Wednesday, October 3, 2012

Bridge: iDevice နဲ့ Down ထားတဲ့ သီချင်းတွေကို Music App ထဲ တခါတည်း ထည့်လို့ရအောင်

ဒီ Cydia App လေးက သီချင်းကြိုက်သူတွေ အတွက်အများကြီးအဆင်ပြေမှာပါ. လုပ်ဆောင်ချက်လေးတွေကတော့ ဒီလိုပါ. သီချင်းတွေကို ဒီ Application သုံးပြီးတော့ တိုက်ရိုက် Download လို့ရမယ်. ဒါမှမဟုတ် အခြား Downloader တစ်ခုခု သုံးပြီးဆွဲထားတဲ့ သီချင်းတွေကို Music App ထဲကို တခါတည်း Import လုပ်လို့ရမှာပါ. Video File တွေကိုလည်း Support လုပ်တယ်ပြောပါတယ်. 

ဒီ Application ကို Install လုပ်ချင်ရင် Cydia မှာ repo.biteyourapple.net / cydia.xsellize.com စတဲ့ Repo တစ်ခုခုကို Add ပါ. ပြီးတော့ Search မှာ Bridge ကိုရှာပြီး Install လုပ်ရင်ရပါပြီ. သွင်းပြီးတဲ့ အခါ ပထမဆုံး Application ကိုဖွင့်လိုက်လို့ Crack Me ဆိုတာလေးတွေ့ရင်နှိပ်ပါ. Crack App ကိုသုံးထားတာဆိုတော့ Activate လုပ်ဖို့ ဒီနည်းကိုသုံးရမှာပါ.


တစ်ဆက်ထဲ သုံးပုံသုံးနည်းလေးကို ပြောပြပါဦးမယ်. ကျနော်ကတော့ သီချင်းကို iDevice ကနေ တိုက်ရိုက် Download ဖို့အတွက် Safari Download Manager ကိုသုံးပါတယ်. Download ပြီးသွားတဲ့ အခါ သီချင်းကိုနှိပ်လိုက်ရင် ဘယ်မှာဖွင့်မလဲဆိုပြီး မေးတဲ့ Option ပေါ်လာပါမယ်. အဲ့ခါကျရင် Open in Bridge ကိုရွေးပေးလိုက်ပါ. Bridge ထဲကို သီချင်းရောက်သွားပြီးဆိုရင် အပေါ်ထောင့်မှာရှိတဲ့ Import ဆိုတာလေးကို နှိပ်ရင်ရပါပြီ. ခဏတော့စောင့်ရပါမယ်.

မြန်မာသီးချင်းမဟုတ်တဲ့ အခြားသီချင်းတွေကို Download ချင်ရင် Mp3skull ဆိုတဲ့ Site ကို ညွှန်းချင်ပါတယ်. 







ဒီလိုမှမဟုတ်ဘဲ သီချင်းကို Download ဖို့အတွက် URL ကိုသိရင် Bridge ကိုဖွင့်ပြီး Download ထဲမှာ URL ကို Paste လုပ်ပြီး Down နိုင်ပါတယ်. နောက်တစ်ခုကတော့  File ထဲကနေ Import လုပ်တာပါ. ခုန Safari Download Manager ကိုသုံးလို့ဘဲဖြစ်ဖြစ် Bluetooth နဲ့ပို့ထားတဲ့ သီချင်းကိုဘဲဖြစ်ဖြစ် Bridge ထဲက File ထဲကို ဝင်ပြီးရှာပါ. ကြိုက်တဲ့ သီချင်းကို ရွေးပြီး Import လုပ်လို့ရပါပြီ. 


No comments:

Post a Comment