account ကို တောင်းရင် Create Apple ID ကိုနှိပ်ပါ.

 Continue ကိုနှိပ်ပါ.


"I have read and agree...." မှာ အမှန်ခြစ်ပါ. ပြီးရင် Agree ကိုနှိပ်.


 Email Address, Rescue Email တွေကိုမှန်ကန်စွာဖြည့်ပါ.


 Payment Method မှာ None ကိုရွေးပါ.

Billing Address ကို အမှန်ဖြည့်ရမှာပါ. ကံမကောင်းစွာနဲ့ Myanmar က List ထဲပါမလာပါဘူး.
Address ရှာရခက်နေရင်အောက်ပါ အတိုင်းဖြည့်ပါ.

 Done ကိုနှိပ်ပြီးရင် Email ကိုဖွင့်ပြီး Verify လုပ်ပါ. ဒါဆိုရင်အားလုံးပြီးပါပြီ. 
လွယ်လွယ်ကူကူဘဲ Apple ID တစ်ခုရပါပြီ.


Read more ...

Wednesday, May 16, 2012

Baseband ကို Update မလုပ်ဘဲ Firmware Upgrade လုပ်နည်း (For Unlocker)

Redsn0w 0.9.11b4 ထွက်ပါပြီ. 0.9.11.b3 ထွက်တာသတိမပြုမိသေးခင်မှာဘဲ 0.9.11b4 ထပ်ထွက်လာတာပါ.
Version အသစ်ထွက်လာပေမဲ့လည်း Jailbreak ကတော့ Tethered ပဲရသေးပါတယ်. b3 မှာ လူတော်တော်များများကြုံတွေ့နေရတဲ့ "Restore Failed" ဆိုတဲ့ Error ကို Fix လုပ်ထားပါတယ်. b4 မှာတော့ A4 device တွေအတွက် “Stitching” နဲ့ “Custom Firmware", creation of NO_BB IPSWs. CustomIPSW ကတော့ Unlocker တွေအားကိုးနေရတဲ့ Feature လေးပါ. Custom IPSW ကရှိနေဆဲ Baseband ကို Preserve လုပ်ပေးပါလိမ့်မယ်. Gevey Sim နဲ့ Ultrasn0w အသုံးပြုသူတွေ Firmware Upgrade လုပ်ချင်ရင်ဒီ Feature လေးကကူညီပါလိမ့်မယ်.
Redsn0w အသုံးပြုပြီး CustomFirmware ပြုလုပ်နည်းကိုပြပေးပါမယ်.
ီDownload Redsn0w 0.9.11.b4 (For Windows, OS X)

Download ထားတဲ့ Redsnow ကိုဖွင့်ပါ. Extras>Custom IPSW



ကိုယ် Upgrade လုပ်မဲ့ IPSW ကို Locate လုပ်ပါ. 3Gs ဆိုရင် Old or New Bootrom ကိုမေးပါလိမ့်မယ်.

 Redsn0w က IPSW တစ်ခုဖန်တီးပေးပါလိမ့်မယ်.


 အဲ့ဒီ IPSW ကိုအရင် IPSW နားမှာရှာတွေ့နိုင်ပါတယ်. Name က NO_BB နဲ့စပါတယ်.

iPhone ကို DFU mode ထဲရောက်အောင်လုပ်ဖို့လိုပါလိမ့်မယ်. Main Menu ကိုပြန်သွားပြီး 
Extras > Pwned DFU ကိုနှိပ်ပြီး Instruction အတိုင်လုပ်ပါ.
DFU mode ထဲရောက်ပြီဆိုရင်တော့ iTune ကိုဖွင့်ပြီး Restore လုပ်နိုင်ပါပြီ.
iTune ကိုဖွင့်ပါ. iDevice ကိုရွေးပါ. Shift+Restore ကိုနှိပ်ပြီး Restore လုပ်ပါ. Original Firmware ကိုမရွေးမိစေရန်သတိပြုပါ. NO_BB နှင့်စတဲ့ Firmware ကိုရွေးပါ.

Read more ...

Sunday, May 6, 2012

SHSH blobs ကို Save ချင်သူများအတွက်

How to save shsh blobs using TinyUmbrella.
အသုံးပြုပုံလေးပါ (iPhone, iPad, iPod အားလုံးအတွက်ပါ)
  1. TinyUmbrella ကိုဒီက Download ပါ (For Window) TinyUmbrella ကိုသုံးမယ်ဆိုရင် Java (JRE) လိုပါလိမ့်မယ်. JAVA ကိုဒီမှာ Download ပါ.
  2. TinyUmbrella ကိုဖွင့်ပြီးရင်.
  3. iDevice ကို USB နဲ့ချိတ်ပါ.
  4. ဘယ်ဘက်မှာရှိတဲ့ Connected Devices အောက်မှာ Device ကို Select လုပ်ပါ. 
  5. Save SHSH ကို Click လုပ်ပြီးရင် ရပါပြီ. Cydia က SHSH ကို Save လုပ်ချင်ရင်တော့.  "Advanced" ကိုဝင်ပြီး Request SHSH from Cydia ကို အမှန်ခြစ်ပေးပါ.
  6. ပြီးရင် "General" ဆိုတဲ့ Tab အောက်မှာ Saved SHSHs for iDevice ကိုကြည့်ပါ. ကိုယ့် iDevice အတွက် SHSH တွေကိုတွေ့ရပါမယ်. ဘယ်မှာ Save ထားလဲသိချင်ရင်တော့ "Advanced" မှာဝင်ကြည့်နိုင်ပါတယ်

အခုလောလောဆယ် iPhone4S,iPad2,New iPad တွေ ios5.1 မှာ Run နေရင် တော့Downgrade မရသေးပါဘူး
ရတဲ့အခါထပ်ပြီး တင်ပေးပါမယ်.
Apple က နောက် IOS အသစ်လာလို့မတော်တဆ Upgrade လုပ်မိသူတွေ Jailbreak ပြန်ရဖို့အတွက် အတွက်အသုံးဝင်မှာပါ.

အခက်အခဲများရှိရင်လဲမေးနိုင်ပါတယ်










Read more ...