July 10, 2008...လွန်ခဲ့တဲ့လေးနှစ်ဒီလိုနေ့မျိုးမှာ Apple ကသူ့ရဲ့ App Store ကိုမွေးဖွားခဲ့တာပါ. iPhone ရဲ့ငါးနှစ်မြောက်မွေးနေ့ကိုမှတ်မိကြလားမသိဘူး. ပြီးခဲ့တဲ့ June ကပါ. iPhone ကငါးနှစ်ရှိပြီဖြစ်ပြီး. App Store က လေးနှစ်ပဲရှိသေးတယ်ဆိုတော့.. AppStore မရှိတုန်းကဘာ App တွေသုံးလဲဆိုတာစဉ်းစားစရာပါ. အဲဒီအချိန်တုန်းက iPhone မှာ Calendar, Contacts, Mail စတဲ့ Native Application မျိုးတွေသာပါပါတယ်.
(ပျင်းစရာတော်တော်ကောင်းမှာပဲနော်)
App Store ဟာစတင်တဲ့ အချိန်တုန်းက iPhone, iPod Touch တို့အတွက် Third-party App ပေါင်း ငါးရာရှိပြီးတော့ နှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်က Free App တွေဖြစ်ပါတယ်. အဲ့ဒီနေ့က ငါးရာလောက်နဲ့ စခဲ့တဲ့ App Store ဟာ ဒီနေ့ဆိုရင် Application ပေါင်း 630,000 ရှိပါပြီ. App Store ဟာစပြီးဖွင့်တဲ့နေ့ကစပြီး တစ်ပတ် အတွင်းမှာကို Download ဆွဲကြတဲ့ အကြိမ်အရေအတွက်ပေါင်း 10-million ရှိခဲ့ပြီး ဒီလေးနှစ် အတွင်းမှာ 30-billion (သန်းပေါင်းသုံးသောင်း) ရှိပါပြီ.
April 2010 မှာတော့ App Store ဟာ iPad ကိုရောက်ရှိလာခဲ့ပြီး December 2010 မှာ Tablet အတွက် Application ပေါင်း 50,000 ရှိလာခဲ့ပြီး အခုဆိုရင်တော့ App ပေါင်း 250,000 လောက်ရှိပါပြီ.
ဒါတွေကတော့ March 2012 မှာ Apple က 25 billionth Download ကိုကြေငြာတုန်းက Popular အဖြစ်ဆုံး Application တွေပါ.
iPhone – Paid
iPhone – Free
iPad – Paid
iPad – Free
ဒီနေ့ App Store ရဲ့ လေးနှစ်မြောက်မွေးနေ့ကိုကျင်းပရင်းနဲ့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ App Store ကနေ ပထမဆုံး Download ထားတဲ့ Application တွေကို Share ကြည့်ကြရအောင်. Download ထားတဲ့ Application တွေကို ပြန်ကြည့်ချင်ရင် iTunes ထဲကနေ Purchased ကို နှိပ်ကြည့်ရင်မြင်ရပါတယ်.
ကျွန်တော်စစဦးဆုံး Download ခဲ့တဲ့ Application ကတော့ iBook ဖြစ်ပါတယ်.
No comments:
Post a Comment