Showing posts with label Cydia app. Show all posts
Showing posts with label Cydia app. Show all posts

Thursday, October 4, 2012

iCallAnnounce: Phone လာရင် ဘယ်ကလာလဲအသိပေးတယ်. Message ကိုဖတ်ပြပေးတဲ့ Tweak လေးပါ

ဒီ Tweak လေးကအတော်ကောင်းတဲ့ အသုံးဝင်တဲ့ Tweak လေးလို့ပြောရင်ရပါတယ်. Message ပို့တဲ့အခါမှာ ပို့သူအမည်. Message က Eng လိုရိုက်ထားတာဆိုရင်လည်း သူကဖတ်ပြတယ်. Phone လာတယ် ဆိုရင်လည်း ဘယ်သူဆက်တယ်ဆိုတာ ပြောပြပေးတယ်. ပြီးတော့မှာ Ringtone လာတာ. Contact ထဲမှာမရှိတဲ့ Number ဆိုရင်လည်း ရွတ်ပြပေးတယ်. 

အစကတော့ သိပ်မကောင်းဘူးထင်ခဲ့မိတာ. သုံးကြည့်တော့လည်း မဆိုးပါဘူး. သူငယ်ချင်းတို့လည်း သုံးကြည့်ပါဦး. Android Phone တွေမှာတော့ ဒါမျိုးတွေ့ဘူးတာကြာပြီ. iPhone အတွက်ကတော့ သူငယ်ချင်းတစ်ယောက် ပြောပြလို့ခုမှသိတယ်. 

စမ်းသုံးကြည့်ကြပါဦး. 

Install လုပ်ဖို့အတွက်က repo.biteyourapple.net/ cydia.xsellize.com တစ်ခုခုကို Source မှာ Add ပြီးသွားရင် Search ထဲမှာရှာပြီး ထဲ့နိုင်ပါတယ်. ပြီးရင် Setting ထဲမှာ လိုအပ်သလို ချိန်ညှိနိုင်ပါတယ်.





Read more ...

Wednesday, October 3, 2012

Bridge: iDevice နဲ့ Down ထားတဲ့ သီချင်းတွေကို Music App ထဲ တခါတည်း ထည့်လို့ရအောင်

ဒီ Cydia App လေးက သီချင်းကြိုက်သူတွေ အတွက်အများကြီးအဆင်ပြေမှာပါ. လုပ်ဆောင်ချက်လေးတွေကတော့ ဒီလိုပါ. သီချင်းတွေကို ဒီ Application သုံးပြီးတော့ တိုက်ရိုက် Download လို့ရမယ်. ဒါမှမဟုတ် အခြား Downloader တစ်ခုခု သုံးပြီးဆွဲထားတဲ့ သီချင်းတွေကို Music App ထဲကို တခါတည်း Import လုပ်လို့ရမှာပါ. Video File တွေကိုလည်း Support လုပ်တယ်ပြောပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia မှာ repo.biteyourapple.net / cydia.xsellize.com စတဲ့ Repo တစ်ခုခုကို Add ပါ. ပြီးတော့ Search မှာ Bridge ကိုရှာပြီး Install လုပ်ရင်ရပါပြီ. သွင်းပြီးတဲ့ အခါ ပထမဆုံး Application ကိုဖွင့်လိုက်လို့ Crack Me ဆိုတာလေးတွေ့ရင်နှိပ်ပါ. Crack App ကိုသုံးထားတာဆိုတော့ Activate လုပ်ဖို့ ဒီနည်းကိုသုံးရမှာပါ.


တစ်ဆက်ထဲ သုံးပုံသုံးနည်းလေးကို ပြောပြပါဦးမယ်. ကျနော်ကတော့ သီချင်းကို iDevice ကနေ တိုက်ရိုက် Download ဖို့အတွက် Safari Download Manager ကိုသုံးပါတယ်. Download ပြီးသွားတဲ့ အခါ သီချင်းကိုနှိပ်လိုက်ရင် ဘယ်မှာဖွင့်မလဲဆိုပြီး မေးတဲ့ Option ပေါ်လာပါမယ်. အဲ့ခါကျရင် Open in Bridge ကိုရွေးပေးလိုက်ပါ. Bridge ထဲကို သီချင်းရောက်သွားပြီးဆိုရင် အပေါ်ထောင့်မှာရှိတဲ့ Import ဆိုတာလေးကို နှိပ်ရင်ရပါပြီ. ခဏတော့စောင့်ရပါမယ်.

မြန်မာသီးချင်းမဟုတ်တဲ့ အခြားသီချင်းတွေကို Download ချင်ရင် Mp3skull ဆိုတဲ့ Site ကို ညွှန်းချင်ပါတယ်. 







ဒီလိုမှမဟုတ်ဘဲ သီချင်းကို Download ဖို့အတွက် URL ကိုသိရင် Bridge ကိုဖွင့်ပြီး Download ထဲမှာ URL ကို Paste လုပ်ပြီး Down နိုင်ပါတယ်. နောက်တစ်ခုကတော့  File ထဲကနေ Import လုပ်တာပါ. ခုန Safari Download Manager ကိုသုံးလို့ဘဲဖြစ်ဖြစ် Bluetooth နဲ့ပို့ထားတဲ့ သီချင်းကိုဘဲဖြစ်ဖြစ် Bridge ထဲက File ထဲကို ဝင်ပြီးရှာပါ. ကြိုက်တဲ့ သီချင်းကို ရွေးပြီး Import လုပ်လို့ရပါပြီ. 


Read more ...

IWidget: Clock, Calender တွေကို Screen ပေါ်မှာ တိုက်ရိုက်တွေ့နိုင်အောင်လို့




iDevice တွေမှာ ဒီလို Widget လေးတွေမတင်ချင်ဘူးလား? သဘောကျလို့တင်ချင်တယ်ဆိုရင်တော့ ဒါလေးကိုသွင်းပြီး သုံးနိုင်ပါတယ်.

iWidgets လို့ခေါ်ပါတယ်. apt.modmyi.com ဆိုတဲ့ Repo ကနေရနိုင်ပါတယ်. Source ကိုထပ်သွင်းစရာတော့ မလိုပါဘူး. Modmyi က Jailbreak လုပ်ပြီး Cydia သွင်းလိုက် ကတည်းက ပါလာပြီးသားပါ. Search ထဲနေရှာပြီးသွင်းရင် ရပါပြီ. အခမဲ့ရနိုင်ပါတယ်.

အသုံးပြုပုံကတော့ iWidgets ကို Install လုပ်ပြီးတဲ့အခါ Device ရဲ့ Screen ပေါ်မှာ လွတ်နေတဲ့ နေရာတစ်ခုကို နှိပ်လိုက်ရင် iWidgets Setting လေးပေါ်လာပါမယ်. Clock, Calender ဆိုပြီး နှစ်ခုပေါ်လာပါမယ်. ကြိုက်ရာကို ရွေးပြီး Add လုပ်လိုက်ရင်ရပါပြီ. မကြိုက်လို့ ပြန်ဖျက်ချင်ရင်လည်း Application တွေဖျက်သလိုဘဲ ကြာကြာလေးနှိပ်ပြီး အမှားလေးကို နှိပ်ပြီး ဖျက်နိုင်ပါတယ်.
Read more ...

Thursday, August 23, 2012

Crackulous: iTunes Store က Application တွေကို Crack လုပ်ဖို့

iDevice တွေမှာ သုံးနေကြတဲ့ Crack Application တွေကို ဘယ်လိုရလဲဆိုတာကိုပြောချင်ပါတယ်. iTunes Store ကနေ ၀ယ်ထားတဲ့ Application တစ်ခုကို iDevice တိုင်းမှာ Share သုံးလို့မရပါဘူး. Device တိုင်းမှာ သုံးချင်တယ်ဆိုရင် Sync လုပ်ရင်တော့ ရပါတယ်. ဒါပေမဲ့ အဲ့ဒီ Device တခြား Computer နဲ့ Sync လုပ်လိုက်တဲ့ အခါမှာ အရင် Computer နဲ့ Sync လုပ်ထားတဲ့ Application တွေ ပျောက်သွားမှာပါ. အဲဒီတော့ App တွေကို Sync လုပ်တဲ့ အခါ ကိုယ့် Computer တစ်မျိုးထဲနဲ့ Sync လုပ်တာအကောင်းဆုံးပါ. အဲ့လို လုပ်ဖို့ Cracked App တွေလိုမှာပါ.

သူငယ်ချင်းဆီက Paid Application ကိုကိုယ်ကသုံးချင်ရင် Crack လုပ်ခိုင်းဖို့လိုပါမယ်. အဲဒီလို Crack လုပ်ဖို့အတွက် Cydia မှာ Application တစ်ခုရှိပါတယ်. Crackulous လို့ခေါ်ပါတယ်. ပုံမှန်အားဖြင့်တော့ Crack Application တွေကို http://apptrackr.cd/, http://iphonecake.com/appcake/en/, http://apps.su/ စတဲ့ Site တွေမှာ Download လို့ရပါတယ်.

ဒီ Application ကို Install ချင်ရင် Cydia မှာ http://cydia.hackulo.us ဆိုတဲ့ Repo ကို Source မှာ Add ရပါမယ်. ပြီးရင် Search ထဲမှာ Crackulous ကိုရှာပြီး Install လုပ်နိုင်ပါပြီ. Cydia Source ဘယ်လိုထပ်ထည့်ရမလဲ မသိသေးတဲ့ New User တွေ ဒီမှာကိုးကားနိုင်ပါတယ်. (Click here)


 Crackulous ကို Install လုပ်ပြီးလို့ ဖွင့်လိုက်ရင် အောက်ကအတိုင်းတွေ့ရမှာပါ. Crack လုပ်ချင်တဲ့ Application ကို နှိပ်ပြီး Crack လုပ်လို့ရနိုင်ပါပြီ.



Crack လုပ်ထားတဲ့ Application တွေကို iFile ကနေ. ဒါမှမဟုတ် Computer ကနေ iTools, iFile, iExplorer စတဲ့ iDevice File တွေကို Explore လုပ်လို့ရတဲ့ Software တွေသုံးပြီး ရှာလို့ရပါတယ်. သူ့ Location က ဒီမှာပါ. /var/root/Documents/Cracked အဲဒီမှာ ရှာလို့ရပါတယ်. Sharing လုပ်ဖို့ကတော့ iFile ကနေ Bluetooth နဲ့ပို့ပြီးဘဲဖြစ်ဖြစ် Computer ကနေ ဘဲဖြစ်ဖြစ် Share လို့ရပါပြီ. Crack Application တွေကို Install လုပ်နိုင်ဖို့ Cydia ကနေ AppSync ကို Install လုပ်ထားရမယ်ဆိုတာကို အထူးပြောစရာ လိုမယ်မထင်ပါဘူး.







Read more ...

Monday, August 20, 2012

Safari Download Manager: Safari ကနေတိုက်ရိုက် Download ဆွဲနိုင်ဖို့

Safari ကနေ File တွေကို တိုက်ရိုက် Download နိုင်ဖို့အတွက် ဒီ Tweak ကိုအသုံးပြုနိုင်ပါတယ်. အရင်က Safari Download Enabler ကိုတင်ပြခဲ့ဖူးပါတယ်. ဒီ Tweak လည်းအဆင်ပြေနိုင်မယ်ထင်လို့ ထပ်ပြီး Share ပေးလိုက်တာပါ. 

ဒီ Tweak ကိုသွင်းချင်ရင် http://repo.biteyourapple.net, http://cydia.xsellize.com ကြိုက်တဲ့ Source ကို Add ပြီးတော့ Search ထဲမှာရှာပြီး Install လုပ်နိုင်ပါတယ်. 



Search မှာ ဒီနာမည်နဲ့ရိုက်ပြီးရှာပါ
မြှားလေးနဲ့ Icon အသစ်တိုးလာတာကို တွေ့ရပါမယ်.




Read more ...

Sunday, August 19, 2012

Springtomize 2: iDevice ရဲ့Springboard ကိုလိုသလို Customize လုပ်လို့ရအောင်

ကိုယ် Phone ရဲ့ Springboard ကိုကြိုက်သလို အလှဆင်မယ်. ကြိုက်တာတွေထပ်ထည့်မယ်. မကြိုက်တာတွေ ဖြုတ်ပစ်မယ်. အားလုံးကို ကြိုက်သလို Customize လုပ်လို့ရအောင်လို့ ဒီ Application ကို Install လုပ်နိုင်ပါတယ်. 

ဒီ Application ကို သွင်းချင်ရင် http://repo.biteyourapple.net/ ကို Cydia Source မှာ Add ပါ. ပြီးရင် Search ထဲမှာ Springtomize 2 ဆိုပြီးရိုက်ထည့်ပြီး Install လုပ်နိုင်ပါတယ်. (သင့်ရဲ့ Phone ဟာ Jailbreak လုပ်ပြီးသားလို့ ယူဆပါတယ်) New User တွေအတွက် Cydia မှာ Source Add တဲ့ နည်းကို ဒီမှာ ကိုးကားနိုင်ပါတယ်. (Click here)




Animations
ဒီ Animations ဆိုတဲ့ Setting ကတော့ Page တစ်ခုနဲ့တစ်ခု အကူပြောင်းမှာ Animation လေးထည့်ပေးတာပါ. ဥပမာ- Setting ထဲကနေ General ထဲကိုဝင်မယ်ဆိုရင် ပုံမှန်အတိုင်းဆိုရင် ခပ်မြန်မြန်လေးပြောင်းပါတယ်. အဲ့ဒါကို ဒီ Setting ထဲကနေကြာချိန် လိုသလောက်ပြောင်းပေးနိုင်ပါတယ်. 
Lock Animation မှာဆိုရင် Old TV Animation ကအရင်တုန်းက TV အဟောင်းတွေပိတ်တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ပေးတာပါ. Sleep Button ကိုနှိပ်ရင် ပုံမှန်အတိုင်းမပိတ်ဘဲ Animation လေးနဲ့ပိတ်တာပေါ့. 
Screenshot Flash ကတော့ Phone ကို Screenshot ရိုက်တဲ့ အခါမှာ ပုံမှန်အတိုင်း အဖြူ Screen မပေါ်ဘဲ ကြိုက်ရာအရောင်ကို ပေါ်စေနိုင်ပါတယ်.


Capabilities
ဒီ Section ကတော့ Phone မှာပါတဲ့ Features တွေကို သုံးလို့မရအောင်လုပ်မယ်. ဖျောက်ထားတဲ့ Features တွေကို သုံးလို့ရအောင်လုပ်မယ် ဆိုရင် သုံးရပါမယ်. Phone, SMS, Contacts စတဲ့ Application  တို့ကိုပါ ဖျောက်ပစ်လို့ ပါရပါတယ်.




Dock
ဒီမှာ ပါတဲ့ Setting တွေကတော့ Dock နဲ့ပတ်သက်တဲ့ Setting တွေပါ. Dock ကိုဖျောက်ပစ်လို့ရမယ်. Labels တွေ Dock အောက်က Reflection, Shadow တွေဖျောက်ပစ်လို့ရမယ်. CoverFlow Effect ထည့်ရင် Dock က Icon တွေ အမြင်တစ်မျိုးဆန်းသွားတာကို တွေရပါမယ်. Concave, Convex, Convex (Outside) ဆိုပြီး Mode သုံးမျိုးနဲ့ ပြောင်းလဲနိုင်တာကို တွေ့ရပါတယ်.




Lockscreen
ဒါကတော့ Lockscreen ကို Customize လုပ်နိုင်မဲ့ Setting တွေဘဲဖြစ်ပါတယ်. Display Seconds: Lockscreen မှာပါတဲ့ နာရီကို စက္ကန့်ပါပြခိုင်းလို့ရမယ်. Always Charging: Background မှာ Battery ပုံအမြဲတမ်းပြအောင်. Always Show WP: အားသွင်းနေတဲ့အခါမှာ Battery ပုံမပြဘဲ Wallpaper ပုံဘဲအမြဲပြအောင်. Disable Camera Button: Lockscreen မှာပါလာတဲ့ Camera Button ကိုဖျောက်လို့ရမယ်. Hide Top Bar:  Lockscreen ကနာရီကို ဖျောက်လို့ရမယ်.
Custom Label ကတော့ Slide to Unlock ဆိုတဲ့နေရာမှာ အခြားကိုယ်ကြိုက်ရာစာသားကိုထည့်နိုင်မှာပါ. English ဘာသာနဲ့သာမကဘဲ မြန်မာဘာသာနဲ့ပါထည့်နိုင်မှာပါ.


Icons
ဒီ Setting ကတော့ Icons တွေအတွက်ပါ. Hide Labels: Icon က Label တွေဖျောက်မယ်. Lock Moving: Wiggle Mode ထဲရောက်နေတဲ့ အချိန်မှာ Icon တွေကို ရွှေ့လို့မရအောင်. Disable Jittering: Homescreen ကနေ Wiggle Mode ထဲဝင်လို့မရအောင်. Disable Unistalling: Application တွေကို ဖျက်လို့မရအောင်. Disable All Badges: Icon မှာပေါ်နေတဲ့ နံပါတ်တွေကိုမပေါ်တော့အောင် (SMS Application မှာဆိုရင် Msg ဘယ်နခုရောက်နေလဲဆိုတာပြတဲ့ နံပါတ် (Badge) ကိုပြောတာပါ.) 2 Tap Clear Badge: Icon မှာ ပေါ်နေတဲ့ Badge တွေကို Wiggle Mode ကနေ Double Tap နှိပါပြီး ဖျောက်လို့ရအောင်. Resize Icons: Icon တွေကို အရွယ်ပြောင်းလို့ရအောာင်.


Folders
Folders Closebox: ဒါက Folder တစ်ခုထဲမှာ Icon တွေအများကြီးထည့်ထားရင် အဲ့ဒီ Folder ကိုဖျက်ရုံနဲ့ အထဲက Icon (Application) တွေအကုန်ပျက်သွားမယ်. Hide Preview: Folder ထဲမှာ ရှိတဲ့ Icon တွေကို Preview မမြင်ရအောင်. Use Custom Number: Folder ထဲမှာ Icon ထည့်နိုင်တဲ့ အရေအတွက်ကန့် သတ်ထားပါတယ်. အဲ့ဒါကို ဖျောက်နိုင်ဖို့ပါ.




Status Bar
Status Bar ကို လိုသလို ပြုပြင်နိုင်ဖို့ပါ. Custom Carrier ကတော့ MM900 နေရာမှာ ကြိုက်တဲ့နာမည် ထည့်နိုင်အောင်ပါ. Custom Time ကတော့ အချိန်ကို ကြိုက်နှစ်သက်ရာပုံစံနဲ့ ပြနိုင်အောင်ပါ. WiFi IP, Free RAM စတာတွေလည်း ထည့်လို့ရပါတယ်. အချိန်တင်မကဘဲ ရက်ပါပြအောင် လုပ်နိုင်ပါတယ်. Hide Status Bar Items မှာတော့ Status Bar က ပုံလေးတွေကို Hide/Show လုပ်နိုင်ဖို့ပါ.



Notification Centre
Notification Centre အတွက် Setting တွေပါ.  Disable ကို On လိုက်ရင်တော့ Notification Centre ကိုဆွဲချလို့ရမှာ မဟုတ်တော့ ပါဘူး. Custom Background ကတော့ Noti: Centre ကို ကြိုက်ရာ Background ထဲ့ လို့ရနိုင်အောင်ပါ.



Time Machine ဆိုတဲ့ Option ကတော့ ကိုယ်လုပ်ထားတဲ့ Setting တွေ Customization တွေကို Backup/Restore လုပ်နိုင်ဖို့အတွက်ပါ. 

လုပ်ချင်တာတွေ လျှောက်လုပ်ပြီးသွားလို့ Setting တွေကိုမူလအတိုင်းပြန်ထားချင်တဲ့အခါ Reset Default ကို Setting ထဲက More ထဲမှာ ရှာတွေ့နိုင်ပါတယ်. 



Read more ...

Saturday, August 18, 2012

AndroidLock XT: Android မှာလို Pattern နဲ့ Lock လုပ်လို့ရအောင်

ကိုယ်ရဲ့ Phone ကိုသူများတွေ အလွယ်တကူ ဖွင့်လို့ကိုင်လို့မရအောင် Passcode တော့ ထားသင့်ပါတယ်. ဒါမှ ကိုယ်ရဲ့ Data, Contact တွေကို လုံလုံခြုံခြုံထားနိုင်မှာဖြစ်ပါတယ်. ပုံမှန်ဆိုရင်တော့ Setting>General> Passcode Lock ထဲကိုသွားပြီး Passcode ထည့်ရုံပါဘဲ. အဲ့လိုမှ မဟုတ်ဘဲ Android Device တွေမှာလို Pattern နဲ့ Lock လုပ်ချင်သူများ AndroidLock XT ကို Install လုပ်လို့ရပါတယ်. Pattern နဲ့ Lock လုပ်တာဟာ Code နဲ့ Lock လုပ်တာထက် ပိုပြီး ဖွင့်ရလွယ်ကူပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia ထဲက Source မှာ http://repo.biteyourapple.net/ ကို Add ပါ. (သင့်ရဲ့ iDevice ဟာ Jailbreak လုပ်ပြီးသားလို့ယူဆပါတယ်) ပြီးရင် Search ထဲမှာ AndroidLock XT ကိုရှာပြီး Install လုပ်နိုင်ပါတယ်. (Cydia မှာ Source ကိုဘယ်လို Add ရမှန်းမသိတဲ့ New Users များ : Click here)



Pattern ကို ဒီ Setting ထဲမှာ ပြောင်းနိုင်ပါတယ်.


အခြား Setting တွေကို လည်း စမ်းသပ်ကြည့်နိုင်ပါတယ်. Change Appearance ထဲမှာ Opacity လျော့အတိုး လုပ်တာတို့ Themes ပြောင်းတာတို့ လုပ်နိုင်ပါတယ်. Opacity လျော့တဲ့ အခါမှာ သတိထားစေချင်ပါတယ်. Opacity ကိုလုံးဝ လျော့ချလိုက်တဲ့ အခါ Pattern ဆွဲဖို့အခက်အခဲ ဖြစ်တတ်လို့ပါ.
Read more ...

iFile: File Explorer for iDevices

iDevice တွေအတွက် အကောင်းဆုံး File Explorer ပါ. ဒီ App ကိုသွင်းပြီးရင် iFile ရှိတဲ့သူအချင်းချင်း ဘယ် File ကို မဆို Bluetooth File Sharing လုပ်လို့ရပါတယ်. (iDevice အချင်းချင်းအတွက်ပေါ့.) Airblue နဲ့လည်း တွဲသုံးလို့ရပါတယ်. (iDevice မဟုတ်တဲ့ တခြား Device တွေနဲ့ Bluetooth File Sharing လုပ်ဖို့အတွက်)  Zip file တွေ ကိုလည်း iFile ကနေကြည့်လို့ရပါတယ်. အတော်ကောင်းတဲ့ File Explorer လေးပါ.

ဒီ Application ကို Install ချင်ရင် http://repo.biteyourapple.net/ ကို Source မှာ Add ပါ. ပြီးရင် Search ထဲမှာ iFile ကိုရှာပြီး Install လုပ်ရင်ရပါတယ်. (သင့်ရဲ့ iDevice ဟာ Jailbreak လုပ်ပြီးသားလို့ယူဆပါတယ်)

Cydia မှာ Source မ Add တတ်သေးတဲ့ New Users များအတွက် (How to add Cydia Source)




Read more ...

Friday, August 10, 2012

Cydia Repo တွေကိုထပ်မံတင်ပြပေးခြင်းပါ

အသုံးဝင်နိုင်မဲ့ Cydia Repo တွေကိုထပ်မံ တင်ပြပေးလိုက်ပါတယ်. New User တွေအနေနဲ့လည်း Cydia Repo ဘယ်လို Add ရမလဲဆိုတာသိချင်ရင်...(Click Here)




1. Insanelyi - repo.insanelyi.com

2. iHackstore - ihackstore.com/repo


3. P0dulo - p0dulo.com


4. iHacks - ihacksrepo.com


5. xSellize - cydia.xsellize.com


6. Sinful iPhone - sinfuliphonerepo.com


7. Bite Your Apple - repo.biteyourapple.net


8. Hackulous - cydia.hackulo.us


9. Hack Your iPhone - repo.hackyouriphone.org


10. Pwn Centre - apt.pwncentre.com 
Read more ...