iDevice တွေမှာ သုံးနေကြတဲ့ Crack Application တွေကို ဘယ်လိုရလဲဆိုတာကိုပြောချင်ပါတယ်. iTunes Store ကနေ ၀ယ်ထားတဲ့ Application တစ်ခုကို iDevice တိုင်းမှာ Share သုံးလို့မရပါဘူး. Device တိုင်းမှာ သုံးချင်တယ်ဆိုရင် Sync လုပ်ရင်တော့ ရပါတယ်. ဒါပေမဲ့ အဲ့ဒီ Device တခြား Computer နဲ့ Sync လုပ်လိုက်တဲ့ အခါမှာ အရင် Computer နဲ့ Sync လုပ်ထားတဲ့ Application တွေ ပျောက်သွားမှာပါ. အဲဒီတော့ App တွေကို Sync လုပ်တဲ့ အခါ ကိုယ့် Computer တစ်မျိုးထဲနဲ့ Sync လုပ်တာအကောင်းဆုံးပါ. အဲ့လို လုပ်ဖို့ Cracked App တွေလိုမှာပါ.
သူငယ်ချင်းဆီက Paid Application ကိုကိုယ်ကသုံးချင်ရင် Crack လုပ်ခိုင်းဖို့လိုပါမယ်. အဲဒီလို Crack လုပ်ဖို့အတွက် Cydia မှာ Application တစ်ခုရှိပါတယ်. Crackulous လို့ခေါ်ပါတယ်. ပုံမှန်အားဖြင့်တော့ Crack Application တွေကို http://apptrackr.cd/, http://iphonecake.com/appcake/en/, http://apps.su/ စတဲ့ Site တွေမှာ Download လို့ရပါတယ်.
ဒီ Application ကို Install ချင်ရင် Cydia မှာ http://cydia.hackulo.us ဆိုတဲ့ Repo ကို Source မှာ Add ရပါမယ်. ပြီးရင် Search ထဲမှာ Crackulous ကိုရှာပြီး Install လုပ်နိုင်ပါပြီ. Cydia Source ဘယ်လိုထပ်ထည့်ရမလဲ မသိသေးတဲ့ New User တွေ ဒီမှာကိုးကားနိုင်ပါတယ်. (Click here)
Crackulous ကို Install လုပ်ပြီးလို့ ဖွင့်လိုက်ရင် အောက်ကအတိုင်းတွေ့ရမှာပါ. Crack လုပ်ချင်တဲ့ Application ကို နှိပ်ပြီး Crack လုပ်လို့ရနိုင်ပါပြီ.
Crack လုပ်ထားတဲ့ Application တွေကို iFile ကနေ. ဒါမှမဟုတ် Computer ကနေ iTools, iFile, iExplorer စတဲ့ iDevice File တွေကို Explore လုပ်လို့ရတဲ့ Software တွေသုံးပြီး ရှာလို့ရပါတယ်. သူ့ Location က ဒီမှာပါ. /var/root/Documents/Cracked အဲဒီမှာ ရှာလို့ရပါတယ်. Sharing လုပ်ဖို့ကတော့ iFile ကနေ Bluetooth နဲ့ပို့ပြီးဘဲဖြစ်ဖြစ် Computer ကနေ ဘဲဖြစ်ဖြစ် Share လို့ရပါပြီ. Crack Application တွေကို Install လုပ်နိုင်ဖို့ Cydia ကနေ AppSync ကို Install လုပ်ထားရမယ်ဆိုတာကို အထူးပြောစရာ လိုမယ်မထင်ပါဘူး.
No comments:
Post a Comment