Saturday, September 29, 2012

Download: Updated iTools



ကျနော်သူငယ်ချင်းများ iTools ကိုသုံးရတာကြိုက်ကြမယ်ထင်ပါတယ်. iTunes မဟုတ်ဘဲ အခြား Application ကို သုံးမယ်ဆိုရင် တော့ iTools ကိုသုံးပါလို့ အကြံပြုချင်ပါတယ်. အခုနောက်ဆုံး Version ဖြစ်တဲ့ iTools မှာ အသွင်အပြင်လေး ပြောင်းလဲထားတာကို တွေ့ရပါတယ်. iTools ကိုသုံးပြီး Application တွေ Install လုပ်တဲ့အခါမှာ အခြားအလုပ်တွေကို လုပ်နိုင်ဖို့ Multitasking ကိုလည်းထပ်ထည့်ပေးထားပါတယ်. Tools ထဲမှာလည်း Make Ringtone ဆိုတဲ့ Feature လေးထပ်ထည့်ပေးထားတာကို တွေ့ရပါတယ်. 

iTools ကိုသုံးပြီး Photo, Video တွေကို Camera Roll ထဲကို ထည့်လို့ရမယ်. အခြား Album တွေ ဖန်တီးပြီးတော့လည်း Photo တွေကို Manually ထည့်လို့ရမယ်. Application ထည့်တဲ့ အခါမှာလည်း အခြား Library နဲ့ Sync လုပ်ခဲ့တဲ့ Device တွေကို ကိုယ့် Computer နဲ့ Application တွေထပ်ထည့်လို့ရမယ်. iTunes ကိုသုံးရင်တော့ အခြား Library နဲ့ Sync လုပ်ထားခဲ့တဲ့ Application တွေ ပျက်သွားမှာပါ. Contacts, Message, Notes တွေကို လည်း Backup, Restore လုပ်လို့ရနိုင်မယ်. Device မှာရှိတဲ့ File တွေကိုလည်း Explore လုပ်လို့ရမယ်.  iTunes မှာမလုပ်နိုင်တဲ့ အဲ့ဒီလို Features တွေပါတဲ့ iTools ဟာအလွန်ကောင်းမွန်တဲ့ Application လေးတစ်ခုပါ. အခြား iPhone Explore, iFunBox စတဲ့ Application တွေရှိပေမဲ့ iTools ကို ပဲသုံးစေချင်ပါတယ်.

iTools 0913 (Eng Version) ကို Download ချင်တယ်ဆိုရင် ဒီမှာပါ. (For Windows, For Mac)



No comments:

Post a Comment