လက်ရှိသုံးနေကြတဲ့ iPad ထက်ပိုသေးပြီး ဈေးပိုသက်သာမဲ့ iPad Mini တွေထွက်လာတော့မယ်လို့ သတင်းတွေထွက်နေတာတော်တော်ကြာပါပြီ. ဒီသတင်းတွေမှန်မမှန်ကတော့ ဘယ်သူကမှအတတ် မပြောနိုင်ကြပါဘူး.

ဒီပုံတွေက www.apple.pro ကရတဲ့ပုံတွေပါ. အားလုံးမြင်ကြတဲ့အတိုင်းဘဲ iPad ရဲ့အခွံမှာ Camera အတွက် အပေါက်ပါမလာပါဘူး. Apple က iPad mini ကိုဈေးသက်သက်သာသာနဲ့ရောင်းချသွားဖို့အတွက် အနောက်ဖက်မှာ Camera ထည့်မပေးတော့ဘူးလို့ထင်ကြေးတွေပေးကြပါတယ်. ဒါပေမဲ့ 4th Generation iPod မှာတောင် Camera ပါတာ. iPad မှာ Camera ထည့်မပေးတော့ဘူးဆိုတော့ နည်းနည်းတော့စဉ်းစား စရာပါ.


No comments:
Post a Comment