Wednesday, May 30, 2012

SAM Method နဲ့ Unlock လုပ်ထားတဲ့ iPhone ကို Update လုပ်ပြီး ဘယ်လို Unlock ပြန်လုပ်မလဲ?

SAM Method နဲ့ Unlock လုပ်ထားတဲ့သူများ iOS5.1.1 ကို Update ရစေချင်လို့ပါ.

Step1: SAM နဲ့ Unlock လုပ်ထားတဲ့သူများ Update လုပ်ချင်တယ်ဆိုရင်အရင်ဆုံးလုပ်ရမှာကတော့ Activation Ticket ကို Backup လုပ်ဖို့ပါဘဲ. (How to Backup)

Step2: Backup လုပ်ပြီးရင် iOS5.1.1 ကို Restore လုပ်ပါ. Baseband ကို Preserve လုပ်ဖို့လိုပါမယ်. (How to update to iOS5.1.1 while preserving baseband...)

Step3: Phone ကို Activate လုပ်ပြီး Jailbreak လုပ်ပါ. (How to jailbreak with Absinthe2.0.2)

Step4: Restore လုပ်လို့ပြီးရင်တော့ Activation Ticket ကို Restore လုပ်ရပါမယ်.
iTool နဲ့လုပ်နည်း။ Cookie နဲ့လုပ်နည်းနှစ်နည်း ပြပေးပါမယ်.
iTool ကို Download ပါ.
အရင်SAM Method ကိုသုံးပြီး Unlock လုပ်တုန်း ကသုံးထားတဲ့ Sim Card ကို Phone ထဲထည့်ပါ. Phone ကို USB နဲ့ ချိတ်ပြီး iTool ကိုဖွင့်ပါ. FileSystem ကိုနှိပ်ပြီး Filesystem(Jailbreaked) ကိုဖွင့်ပါ.
ပြီးရင် /var/root/Library ကိုဝင်ပါ. Lockdown ဆိုတဲ့ Folder ကို Delete လုပ်ပါ.
လုပ်ပြီးရင် Redsn0w နဲ့ Backup လုပ်ထားတဲ့ Lockdown Folder ကို Extract လုပ်ပါ.
Extract လုပ်ပြီးရင် Lockdown Folder ကိုဖွင့်ပါ. Lockdown_>var>root>Library ကိုအဆင့်ဆင့် ဖွင့်ပြီးရင် Lockdown ဆိုတဲ့ Folder ကိုထပ်တွေ့မှာပါ. အဲ့ဒီ Folder ကို ခုနဖျက်လိုက်တဲ့ Lockdown နေရာမှာ (Phone ထဲက var>root>Library)  ပြန်ကူးထည့်ပါ.
ပြီးရင် Phone ကို Power ပိတ်ပြီးပြန်ဖွင့်ပါ. ဒါဆိုရင် Phone မှာ Signal bar တွေတက်လာတာကိုတွေ့နိုင်ပါပြီ.

Cydia မှ Cookie ကိုအသုံးပြုနည်း (WiFi Connection ရှိဖို့တော့လိုပါမယ်)
Cydia ကိုဖွင့်ပြီး Search မှာ Cookie ကို ရှာပြီး Install လုပ်ပါ.
Cookie ကိုအသုံးပြုမယ်ဆိုရင်တော့ Cookie နဲ့အရင် Backup လုပ်ထားမှရမှာပါ.
Install လုပ်ပြီးပြီဆိုရင် ဖွင့်ပြီး Restore Activation ကို နှိပ်လိုက်ပါ. Cheers ဆိုတာလေးပေါ်လာရင်ရပါပြီ.

Phone ကို Power ပိတ်ပြီးပြန်ဖွင့်ရင် Signal bar လေးတွေတွေ့ရပါပြီ.
ဒါဆိုရင် Unlock လုပ်တာရပါပြီ. အရမ်းမပျော်ကြပါနှင့် iTunes နဲ့ချိတ်ရင် မပေါ်ပဲ Error တက်တာကိုကြုံရဦးမှာပါ. ဘယ်လိုဖြေရှင်းရမလဲဆိုတာကြည့်ပါ. ( How to fix it:)


No comments:

Post a Comment