Wednesday, May 30, 2012

iPhone4 ကို iOS5.1.1 သို့ Baseband ကို Preserve လုပ်ပြီး Upgrade လုပ်နည်း (For Unlocker)

iPhone4 ကို Gevey Sim, Sam Unlock, Ultrasn0w သုံးပြီး Unlock လုပ်နေသူများအတွက်ရည်ရွယ်ပါတယ်. အဲဒီလို iPhone ပိုင်ရှင်တွေ Upgrade လုပ်လို့ရစေချင်လို့ပါ. iPhone4 iOS5.1.1(9B2.8) ကို Custom Firmware အတွက် Redsn0w က Support မဖြစ်သေးပါဘူး.ဒါကြောင့် Sn0wbreeze နဲ့လုပ်နည်းပြပေးပါမယ်.
SAM Method နဲ့ Unlock လုပ်ထားသူများ Backup လုပ်ရန်မမေ့ပါနှင့်
(Backup လုပ်နည်း
iOS5.1.1(9B208) ကိုဒီမှာ Download ပါ.
Sn0wbreeze 2.9.5 ကိုတော့ဒီမှာ Download နိုင်ပါတယ်.


Sn0wbreeze 2.9.5 ကို ဖွင့်ပါ.

Browse for an IPSW ကိုနှိပ်ပါ.

IPSW ကို Locate လုပ်ပါ. IPSW Verified ဆိုတာကိုတွေပါလိမ့်မယ်. 

ဒါဆိုရင် Continue ကိုနှိပ်ပါ. နောက် Window တစ်ခုပေါ်လာရင် Baseband Preservation Mode ကိုရွေးပါ.



ရွေးပြီးရင်သူက PacMan ဆော့မလားမေးပါလိမ့်မယ်. ဆော့ပြီးတော့စောင့်လို့ရသလို No Thanks ကိုရွေးလိုက်ရင်လည်းရပါတယ်. ရွေးပြီးရင်တော့ Sn0wbreeze က IPSW အသစ်ဖန်တီးပေးပါလိမ့်မယ်.

တော်တော်လေးစောင့်လို့အပြီးမှာ Done ဆိုတဲ့ Window ပေါ်လာရင် OK ကိုနှိပ်ပါ.



နှိပ်ပြီးသွားလို့ သူ့ရဲ့ Instruction အတိုင်းလိုက်လုပ်ရင် DFU Mode ထဲဝင်သွားပါမယ်. ဒါဆို Sn0wbreeze က iDevice ကို Restorable State ကိုရောက်အောင်လုပ်ပေးပါလိမ့်မယ်.

ဒါဆိုရင်တော့ iTunes ကိုဖွင့်ပြီး Shift+Restore ကိုနှိပ်ပါ. Sn0wbreeze က Cook လုပ်ထားတဲ့ Firmware အသစ်ကို Desktop ပေါ်မှာရှာတွေ့နိုင်ပါတယ်. sn0wbreeze_iPhone_4-GSM-5.1.1-9B208 - ဒီလို Name နဲ့ File ပါ.
Download ထားတဲ့ Original Firmware ကို Select မလုပ်မိစေရန်သတိပြုပါ. Original Firmware ကိုအသုံးပြုမိပါက Baseband ပါလိုက်မြင့်သွားပြီး Unlock ရမှာမဟုတ်တော့ပါဘူး.


iTunes နဲ့ Restore လုပ်နေတဲ့အခါဒီလိုပုံလေးမြင်တွေ့နိုင်ပါတယ်.



Firmware Version သာပြောင်းလဲပြီး Modem Firmware(Baseband) မပြောင်းလဲတာကိုတွေ့ရပါမယ်. Baseband: 04.10.01 က iOS4.3.3 က Baseband ပါ.
အားလုံးပြီးပြီဆိုရင်တော့ Jailbreak ကို Absinthe နဲ့ပဲဖြစ်ဖြစ် Sn0wbreeze နဲ့ပဲဖြစ်ဖြစ် Jailbreak လုပ်လို့ရပါတယ်.
Absinthe နဲ့ Jailbreak လုပ်နည်း

No comments:

Post a Comment