Saturday, August 18, 2012

Beginner Guide for iDevice Users (iDevice တစ်ခုဝယ်လာပြီဆိုရင် ဘာတွေလုပ်မလဲ)

ပထမဦးဆုံးလုပ်ရမှာကတော့ Computer မှာ iTunes ကို Install လုပ်ဖို့ဘဲဖြစ်ပါတယ်. iDevice တွေမှာ Photo, Music, Video, Books တွေထည့်ဖို့မရှိမဖြစ်ကတော့ iTunes ပါ. (iTunes မသုံးချင်ရင် iTools ကိုသုံးလို့လဲ ရပါတယ်. နောက်ဆုံး Version ဖြစ်တဲ့ iTunes ကို ဒီမှာ Download ရယူနိုင်ပါတယ်. iTools ကို Download ချင်ရင်. (Click here)

နောက်တစ်ခုကတော့ iTunes Account ပါ. iTunes Account ရှိမှ ကိုယ်လိုချင်တဲ့ Application တွေကို iTunes Store ကနေ Download လို့ရမယ်. iCloud ကိုလည်းသုံးလို့ရမယ်. iTunes Account ဖွင့်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် Bank Account, Pay Pal, iTunes Gift Card တွေထဲကတစ်ခုခုလိုမှာပါ. ဒါပေမဲ့ ကိုယ်က Free App လေးတွေဘဲ Download ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ Free Account (ဘာ Credit Card မှမလိုဘဲ) လုပ်တဲ့နည်းကို ဒီမှာ ကိုးကား နိုင်ပါတယ်. (Click here: How to create Free iTunes Account) အကယ်လို့ Account လုပ်ရတာအဆင်မပြေဖြစ်လို့ရှိရင် fidodidokaung@gmail.com ကို Mail ပို့ပြီး iTunes Account တစ်ခုတောင်းဆိုနိုင်ပါတယ်.

နောက်တစ်ခုကတော့ Phone ရဲ့ Security ပိုင်းဆိုင်ရာနဲ့ပြောချင်ပါတယ်. ကိုယ့် Phone ကို အခြားသူတွေ အလွယ်တကူ ကိုင်လို့ဖွင့်ကြည့်လို့ မရအောင် Lock လုပ်ထားစေချင်ပါတယ်. Setting>General> PasscodeLock ထဲမှာ Passcode ထည့်ထားနိုင်ပါတယ်. Passcode မှာ နှစ်မျိုးထားလို့ရပါတယ်. Simple Passcode Toggle ကိုအဖွင့်အပိတ် လုပ်နိုင်ပါတယ်. Simple Passcode ကို On ထားရင် နံပတ်လေးလုံးဘဲ ထည့်လို့ရပြီး Off လုပ်ထားရင် Passcode ကိုရှည်ရှည်ထည့်လို့ ရပါတယ်.

တစ်လက်စထဲ Find My iPhone ဆိုတဲ့ Feature အသုံးချပုံကိုလည်း ပြောချင်ပါတယ်. ဒီ Feature ကိုသုံးဖို့ အတွက် iTunes Account တော့ လိုမှာပါ. အရင်ဆုံး Setting ထဲကနေ iCloud ကို Sign In လုပ်ပါ. လုပ်ပြီးတဲ့ အခါမှာ Allow iCloud to Use the Location of Your iDevice? လို့မေးလာလို့ရှိရင် OK ကိုနှိပ်လိုက်ပါ. ဒါဆိုရင်ရပါပြီ. Computer ကနေ iCloud.com ကို Sign In လုပ်ပြီး Find My iPhone ကိုနှိပ်လိုက်ရင် ကိုယ်ရဲ့ iDevice ရှိနေတဲ့ နေရာကို Map ထဲမှာပြပေးမှာဖြစ်ပါတယ်. အခြား iDevice ကနေလည်း Find My iPhone ဆိုတဲ့ Application ကိုသုံးပြီးတော့ ရှာနိုင်ပါတယ်. ကိုယ့်ရဲ့ Device ကအခု Online ရှိနေရင်လည်း အခု ရှိနေတဲ့ နေရာ. ဒါမှမဟုတ် Offline ဖြစ်နေရင်လည်း နောက်ဆုံး ဘယ်မှာရှိခဲ့လည်း ဆိုတာကိုဖော်ပြပေး မှာပါ. ဒီ Feature ကိုသုံးခြင်းအားဖြင့် ကိုယ့်ရဲ့ iDevice ပျောက်သွားရင်အလွယ်တကူ ရှာတွေ့နိုင်မှာပါ.

ဒီမှာကတော့ iDevice တွေရဲ့ User Guide တွေပါ. iOS5.1 အတွက်ပါ. လိုအပ်ရင် ကိုးကားလို့ရအောင် ဒီမှာတင်ပေးလိုက် ပါတယ်. (Download: For iPhone, iPad, iPod Touch)

No comments:

Post a Comment