Showing posts with label Tips/ Tricks. Show all posts
Showing posts with label Tips/ Tricks. Show all posts

Tuesday, March 1, 2016

iDevice တေမှာ မျက်စိနောက်နေတဲ့ App icon တွေကို ဘယ်လိုဖျောက်မလဲ?


လွယ်ပါတယ်. တစ်ခုတော့ရှိတယ် ဖုန်းကို Reboot လုပ်ပီးရင်တော့ ပြန်ပေါ်လာမှာနော်. 

၁. ဖျောက်ချင်တဲ့ ICON ကို folder တစ်ခုထဲထည့်လိုက်ပါ. 
၂. Jiggling ဖြစ်အောင် icon နှိပ်ပီးဖိထားပါ. 
၃. ပီးရင် Folder ထဲကနောက်ဆုံး tab ထိခေါ်သွားလိုက်. ပီးရင်ပြန်လွှတ်. 
၎. နောက်တခေါက် ညာဘက်စွန်းထိခေါ်သွားပီး icon ကိုမလွှတ်ပဲကိုင်ထား. 
၅. Home key ကိုနှိပ်လိုက် 
  ပျောက်ပီ. 


မရှင်းရင် video လေးကြည့်လိုက်ပါ.

Read more ...

Wednesday, October 3, 2012

Bridge: iDevice နဲ့ Down ထားတဲ့ သီချင်းတွေကို Music App ထဲ တခါတည်း ထည့်လို့ရအောင်

ဒီ Cydia App လေးက သီချင်းကြိုက်သူတွေ အတွက်အများကြီးအဆင်ပြေမှာပါ. လုပ်ဆောင်ချက်လေးတွေကတော့ ဒီလိုပါ. သီချင်းတွေကို ဒီ Application သုံးပြီးတော့ တိုက်ရိုက် Download လို့ရမယ်. ဒါမှမဟုတ် အခြား Downloader တစ်ခုခု သုံးပြီးဆွဲထားတဲ့ သီချင်းတွေကို Music App ထဲကို တခါတည်း Import လုပ်လို့ရမှာပါ. Video File တွေကိုလည်း Support လုပ်တယ်ပြောပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia မှာ repo.biteyourapple.net / cydia.xsellize.com စတဲ့ Repo တစ်ခုခုကို Add ပါ. ပြီးတော့ Search မှာ Bridge ကိုရှာပြီး Install လုပ်ရင်ရပါပြီ. သွင်းပြီးတဲ့ အခါ ပထမဆုံး Application ကိုဖွင့်လိုက်လို့ Crack Me ဆိုတာလေးတွေ့ရင်နှိပ်ပါ. Crack App ကိုသုံးထားတာဆိုတော့ Activate လုပ်ဖို့ ဒီနည်းကိုသုံးရမှာပါ.


တစ်ဆက်ထဲ သုံးပုံသုံးနည်းလေးကို ပြောပြပါဦးမယ်. ကျနော်ကတော့ သီချင်းကို iDevice ကနေ တိုက်ရိုက် Download ဖို့အတွက် Safari Download Manager ကိုသုံးပါတယ်. Download ပြီးသွားတဲ့ အခါ သီချင်းကိုနှိပ်လိုက်ရင် ဘယ်မှာဖွင့်မလဲဆိုပြီး မေးတဲ့ Option ပေါ်လာပါမယ်. အဲ့ခါကျရင် Open in Bridge ကိုရွေးပေးလိုက်ပါ. Bridge ထဲကို သီချင်းရောက်သွားပြီးဆိုရင် အပေါ်ထောင့်မှာရှိတဲ့ Import ဆိုတာလေးကို နှိပ်ရင်ရပါပြီ. ခဏတော့စောင့်ရပါမယ်.

မြန်မာသီးချင်းမဟုတ်တဲ့ အခြားသီချင်းတွေကို Download ချင်ရင် Mp3skull ဆိုတဲ့ Site ကို ညွှန်းချင်ပါတယ်. 







ဒီလိုမှမဟုတ်ဘဲ သီချင်းကို Download ဖို့အတွက် URL ကိုသိရင် Bridge ကိုဖွင့်ပြီး Download ထဲမှာ URL ကို Paste လုပ်ပြီး Down နိုင်ပါတယ်. နောက်တစ်ခုကတော့  File ထဲကနေ Import လုပ်တာပါ. ခုန Safari Download Manager ကိုသုံးလို့ဘဲဖြစ်ဖြစ် Bluetooth နဲ့ပို့ထားတဲ့ သီချင်းကိုဘဲဖြစ်ဖြစ် Bridge ထဲက File ထဲကို ဝင်ပြီးရှာပါ. ကြိုက်တဲ့ သီချင်းကို ရွေးပြီး Import လုပ်လို့ရပါပြီ. 


Read more ...

Wednesday, August 22, 2012

Wikipedia က အကြောင်းအရာတွေကို PDF အဖြစ်ရယူနိုင်အောင်

Wikipedia ကအကြောင်းအရာတွေကို Offline ဖတ်နိုင်ဖို့ PDF File အနေနဲ့ သိမ်းထားချင်တယ်ဆိုရင် ဒီနည်းကိုသုံးပါလို့ အကြံပြုချင်ပါတယ်. တခြားဒီထက် ပိုကောင်းတဲ့ နည်းလမ်းများလည်း ရှိရင်ရှိနေမှာပါ. ကျနော်ကတော့ ဒီနည်းလေးဘဲသိလို့ ဒါလေးဘဲ Share ချင်ပါတယ်. 

လိုအပ်တဲ့ Tool ကတော့ Safari Download Manager ဘဲဖြစ်ပါတယ်. ဒီ Tweak ကို Install လုပ်ချင်ရင်တော့ ဒီမှာကြည့်နိုင်ပါတယ်. (Click Here) 

လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကတော့ ဒီမှာပါ. 

အရင်ဆုံး Wikipedia ထဲဝင်ပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာကို ရှာပါ. တက်လာတဲ့ Web Page က Mobile version ဖြစ်နေရင် Desktop ကိုပြောင်းပါ.



ဘယ်ဘက်အခြမ်းမှာရှိတဲ့ Print/export ထဲမှာ Download as PDF ဆိုတာရှိပါတယ်. အဲ့ဒါကို နှိပ်လိုက်ရင် Rendering စလုပ်ပါလိမ့်မယ်.


ပြီးရင် Rendering finished ဆိုတဲ့ အောက်မှာ Download the file ဆိုတဲ့ Highlighted Link လေးပေါ်လာပါမယ်. အဲ့ Link ကိုနှိပ်ပါ.



အဲ့ဒီမှာ Download ဆိုတာပေါ်လာရင် နှိပ်ပါ. ဒါဆိုရင်ရပါပြီ. ပြီးရင် iBook ထဲမှာဖြစ်ဖြစ် အခြား PDF Reader ထဲမှာဖြစ်ဖြစ် ဖတ်လို့ရပါပြီ.


 ဒီ Post ဟာသင့်အတွက် အသုံးဝင်တယ် ဆိုရင် Facebook ပေါ်မှာ Share ပေးပါ.

Read more ...

Sunday, August 19, 2012

iDevice တွေအတွက် Tips တွေပါ

iDevice တွေအတွက် အသုံးဝင်နိုင်မဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်. သိတာလေးတွေပါသလို မသိတာတွေလည်းရှိမှာပါ. iPhone, iPad, iPod Touch အားလုံးမှာသုံးလို့ရပါတယ်.

Quick Period (Full Stop ကိုခပ်မြန်မြန်လေး ရိုက်လို့ရအောင်)

စာတစ်ခုခုရိုက်ပြီးသွားလို့ Space bar ကိုခပ်မြန်မြန်နှစ်ခါ နှိပ်လိုက်တဲ့အခါ Full stop လေးပေါ်လာတာကို တွေ့ရပါမယ်. ပုံမှန် ဆိုရင် Full Stop က 123 ခလုတ်ကိုနှိပ်ပြီးမှ နှိပ်လို့ရမှာလေ. အဲဒီ Feature ကိုသုံးချင်လည်းရပါတယ်. မသုံးချင်ရင်လည်း Setting>Keyboard ထဲကနေ "." Shortcut ကို On/Off လုပ်လို့ရပါတယ်.



Quick Text Selection (စာလုံး စာပိုဒ်တွေကို Select ပေးမယ်)

စာလုံးတစ်လုံးချင်း ဒါမှမဟုတ် စာပိုဒ်တစ်ခုလုံးကို Copy လုပ်ချင်ရင်ပဲဖြစ်ဖြစ် Delete လုပ်ချင်ရင်ဘဲဖြစ်ဖြစ် Select လုပ်တဲ့အခါ စာသားကိုအကြာကြီးနှိပ်ထားလို့ရှိရင် Select/Select All/Paste ဆိုပြီးတော့ Menu ပေါ်ပါတယ်. နှစ်ချက်နှိပ်ရင်တော့ အဲဒီစာလုံးကို Select လုပ်ပါလိမ့်မယ်. ဒါမှမဟုတ်ဘဲ  လေးချက်နှိပ်ရင်တော့ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်. နောက်တစ်ခု သတိထားမိကြသေလား မသိဘူး. စာလုံးတစ်ခုကို Select ပေးပြီးတဲ့ အခါ. Define ဆိုတာ လေးပါတာကို. စာလုံးရဲ့ အဓိပါယ်ကို သိချင်ရင်အဲ့ဒီ Define ကိုနှိပ်ရင် ရပါတယ်.





Quick Caps and Symbols (စာလုံးအကြီးကိုမြန်မြန်ရိုက်ချင်ရင်)

ပုံမှန်အတိုင်းဆိုရင် အပေါ်မျှား (Shift) လေး တစ်ချက်နှိပ်ပြီးမှ Capital Letter တို့Symbol တို့ကိုနှိပ်တတ် ပါတယ်. အဲလိုမှမဟုတ်ဘဲ အလျင်လိုရင်တော့ Shift key က နေလိုချင်တဲ့ စာလုံးဆီကို တိုက်ရိုက် (Drag) ဆွဲချ သွားလို့ရပါတယ်.


Hold Down Certain Keys (မြုပ်နှံထားတဲ့ Keyboard Symbols များ)

Keyboard ကတချို့ စာလုံးတွေမှာ မြုပ်ထားတာလေးတွေရှိပါတယ်. Safari မှာ URL တစ်ခုရိုက်လို့ရှိရင် .com ကိုရိုက်ဖို့တော့ ခလုတ်တစ်ခု ပါပါတယ်. .com မဟုတ်ဘဲ .net.mm .asia .net .mm .org စတာတွေကို ရိုက်ချင်ရင်တော့ .com ခလုပ်ကို ခဏဖိထားလိုက်ပါ. ဒါဆိုရင် ပေါ်လာပါလိမ့်မယ်. ဒီ ခလုပ်တင်မကဘဲ အခြား Key လေးတွေမှာပါ မြုပ်ထားတာလေးတွေရှိပါတယ်. 

Letter မှာဆိုရင် E, Y, U, I, O, A, S, L, Z, C, N
Symbols တွေမှာတော့ Dollar Sign, Dash, Ampersand, Quotes, Period, Question Mark, Exclamation Point, Apostrophe, and Percent တွေကို နှိပ်ရင် တခြား Symbol လေးတွေ တွေ့နိုင်ပါတယ်. စမ်းသပ်ကြည့်နိုင် ပါတယ်.


Screenshot 

တခါတလေ Webpage တွေကြည့်ရင်း Facebook သုံးရင်းနဲ့ ကိုယ့်အတွက် အသုံးဝင်နိုင်တာလေးတွေ ကြိုက်တာလေးတွေ တွေ့ရင် ဘယ်လိုမှတ်ရမှန်း မသိ ဖြစ်တတ်ကြပါတယ်. အဲ့ဒါကို ဖြေရှင်းချင်ရင်တော့ Screenshot သာရိုက်လိုက်ပါ. Home Key ကို Sleep Key နဲ့သာတွဲနှိပ်ပြီးတော့ Screenshot ရိုက်လို့ရပါတယ်.



Caps Lock

Computer Keyboard တွေလိုမှာဘဲ iDevice Keyboard တွေမှာလည်း Caps Lock ပါပါတယ်. Shift key ကိုခပ်မြန်မြန်နှစ်ချက်သာ နှိပ်လိုက်ပါ. ပြာသွားပြီဆိုရင် Caps Lock ပွင့်ပါပြီ. အဲဒီ Feature ကိုမသုံးချင်ရင် Setting>Keyboard ကနေ Enable Caps Lock ကို ပိတ်လို့ရပါတယ်.


Restart iPhone

Phone သုံးနေရင်းနဲ့ လုံးဝ Hang သွားလို့ရှိရင် Freeze ဖြစ်သွားလို့ရှိရင်ဘာလုပ်မလဲလို့ တွေးဘူးလားမသိဘူး. ဖြစ်ခဲလှတဲ့ ကိစ္စပေမဲ့ လုံးဝဖြစ်မလာဘူးလို့တော့ ထင်မထားပါနဲ့. ဖြစ်လာလို့ရှိရင် ဒီနည်းကိုသာ သုံးလိုက်ပါ. Home နဲ့ Sleep Button ကိုကြာကြာလေးနှိပ်ထားလိုက်ပါ. Screen အမဲပြတဲ့အထိ. ပြီးရင် Power ပြန်ဖွင့်လိုက်ရင် ရပါပြီ.


Save Image (Browser တွေထဲမှာ Photo တွေ Save လုပ်လို့ရအောင်)

Safari သုံးနေရင်းနဲ့ Photo တစ်ခုတွေ့လို့ Save လုပ်ချင်တဲ့အခါ အဲ့ဒီ ပုံကိုခပ်ကြာကြာလေး နှိပ်ပါ. Save Image ပါတဲ့ Menu တစ်ခုပေါ်လာရင် Save လုပ်လို့ရပါပြီ. Facebook မှာဆိုရင်တော့ Photo ကိုဖွင့်ပြီးရင် ညာဘက် အပေါ်ထောင့်က ခလုပ်ကိုနှိပ်ရင် Save Photo ဆိုတဲ့ Menu ပေါ်လာမှာပါ.


Scroll to Top

Web Browsing လုပ်နေတဲ့အခါ Facebook, Twitter တို့သုံးတဲ့အခါ Timeline ကိုကြည့်ရင်း ကြည့်ရင် ဟိုးအောက်ဘက် ကိုရောက်သွားတဲ့အခါ. အပေါ်ကို ပြန်ရွှေ့နေ စရာမလိုပါဘူး. Status bar ကို တစ်ချက် နှိပ်လိုက်ရင် အပေါ်ဆုံးကို ပြန်ရောက်သွားမှာပါ.





Spotlight Search

Spotlight Search ဟာ ကိုယ့် Phone ထဲက Content တွေကို ရှာပေးရုံတင်မကဘဲ Web Search နဲ့ Wikipedia တို့မှာပါ Search လုပ်နိုင်ပါတယ်.


ကျနော်ပေးတဲ့ Information တွေဟာ သင်တို့အတွက် အသုံးဝင်တယ်ဆိုရင် သင့်ရဲ့ Facebook စာမျက်နှာပေါ်မှာ Share ပေးစေချင်ပါတယ်.
Read more ...

Saturday, August 18, 2012

Beginner Guide for iDevice Users (iDevice တစ်ခုဝယ်လာပြီဆိုရင် ဘာတွေလုပ်မလဲ)

ပထမဦးဆုံးလုပ်ရမှာကတော့ Computer မှာ iTunes ကို Install လုပ်ဖို့ဘဲဖြစ်ပါတယ်. iDevice တွေမှာ Photo, Music, Video, Books တွေထည့်ဖို့မရှိမဖြစ်ကတော့ iTunes ပါ. (iTunes မသုံးချင်ရင် iTools ကိုသုံးလို့လဲ ရပါတယ်. နောက်ဆုံး Version ဖြစ်တဲ့ iTunes ကို ဒီမှာ Download ရယူနိုင်ပါတယ်. iTools ကို Download ချင်ရင်. (Click here)

နောက်တစ်ခုကတော့ iTunes Account ပါ. iTunes Account ရှိမှ ကိုယ်လိုချင်တဲ့ Application တွေကို iTunes Store ကနေ Download လို့ရမယ်. iCloud ကိုလည်းသုံးလို့ရမယ်. iTunes Account ဖွင့်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် Bank Account, Pay Pal, iTunes Gift Card တွေထဲကတစ်ခုခုလိုမှာပါ. ဒါပေမဲ့ ကိုယ်က Free App လေးတွေဘဲ Download ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ Free Account (ဘာ Credit Card မှမလိုဘဲ) လုပ်တဲ့နည်းကို ဒီမှာ ကိုးကား နိုင်ပါတယ်. (Click here: How to create Free iTunes Account) အကယ်လို့ Account လုပ်ရတာအဆင်မပြေဖြစ်လို့ရှိရင် fidodidokaung@gmail.com ကို Mail ပို့ပြီး iTunes Account တစ်ခုတောင်းဆိုနိုင်ပါတယ်.

နောက်တစ်ခုကတော့ Phone ရဲ့ Security ပိုင်းဆိုင်ရာနဲ့ပြောချင်ပါတယ်. ကိုယ့် Phone ကို အခြားသူတွေ အလွယ်တကူ ကိုင်လို့ဖွင့်ကြည့်လို့ မရအောင် Lock လုပ်ထားစေချင်ပါတယ်. Setting>General> PasscodeLock ထဲမှာ Passcode ထည့်ထားနိုင်ပါတယ်. Passcode မှာ နှစ်မျိုးထားလို့ရပါတယ်. Simple Passcode Toggle ကိုအဖွင့်အပိတ် လုပ်နိုင်ပါတယ်. Simple Passcode ကို On ထားရင် နံပတ်လေးလုံးဘဲ ထည့်လို့ရပြီး Off လုပ်ထားရင် Passcode ကိုရှည်ရှည်ထည့်လို့ ရပါတယ်.

တစ်လက်စထဲ Find My iPhone ဆိုတဲ့ Feature အသုံးချပုံကိုလည်း ပြောချင်ပါတယ်. ဒီ Feature ကိုသုံးဖို့ အတွက် iTunes Account တော့ လိုမှာပါ. အရင်ဆုံး Setting ထဲကနေ iCloud ကို Sign In လုပ်ပါ. လုပ်ပြီးတဲ့ အခါမှာ Allow iCloud to Use the Location of Your iDevice? လို့မေးလာလို့ရှိရင် OK ကိုနှိပ်လိုက်ပါ. ဒါဆိုရင်ရပါပြီ. Computer ကနေ iCloud.com ကို Sign In လုပ်ပြီး Find My iPhone ကိုနှိပ်လိုက်ရင် ကိုယ်ရဲ့ iDevice ရှိနေတဲ့ နေရာကို Map ထဲမှာပြပေးမှာဖြစ်ပါတယ်. အခြား iDevice ကနေလည်း Find My iPhone ဆိုတဲ့ Application ကိုသုံးပြီးတော့ ရှာနိုင်ပါတယ်. ကိုယ့်ရဲ့ Device ကအခု Online ရှိနေရင်လည်း အခု ရှိနေတဲ့ နေရာ. ဒါမှမဟုတ် Offline ဖြစ်နေရင်လည်း နောက်ဆုံး ဘယ်မှာရှိခဲ့လည်း ဆိုတာကိုဖော်ပြပေး မှာပါ. ဒီ Feature ကိုသုံးခြင်းအားဖြင့် ကိုယ့်ရဲ့ iDevice ပျောက်သွားရင်အလွယ်တကူ ရှာတွေ့နိုင်မှာပါ.

ဒီမှာကတော့ iDevice တွေရဲ့ User Guide တွေပါ. iOS5.1 အတွက်ပါ. လိုအပ်ရင် ကိုးကားလို့ရအောင် ဒီမှာတင်ပေးလိုက် ပါတယ်. (Download: For iPhone, iPad, iPod Touch)
Read more ...

Friday, July 27, 2012

Google ရဲ့ HandWriting Feature



Google က Mobile Device တွေအတွက် Touch Screen ပေါ်မှာလက်ရေးနဲ့ရေးပြီးရှာလို့ရတဲ့ Feature တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်. ဒီ Method ဟာ Voice Searching လောက်မမြန်ပေမဲ့ Keyboard ပေါ်မှာ ရိုက်ရတာထက်တော့ပိုလွယ်မယ်ထင်ပါတယ်. ဒီ Feature ကို iPhone, iPod Touch, iPad နဲ့အခြား Tablet/Mobile Phone တွေမှာသုံးလို့ရမှာပါ.
ဒီ Feature ကို သုံးချင်ရင် Setting ထဲမှာဝင်ပြီး Enable လုပ်ရပါမယ်. Enable လုပ်ပြီးလို့ Save လို့အပြီးမှာ ညာဘက်အောက်နားလေးမှာ Icon လေးတစ်ခုတွေ့နိုင်မှာပါ. အဲဒီ Icon ကို နှိပ်ပြီးရင် ကိုယ်ရှာချင်တာကို စာရေးပြီးရှာလို့ရပါပြီ.





Read more ...