Thursday, September 13, 2012

iPhone5

Apple Event ကို Yangon အချိန် 11:30 PM (12.09.2012) မှာစတင်ခဲ့ပါတယ်. အရင်ဆုံးစင်ပေါ်ရောက်ရှိလာတဲ့ သူကတော့ Tim Cook ဖြစ်ပါတယ်. Tim Cook ပြီးတော့ နောက်တက်လာတာက Phil Schiller ဖြစ်ပြီး iPhone5 ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်. 





Apple ကထုတ်ခဲ့သမျှ Phone တွေထဲမှာ အပါးဆုံးဖြစ်ပြီးတော့ 7.6 mm သာရှိပါတယ်. အားလုံး မျှော်လင့်ထားခဲ့တဲ့ အတိုင်းဘဲ iPhone5 ဟာ iPhone4S ထက် 18% ပိုပါပြီး အပါးဆုံး Handset ဖြစ်တယ်လို့ပြောပါတယ်. 4-inches ရှိတဲ့ Retina Display ကိုတပ်ဆင်ထားပြီး 326 pixels per inch ရှိပါတယ်. Aspect Ratio ကတော့ 16:9 ဖြစ်ပါတယ်. အားလုံးတွေ့ကြရတဲ့အတိုင်းဘဲ Icon များဟာ 4-rows မဟုတ်တော့ဘဲ 5-rows ဖြစ်လာပါပြီ. Data သိုလှောင်နိုင်တဲ့ ပမာဏကတော့ 16GB, 32GB, 64GB စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာပါ. Processor က A6 Processor ကိုတပ်ဆင်ထားပြီး A5 Processor ထက် နှစ်ဆပိုမြန်ဆန်မှာဖြစ်ပါတယ်. လုပ်ဆောင်ချက်အားဖြင့် နှစ်ဆပိုမြန်ဆန်လာသော်လည်း အရွယ်အစားကတော့ A5 Processor ထက် 22% ပိုမိုသေးငယ်ပါတယ်. 

လုပ်ဆောင်ချက်တွေကို ကြည့်ရမယ်ဆိုရင် Application တွေကိုဖွင့်တဲ့အခါ 2.1 ဆ, iPhoto က ပုံတွေကို Save လုပ်တဲ့အခါ 1.7 ဆ, Music Application ကို Loading လုပ်တဲ့အခါ 1.9 ဆ, Key Note Attachment တွေကို ဖွင့်တဲ့အခါ 1.7 ဆ ပိုမိုမြန်ဆန်လာတာကိုတွေ့ရပါတယ်. Talktime အနေနဲ့ကတော့ 3G Talktime, 3G Browsing မှာ 8hrs, LTE Browsing မှာ 8hrs, WiFi Browsing မှာ 10hrs, Video ကြည့်ရင် 10hrs, သီချင်းနားထောင်ရင် 40hrs, Standby မှာထားရင် 225hrs ခံမှာပါ. 


အနောက်ဖက် Camera ကိုတော့ iSight Camera တပ်ဆင်ထားပြီး 8 Megapixel နဲ့ Backside Illumination ပါပါတယ်. Panorama Mode ကိုလည်းအထောက်အပံ့ ပေးထားပါတယ်. အရှေ့ဖက် Facetime Camera ကတော့ 1.2 megapixel HD Camera ကိုတပ်ဆင်ပေးထားပါတယ်. 



Audio System ကိုကြည့်ရမယ်ဆိုရင်တော့ Microphone သုံးခုပါတာကိုတွေ့ရပါတယ်. အပေါ်အရှေ့ဖက်, အပေါ်အနောက်ဖက် နဲ့အောက်ခြေတို့မှာ ဖြစ်ပါတယ်. Phone ပြောတဲ့အခါသုံးတဲ့ Earpiece ကိုလည်း ပိုမိုကောင်းမွန်လာတဲ့ Noise Cancelling Technology နဲ့ပြုလုပ်ထားပါတယ်. 



Dock Connector ကိုတော့ 8-pins ရှိတဲ့ Lightning Connector ကိုတပ်ဆင်ထားပါတယ်. Sim Card ကတော့ Nano Sim ကိုအသုံးပြုထားပြီး လက်ရှိအသုံးပြုနေတဲ့ Micro Sim ထက်တော်တော်သေးငယ်ပါတယ်. 

iPhone5 ကို 14 September မှာ ကြိုတင်မှာယူနိုင်ပြီး 21 Sept မှာစတင်ဖြန့်ချီမှာ ဖြစ်ပါတယ်. 

ဒါကတော့ iPhone5 ကို 4S, 4 တို့နဲ့နှိုင်းယှဉ်ထားတာပါ. ကြည့်ချင်တယ်ဆိုရင် Click here.

No comments:

Post a Comment