Wednesday, August 8, 2012

iPhone နဲ့တွဲပြီးသုံးနိုင်တဲ့ ဆက်စပ်ပစ္စည်း လေးတွေပါ

iPhone နဲ့တွဲပြီးသုံးနိုင်တဲ့ ဆက်စပ်ပစ္စည်း လေးတွေကို သိစေချင်လို့ တစုတစည်းတည်း ဖော်ပြပေးတာပါ. ကျနော်တို့မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် ရောင်းချ သုံးစွဲခြင်းမရှိပေမဲ့ ဗဟုသုတ ရစေချင်တာကြောင့် ရှာတွေ့တာလေးတွေကိုတင်ပြပေးရုံ သက်သက်ပါ.

1. iPhone 3D Viewer 

ဒါက 3D Viewer ပါ. iPhone ကနေတိုက်ရိုက် 3D ကြည့်လို့ရအောင်ဖန်တီးပေးထားတာပါ. သူ့မှာပါတဲ့ Slot ထဲကို iPhone4/4S ကိုထည့်ပြီး 3D Video, Photo စတာတွေကို တိုက်ရိုက်ကြည့်လို့ရပါတယ်. ဒီ Device ကို Sanwa ကထုတ်လုပ်ထားတာဖြစ်ပြီး $25 နဲ့ဝယ်ယူနိုင်ပါတယ်.




2. Spike: iPhone Case with QWERTY Keyboard (Physical)

ဒါကတော့ iPhone အတွက် QWERTY Keyboard ပဲဖြစ်ပါတယ်. ဒီ Keyboard ကို SoloMatrix က တီထွင်ထားတာဖြစ်ပြီး Spike က iPhone Case နဲ့ပေါင်းစပ်ပြီးထုတ်လုပ်လိုက်တဲ့အခါမှာ အလွန်သေသပ်တဲ့ Keyboard တစ်ခုထွက်လာပါတယ်. Spike ကပုံစံနှစ်မျိုး ထွက်ပါတယ်. ပုံစံလေးပဲအနည်းငယ်ကွာပြီးတော့ ဒီ iPhone Case ကို $50 နဲ့ဝယ်ယူနိုင်ပါတယ်.





3. Hands Free Car Kit for iPhone 

ဒါက TomTom ကမိတ်ဆက်ပေးထားတဲ့ Hands Free Car Kit ဖြစ်ပါတယ်. ဒီ Car Kit ကို ပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး တစ်မျိုးက iPhone အတွက်ဖြစ်ပါတယ်. နောက်တစ်မျိုးကတော့ Android Phone တွေ အတွက်ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်. ဒီ Device ကို USB ကနေတဆင့်အားသွင်းနိုင်ပြီးတော့ 2-Watt Speaker နဲ့ Mic တစ်ခု ပါပါတယ်.




4. PoP Video (Portable Projector)

ဒါကတော့ iPhone ကို Portable Projector အဖြစ်ပြောင်းလဲပေးနိုင်မဲ့ Device လေးပါ. iPhone 3GS/4/4S, iPod Touch 3G,4G တွေနဲ့တွဲသုံးလို့ရနိုင်ပါတယ်. Resolution ကတော 960x540 Pixels အထိထုတ် ပေးနိုင်ပါတယ်. Battery အပြည့်သွင်းထားမယ်ဆိုရင် နှစ်နာရီဆက်တိုက်အသုံးပြုနိုင်ပါတယ်. ဒီ Device ကို သူ့ရဲ့ Website ကနေ $99 နဲ့ဝယ်ယူနိုင်ပါတယ်.




5. Eco-amp (Paper Amplifier)

ဒါလေးကတော့ iPhone အတွက် Amplifier ပဲဖြစ်ပါတယ်. iPhone အတွက် Speak အများကြီးရှိတဲ့ထဲက ဒီ Amp လေးကိုတော့ တော်တော်သဘောကျပါတယ်. ဒီပုံစံ ဒီဇိုင်း ကိုတီထွင် စဉ်းစားခဲ့တဲ့ သူကိုတော့ အရမ်းချီးကျူးဖို့ ကောင်းပါတယ်. ဒီ Amp ကို iPhone 4/4S တို့နဲ့တွဲသုံးနိုင်ပြီး Eco made Website ကနေ $7.99 နဲ့ဝယ်ယူနိုင်ပါတယ်.



ကျနော်အပါအ၀င် မြန်မာပြည်သူပြည်သားအားလုံး အတွက်...
ကြည့်ရုံလေးကြည့်ပြီး သရေကျနေရတဲ့ ဘ၀က မြန်မြန်လွတ်ကင်းနိုင်ကြပါစေ.

No comments:

Post a Comment