Thursday, May 24, 2012

What is SHSH blobs?

SHSH blobs ဆိုတာကတော့ Hash Signature System ပါဘဲ. Apple ကသူထုတ်ထားတဲ့ iDevice တွေကို Manually Downgrade လုပ်လို့မရအောင်လို့ ထိန်းချုပ်ထားတဲ့ စနစ်ပါ.
SHSH တစ်ခုစီကို Apple က Sign လုပ်တဲ့အခါ လက်ရှိ Firmware နဲ့ Device ရဲ့ ECID ကိုတွဲပြီး Sign လုပ်ပါတယ်. အခု Apple က Sign လုပ်ပေးနေတာကတော့ iOS5.1.1 ပဲဖြစ်ပါတယ်.
Firmware တစ်ခုအသစ်ထွက်ပြီဆိုရင် Version အဟောင်း ကို Restore ပြန်လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး.
Restore ပြန်လုပ်နိုင်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ Save လုပ်ထားတဲ့ SHSH blob ကိုသုံးပြီးမှပဲ ရနိုင်မှာပါ.
SHSH blob ကို TinyUmbrella ကိုသုံးပြီးတော့ Save နိုင်ပါတယ်. Jailbreak လုပ်ထားတဲ့ Device တွေ ရဲ့ SHSH ကို Cydia ကလည်း Save လုပ်ပေးထားပါတယ်. အဲဒါကိုလည်း Computer ထဲမှာ Backup လုပ်ထားနိုင်ပါတယ်. TinyUmbrella ကိုသုံးပြီး SHSH ကို Save တဲ့အခါ အရင် Firmware တွေရဲ့ SHSH ကိုလည်း Save လုပ်နိုင်မှာပါ.
အခုဆိုရင် iPad2, iPhone4S တွေကို Downgrade လုပ်နိုင်နေပါပြီ. (How to downgrade)

How to save SHSH blobs by using TinyUmbrella?

No comments:

Post a Comment