Friday, August 24, 2012

eBay မှာ လေလံတင်ရောင်းချခဲ့တဲ့ iPhone4 N90AP Prototype


iPhone4 ရဲ့ ရှေ့ပြေးပုံစံ Prototype ကို eBay မှာ လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်. အဲ့ဒီ Phone မှာ Apple Logo ပါဝင်ခြင်းမရှိဘဲ 2010 February မှာ Twitpic မှာတင်ထားခဲ့တဲ့ ပုံတွေထဲက အတိုင်း Prototype Logo ဖြစ်တဲ့ Protologo ဘဲရိုက်နှိပ်ထားတယ်လို့ သိရပါတယ်. အဲဒီ Prototype iPhone ကို Apple ရဲ့ SwitchBoard Diagnostic Software နဲ့မောင်းနှင်ထားပြီး iPhone4 လုပ်ဆောင်ချက်အားလုံးကို လုပ်နိုင်တယ်လို့ ပြောပါတယ်.
ဒီ iPhone4 Prototype ဟာ iPhone4 နဲ့အတော်ဆင်တူပြီး ကွဲပြားခြားနားတဲ့ အချက်အနည်းငယ်သာ ရှိပါတယ်. Phone ရဲ့ Volume Up/down မှာ +/- ပုံပါဝင်တာမတွေရပါဘူး. ပြီးတော့ အောက်ခြေဘက်မှာ iPhone4 လို မူလီတွေပါဝင် ခြင်းမရှိဘူး. Phone ရဲ့အနောက်ဘက်မှာ ပြောင်းလဲသွားတာကတော့ Logo အပြင် iPhone လို့ရေးထားတဲ့နေရာမှာ Prototype ဆိုပြီးတော့ ရေးထိုထားတာပါ. အဲဒီ Prototype ဆိုတဲ့ အောက်မှာရေးသားထားတာ တွေကတော့ "This device has not been authorized as required by the rules of the Federal Communications Commission” , “May not be offered for sale or lease… until authorization is obtained.”


No comments:

Post a Comment