Wednesday, August 22, 2012

Wikipedia က အကြောင်းအရာတွေကို PDF အဖြစ်ရယူနိုင်အောင်

Wikipedia ကအကြောင်းအရာတွေကို Offline ဖတ်နိုင်ဖို့ PDF File အနေနဲ့ သိမ်းထားချင်တယ်ဆိုရင် ဒီနည်းကိုသုံးပါလို့ အကြံပြုချင်ပါတယ်. တခြားဒီထက် ပိုကောင်းတဲ့ နည်းလမ်းများလည်း ရှိရင်ရှိနေမှာပါ. ကျနော်ကတော့ ဒီနည်းလေးဘဲသိလို့ ဒါလေးဘဲ Share ချင်ပါတယ်. 

လိုအပ်တဲ့ Tool ကတော့ Safari Download Manager ဘဲဖြစ်ပါတယ်. ဒီ Tweak ကို Install လုပ်ချင်ရင်တော့ ဒီမှာကြည့်နိုင်ပါတယ်. (Click Here

လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကတော့ ဒီမှာပါ. 

အရင်ဆုံး Wikipedia ထဲဝင်ပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာကို ရှာပါ. တက်လာတဲ့ Web Page က Mobile version ဖြစ်နေရင် Desktop ကိုပြောင်းပါ.



ဘယ်ဘက်အခြမ်းမှာရှိတဲ့ Print/export ထဲမှာ Download as PDF ဆိုတာရှိပါတယ်. အဲ့ဒါကို နှိပ်လိုက်ရင် Rendering စလုပ်ပါလိမ့်မယ်.


ပြီးရင် Rendering finished ဆိုတဲ့ အောက်မှာ Download the file ဆိုတဲ့ Highlighted Link လေးပေါ်လာပါမယ်. အဲ့ Link ကိုနှိပ်ပါ.



အဲ့ဒီမှာ Download ဆိုတာပေါ်လာရင် နှိပ်ပါ. ဒါဆိုရင်ရပါပြီ. ပြီးရင် iBook ထဲမှာဖြစ်ဖြစ် အခြား PDF Reader ထဲမှာဖြစ်ဖြစ် ဖတ်လို့ရပါပြီ.


 ဒီ Post ဟာသင့်အတွက် အသုံးဝင်တယ် ဆိုရင် Facebook ပေါ်မှာ Share ပေးပါ.

No comments:

Post a Comment