Monday, July 9, 2012

iOS History Chart

Apple က iOS6 ကို WWDC 2012 မှာထုတ်ပြခဲ့တာဖြစ်ပြီး အခုဆိုရင် Beta2 အဆင့်ကိုရောက်ပါပြီ. iOS တစ်ခုကို မဖြန့်ချီသေးခင်မှာ Beta အဆင့်မှာ ဘယ်လောက်နေလဲဆိုတာကိုသိချင်ကြတဲ့သူတွေအတွက် Chart တစ်ခုနဲ့ပြပေးထားတာပါ. ဒီ Chart ကို Will Hains ဆိုတဲ့သူက Wikipedia ကနေ Reference ယူပြီးတော့ ကိုတည်ဆောက်ထားတာပါ.


Major iOS Software တွေကိုဘဲကြည့်မယ်ဆိုရင် Beta အဆင့်မှာအချိန်အတိုဆုံးနေခဲ့တာကတော့ iOS4 ပါ.  သူက Beta အဆင့်မှာ 74 ရက် ပဲကြာခဲ့ပါတယ်. Beta Version မှာအကြာဆုံးနေခဲ့တာကတော့ iOS5 ဖြစ်ပြီး 128 ရက် ကြာခဲ့ပါတယ်.
အခု iOS6 က Beta2 ရောက်ပြီဖြစ်ပြီး နောက်ထပ်. Beta Version လေး, ငါး ခုလောက်ထပ်ထွက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်.

No comments:

Post a Comment