iOS6 ကို Apple က WWDC2012 မှာတရားဝင်ကြေငြာလိုက်ပါပြီ. သူမှာပါလာမယ့် New Features တွေကို Apple ပရိသတ်တွေသိချင်နေမှာပါ.
iOS6 မှာ ပါလာတဲ့ Maps App ကို တမျိုးဆန်းထားပါတယ်.လှပပြီးသေသပ်တဲ့ Map ကိုထည်းသွင်းပေး ထားပါတယ်. Map ထဲမှာပါတဲ့ မြေပုံတွေအညွှန်းတွေက Vector ကိုအခြေခံပြီးရေးဆွဲထားတာကြောင့် Zoom ဆွဲလိုက်တဲ့အချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ပုံကို တွေရမှာပါ. Turn-by-turn navigation လို့ခေါ်တဲ့ လမ်းသွားနေရင်းအထောက်အကူပြုနိုင်မဲ့ Feature လည်းပါပါတယ်.

New iPad မှာပါ အလုပ်လုပ်နိုင်တဲ့ Siri ပါ. ဒီ Siri ဟာအရင်ကထက်ပိုပြီးဘာသာစကားတွေကို နားလည်နိုင် ပြီး နိုင်ငံတော်တော်များများမှာအလုပ်လုပ်မှာပါ. ပြီးတော့ဒီလိုလုပ်ဆောင်မှုတွေကို လည်းပြုလုပ်နိုင်ဦးမှာပါ.
- ကိုယ်ရဲ့စိတ်ကြိုက် အားကစားတွေရဲ့ရလဒ်တွေ ကစားသမားတွေရဲ့အခြေနေတွေသိချင်ရင်
- အကောင်းဆုံး Restaurant ကိုရှာပြီး Reserve လုပ်မယ်. (ဒီမှာတော့ရမယ်မထင်ဘူးနော် :(
- Movie တွေရဲ့ Review တွေကိုကြည့်နိုင်မယ်.
- Application တွေ Game တွေကို တောင် Siri ကနေ Command ပေးပြီး ဖွင့်နိုင်ဦးမှာပါ.
- Facebook, Twitter စတဲ့ Application တွေမှာ Post တွေတင်ပေးတာကို လည်းလုပ်နိုင်ပါတယ်.


Photo App မှာ Photo တွေကို တိုက်ရိုက် Share လုပ်နိုင်မှာပါ. iCloud on iOS6, Mountain Lion ကိုတင်ထားတဲ့ Mac User တွေဟာ တယောက်နဲ့တစ်ယောက် Photo တွေကို Share နိုင်ပါတယ်. Share ချင်တဲ့ Photo နဲ့ ကိုယ် Share ချင်တဲ့ သူကိုရွေးပေးရုံပါဘဲ. ကိုယ် Share ထားတဲ့ Photo တွေကို Apple Device မသုံးတဲ့သူတွေက Web ပေါ်ကနေကြည့်နိုင်မှာဖြစ်သလို Comment တွေလည်းပေးနိုင်မှာပါ.
Phone App မှာလည်း New Calling Feature တွေပါလာပါတယ်. Phone ကိုင်ဖို့အဆင်မပြေတဲ့အခါ Message ပို့ပြီးမကိုင်ဘဲနေနိုင်ပါတယ်. အရမ်းအလုပ်များနေတဲ့အခါမျိုးမှာ Do Not Disturb ကိုဖွင့်ထား မယ်ဆိုရင် အရေးကြီးတဲ့ Phone တွေကိုပဲလက်ခံမှာပါ.
iOS6 ရဲ့ Safari က iPhone, iPad, and iPod touch တွေအတွက် ပိုမိုကောင်းမွန်တဲ့ Browsing Experience ကိုယူဆောင်ပေးလာပါပြီ. ကိုယ် Browse လုပ်ထားတဲ့ Page တွေကို iCloud ကမှတ်သားထားတာကြောင့် တခြား Device ကိုသုံးရင်တောင် အရင် Browse လုပ်ထားတဲ့ Page ကိုအလွယ်တကူ ပြန်ရနိုင်မှာပါ. Reading List ကလည်း Link ကိုဘဲ Save လုပ်တာမဟုတ်တဲ့အတွက် Offline ဖြစ်နေတဲ့အချိန်မှာပါ Save ထားတာကိုပြန်ဖတ်နိုင်မှာပါ.
ဒီလိုအသုံးဝင်တဲ့ Features တွေအပြင်အခြား Features အသစ်များစွာပါဦးမှာပါ.
iOS6 ကို ထည့်သွင်းအသုံးပြုနိုင်မဲ့ Device တွေကတော့ဒီမှာပါ.
No comments:
Post a Comment