Thursday, September 6, 2012

အရင် ကျင်းပခဲ့တဲ့ပွဲတွေတုံးက Apple ရဲ့ Invitation များ



အခု Apple Event ရဲ့ Invitation ကိုတော့တွေ့ပြီးကြပါပြီ. ဒါဆိုရင် အရင်က Invitation တွေကိုပြန်မကြည့်ချင် ကြဘူးလား? မြင်ဘူးတယ်ရှိအောင်လို့ပါ. ဒီပုံတွေက Cult of Mac ကနေယူလာတာပါ.


ဒီ Invitation ကတော့ Original iPhone မထွက်ခင် ရက်အနည်းငယ်မှာ ကျင်းပခဲ့တဲ့ WWDC 07 အတွက်ပါ. ဒီပွဲမှာ Apple က Original iPhone ကို 29 June, 2007 မှာစတင် ရောင်းချမယ်လို့ ကတိပေးခဲ့ပါတယ်. Original iPhone ကို စတင်မိတ်ဆက်ပေးခဲ့တာကတော့ 9 January, 2007 ဖြစ်ပြီး စတင်ရောင်းချတဲ့ အချိန်အထိကို ခြေက်လကျော်လောက်ကြာမြင့် ခဲ့ပါတယ်. Original iPhone (iPhone 2G)  ကို Apple က ကတိပေးခဲ့တဲ့အတိုင်း 29 June, 2007 မှာ United State မှာစတင်ရောင်းချခဲ့ပါတယ်. အလုံးရေ ၆.၁ သန်း ရောင်းချခဲ့ပြီး 11 July, 2008 မှာ Original iPhone ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်. Apple က iPhone2G အတွက် Firmware အထောက်အပံ့ကို iPhone OS 3.1.3 မှာဘဲရပ်တန့်ခဲ့ပါတယ်.




ဒီပုံကတော့ iPod Touch မထွက်ခင်က 5 September, 2007 မှာကျင်းပမဲ့ Music-themed Event အတွက်ပါ. iPod Touch 1st Generation ကို 5 September, 2007 မှာ iPod Classic, iPod Nano တို့နဲ့ အတူစတင် ရောင်းချခဲ့ပါတယ်. 




ဒါက WWDC 2008 အတွက်ပါ. ဒီပွဲမှာ Apple က iPhone3G နဲ့အတူ Apple Store ကိုစတင်မိတ်ဆက်ပေးခဲ့ ပါတယ်. iPhone3G ကို မိတ်ဆက်ပေးခဲ့တာက 9 June, 2008 မှာဖြစ်ပြီး 11 July, 2008 မှာ စတင်ရောင်းချ ပေးခဲ့ပါတယ်. iPhone3G ကို စတင်ရောင်းချတဲ့ ပထမတစ်ပတ်မှာတင် အလုံးရေ ၁ သန်းကျော် ရောင်းချခဲ့ရပါတယ်. 4 June, 2010 မှာတော့ iPhone3G ထုတ်လုပ်ခြင်းကို ရပ်ခဲ့ပြီး သူ့အတွက် နောက်ဆုံး Firmware Update ကတော့ iOS4.2.1 ဖြစ်ပါတယ်. 




ဒါက 9 Sept, 2008 မှာ ကျင်းပမဲ့ Music Event အတွက်ပါ. ဒီပွဲမှာ Apple က iPod Touch 2nd Generation, Updated iPod Classic, iPhone OS 2.1, News iPod Shuffle Colors စတာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်.



ဒီပွဲကတော့ iPhone OS 3.0 ကို User တွေလက်ထဲမထည့်သေးခင် အသိပေးမိတ်ဆက်ဖို့အတွက် ပွဲသက်သက်ပါ. ဒီပွဲကိုတော့ March 2003 မှာကျင်းပခဲ့ခြင်းဖြစ်ပါတယ်.



ဒါကတော့ WWDC 2009 အတွက်ပါ. iPhone3GS ကို ဒီဖိတ်စာမှာပဲ ပေါ်ပေါ်တင်တင်ထည့်ပေးထားပါတယ်. ဒီပွဲမှာ Apple က iPhone 3GS ကို iPhone OS 3.0 နဲ့အတူမိတ်ဆက်ပေးခဲ့ပါတယ်. iPhone3GS ကိုတော့ 8 June, 2009 မှာမိတ်ဆက်ပေးခဲ့ပြီး 19 June, 2009 မှာစတင် ရောင်းချခဲ့ပါတယ်.



ဒါက WWDC 2010 ပါ. ဒီပွဲမှာ iOS ဆိုတာကို iPhone4 နဲကအတူ စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်. အရင် iPhone OS လို့ ခေါ်နေခဲ့တဲ့ Firmware ကို iOS ဆိုပြီးစတင်သုံးနှုန်းခဲပါတယ်. iPhone4 ကို 7 June, 2010 မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ 24 Jun, 2010 မှာစတင်ရောင်းချခဲ့ပါတယ်.



ဒါက 2010 September တုန်းကကျင်းပခဲ့တဲ့ Music Event ကဖြစ်ပါတယ်. ဒီပွဲမှာ Apple က Touch Screen ပါတဲ့ iPod Nano ကိုမိတ်ဆက်ပေးခဲ့ပါတယ်. 4th Generation iPod Touch ကိုလည်းဒီပွဲမှာဘဲ မိတ်ဆက်ပေးခဲ့တာပါ.


 
 ဒါက October 2011 မှာကျင်းပခဲ့တဲ့ ပွဲတုန်းကပါ. ဒီပွဲမှာ Apple က iPhone4S, iOS5, iCloud စတာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်. iPhone4S ကို 4 Oct, 2011 မှာမိတ်ဆက်ပေးခဲ့ပြီး 14 October, 2011 မှာစတင်ရောင်းချခဲ့တာဖြစ်ပါတယ်.




ဒါကတော့ အားလုံးမြင်ဖူးပြီးဖြစ်တဲ့ 12 September, 2012 မှာကျင်းပမှာဖြစ်တဲ့ ပွဲအတွက် Invitation ပါ. အားလုံးကတော့ iPhone5 ကိုမျှော်လင့်ထားကြပါတယ်. ရက်ကလည်း အနည်းငယ်သာလိုတော့ပါတယ်.

No comments:

Post a Comment