Tuesday, September 18, 2012

iOS6 ထွက်တော့မယ်. SHSH blob တွေ Save ထားကြပါ

မနက်ဖြန် iOS6 ထွက်တော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ထားလိုက်ဖို့သတိပေးချင် ပါတယ်. iDevice ကိုJailbreak မလုပ်ဘဲ ရိုးရိုးသုံးနေတဲ့ သူများကတော့ ဘာမှလုပ်စရာမလိုပါဘူး. Jailbreaker/ Unlocker တွေအတွက်ကိုဘဲ ပြောချင်တာပါ. Device တစ်ခုခုဖြစ်သွားလို့ Restore လုပ်ဖို့ Downgrade လုပ်ဖို့တို့ ကြုံဖူးမှာပါ. iOS6 ထွက်ပြီးတဲ့ အချိန်ကျရင် iOS5.1.1 ကို Sign လုပ်ပေးတာရပ်လိုက်တဲ့ အခါမှာ iOS5.1.1 ကို ပြန်ပြီး Restore လုပ်လို့မရနိုင်တော့ပါဘူး. iOS6 ကိုဘဲ Restore လုပ်လို့ရမှာပါ. ဒါဆိုရင် Jailbreak/ Unlock လုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်. iOS6 အတွက် Jailbreak ကဘယ်တော့မှ ထွက်မယ်မှန်းမသိသေးဘူးလေ. Unlocking Solution တွေလည်း အလုပ် လုပ်မလုပ်က မသေချာသေးဘူး. အဲဒီ အချိန်ကျရင် Restore/ Downgrade လုပ်ဖို့ကို SHSH Blob မရှိဘဲနဲ့ အဆင်ပြေပြေလုပ်လို့မရပါဘူး.

ဒီတော့ SHSH blob ကို Save လုပ်ထားဖို့အကြံပေးချင်ပါတယ်. ပုံမှန်တော့ Jailbreak လုပ်ထားတဲ့ Device တွေမှာ SHSH blob ကို Cydia က Save ထားပေးတတ်ပါတယ်. ဒါပေမဲ့ လက်ထဲမှာ ရှိထားတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်. ဒါကြောင့်မို့ SHSH ကို Save လုပ်နိုင်မဲ့ Tutorial ကို Share ပေးချင်ပါတယ်. SHSH ကို Save လုပ်ဖို့ TinyUmbrella ကိုသုံးပါမယ်. Redsn0w သုံးလည်းရပါတယ်. Redsn0w က အချို့ Device တွေကို SHSH Save လုပ်ဖို့ Support မဖြစ်တာကြောင့် TinyUmbrella ကိုပဲသုံးရအောင်. သူ့ကို သုံးမယ်ဆိုရင်တော့ စက်ထဲမှာ Java Installed ရှိပြီးမှသုံးလို့ရမှာပါ. Java Runtime Environment ကို ဒီမှာ Download ပါ. Install လုပ်ပြီးရင် TinyUmbrella (Download: For Windows, OS X) ကို ဖွင့်ပါ.


အသုံးပြုပုံလေးပါ (iPhone, iPad, iPod အားလုံးအတွက်ပါ)


  1. TinyUmbrella ကိုဖွင့်ပြီးရင်. Device ကို USB နဲ့ချိတ်ပါ.
  2. ဘယ်ဘက်မှာရှိတဲ့ Connected Devices အောက်မှာ Device ကို Select လုပ်ပါ. 
  3. Save SHSH ကို Click လုပ်ပြီးရင် ရပါပြီ. Cydia က SHSH ကို Save လုပ်ချင်ရင်တော့.  "Advanced" ကိုဝင်ပြီး Request SHSH from Cydia ကို အမှန်ခြစ်ပေးပါ.
  4. ပြီးရင် "General" ဆိုတဲ့ Tab အောက်မှာ Saved SHSHs for iDevice ကိုကြည့်ပါ. ကိုယ့် Device အတွက် SHSH တွေကိုတွေ့ရပါမယ်. ဘယ် Folder မှာ Save ထားလဲသိချင်ရင်တော့ "Advanced" မှာဝင်ကြည့်နိုင်ပါတယ်.
 ဒါဆိုရင်တော့ စိတ်ချရပါပြီ. အခုနေမှာ SHSH Save ရတာကို အလုပ်ရှုပ်တယ်မထင်ပါနဲ့. နောင်မှာ အသုံးဝင်ကောင်းဝင်မှာပါ. ဘာပဲဖြစ်ဖြစ်လုပ်ထားလိုက်တာ မမှားပါဘူး.

No comments:

Post a Comment