Monday, September 17, 2012

Myanmar Explore: Offline Map ပါပါတဲ့ Business Directory

Myanmar Explore တဲ့ တော်တော်အသုံးဝင်မဲ့ Application လို့ညွှန်းချင်ပါတယ်. သူငယ်ချင်းတစ်ယောက်ရဲ့ Phone ထဲမှာတွေ့လို့ လိုချင်နေတာ တော်တော်ကြာပြီ. ကျနော်ဒီနေ့ မြို့ထဲရောက်တော့ Excellent ကိုရောက်မှ ဒီ Application ကိုရလိုက်တယ်. စိတ်မကောင်းစရာက ဒီ Application ကြီးက 3.31GB တောင်ရှိတယ်ဗျာ. Map တွေကို Offline သုံးလို့ရအောင် လုပ်ထားလို့လားမသိဘူး. File Size ကတော့ တော်တော်ကြီးတာ. ကျနော် Share ပေးချင်ပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်လို့ Share မပေးတော့ ပါဘူးဗျာ. သို့ပေမဲ့ ဒီ Application ကိုလိုချင်ရင် သွားဝယ်လို့ရအောင်လို့ လိပ်စာတော့ ထားခဲ့ပါတယ်. File Size အရမ်းကြီးတဲ့အတွက် တော်ရုံအသုံးမလိုရင် မထဲ့စေချင်ပါဘူး.

ဒီ Directory က Yangon Directory ထက်ကိုကောင်းပါတယ်. စီးပွားရေးလုပ်ငန်း မျိုးစုံရဲ့ Phone no တွေ လိပ်စာတွေလည်း ကြည့်နိုင်တယ်. လိပ်စာအပြင် တည်နေရာကို Map နဲ့ပါပြထားပါတယ်. လမ်းတွေလည်းရှာနိုင်တယ်. နိုင်ငံတကာ Dial Code တွေလည်း ရှာလို့ရမယ်. မြန်မာနိုင်ငံတွင်းက Area Code တွေကိုလည်း ဖော်ပြပေးထားတယ်. iPad အတွက် HD Version တော့မရပါဘူး. iPhone, iPod တွေအတွက်ပဲ အဆင်ပြေဦးမှာပါ. 

ဒီ Directory ကောင်းပါတယ်လို့ပြောပေမဲ့ Android Phone တွေအတွက်ပဲ ပေးထားတဲ့ Go-There-Myanmar ကိုတော့ မမှီပါဘူး. ရှာချင်တာကို ရှာလို့ရတဲ့ အပြင် မသွားတတ်ရင် Bus Directory ပါပေးထားသေးတယ်. Android Phone သုံးတဲ့ သူငယ်ချင်းများရှိရင် ဒီ Apk ကို Download ပါလို့ အကြံပေးလိုက်ကြပါ.

ရန်ကုန်- (၁၀၉) အနော်ရထာလမ်း၊ ၃၇x ၃၈ လမ်းကြား
မန္တလေး- ၇၃လမ်း၊ ၂၉x၃၀ ကြား၊ ပြင်ဦးလွင်၊ လားရှိုးလမ်း၊ အာရောဂျံဆေးရုံရှေ့







No comments:

Post a Comment