Thursday, July 26, 2012

iTunes Store က iOS App ထဲမှာ Windows Malware တွေ့ရှိကြောင်းသိရပါတယ်


Apple ကသူ့ရဲ့ Mobile Operating System ဖြစ်တဲ့ iOS ဟာလုံးဝ လုံခြုံပါတယ်ဆိုပြီး ဂုဏ်ယူနေခဲ့တာပါ. ဒါပေမဲ့လည်း ဘယ် OS မဆိုချွတ်ယွင်းချက်ရှိနိုင်တာမို့ Viruses, Malwares တွေဆိုတာရှိနေဦးမှာပါ. သိပ်မကြာခင် တုန်းက Find and Call ဆိုတဲ့ App မှာ Malware တစ်မျိုးတွေ့ရှိခဲ့ပြီးအဲ့ဒီ Application ကို Apple က Application Store ကနေအမြန်ဆုံး ဖျက်ခဲ့ပါတယ်. အခုလည်း App Store မှာတရားဝင်ဖြန့်ချီထားတဲ့ Application တစ်ခုမှာ Malware တွေ့ရှိ ခဲ့ပါတယ်.
အဲ့ဒီ Malware က Windows-based Worm ဖြစ်ပြီး Instaquotes: Quotes Card for Instagram ဆိုတဲ့ App ထဲမှာ တွေ့ရှိခဲ့တာပါ. ဒီ Worm က iOS နဲ့ Mac OS တွေအတွက်တော့ ပြသနာမရှိနိုင်ပေမဲ့ Window OS သုံးတဲ့သူတွေအတွက်တော့အန္တရာယ်ရှိပါတယ်.

Apple Support Communities forum က deesto ဆိုသူက Instaquotes ကို Download ပြီးလို့ Virus Scan အဖတ်မှာ Worm.VB-900 ဆိုတဲ့ Malware ကိုတွေ့ရှိခဲ့တယ်လို့ပြောပါတယ်. ဒီ Malware ဟာအခုမှတွေ့တဲ့ အသစ် တော့မဟုတ်ပါဘူး. ဒီ Malware ကို 2009 လောကထဲကတွေ့ရှိခဲ့တာဖြစ်ပြီး Anti-malware program တော်တော်များများက Detect လုပ်နိုင်ပါတယ်. 
ဒါပေမဲ့ CNET ရဲ့ Report အရ Instaquotes: Quotes Card for Instagram ကို App Store ကနေဖယ်ထုတ်ပြီးခဲ့ ပါပြီ. အကယ်၍ဒီ App ကို Download ပြီးသားရှိနေရင် အမြန်ဆုံးဖျက်ပြစ်ကြပါလို့အကြံပေးချင်ပါတယ်.

No comments:

Post a Comment