Sunday, July 29, 2012

Chirp: အသံကတဆင့် File တွေ Transfer လုပ်နိုင်ဖို့

ဒီ Application လေးကို တော်တော်သဘောကျလို့ Share လိုက်တာပါ. Photo, Note, Link... စတာတွေကို အသံလေးနဲ့ပဲပို့ပေးတာပါ. တစ်ခုခုပို့ဖို့အတွက်တော့လက်ခံမဲ့ Device မှာလည်း ဒီ Application ရှိဖို့လိုပါ မယ်. Data တွေကို အရင်ဆုံး Upload ဖို့အတွက် Internet Connection တော့ရှိဖို့လိုမှာပါ. လက်ခံတဲ့သူဘက် ကလည်း Internet Connection ရှိရပါမယ်. Offline သုံးဖို့အတွက်ကတော့ ပို့မယ့် File ကိုအရင်ဆုံး Upload ရပါမယ်. လက်ခံတဲ့သူဘက်က Internet မရှိရင်ပို့ပေးတဲ့ File ကိုမမြင်နိုင်ပါဘူး. Internet ရှိတဲ့အခါကျမှ Loading ပြန်လုပ်မှာပါ. ဒီ Application ကိုဖွင့်ထားပြီး ဒီကထုတ်လွှင့်လိုက်တဲ့ အသံကိုကြားရတဲ့ Device တိုင်းကပို့လိုက်တဲ့ File ကိုရမှာပါ.
Chirp ဟာ Animal Systems' technology ရဲ့ Application တစ်ခုဖြစ်ပြီး ဒီနည်းပညာကိုသုံးပြီးအခြားအသုံးဝင် တဲ့နေရာတွေမှာလည်းသုံးသွားဖို့ကြိုးပန်းနေကြပါတယ်.

ဒီ Application ကို iTunes Store ကနေ အခမဲ့ Download နိုင်ပါတယ်.
အောက်မှာတွေ့ရတဲ့ Plus Sign ကိုနှိပ်ပြီး ကိုယ်ပို့ချင်တာကို Upload နိုင်ပါတယ်. အ၀ါရောင် Tab (chirp it!) ဆိုတာကိုနှိပ်ရင် ငှက်သံလိုလေးကြားရပါမယ်. အသံအဆုံး 2,3 စက္ကန့်လောက်မှာ  Chirp ကိုဖွင့်ထားတဲ့ တခြား Device မှာ Chirp received OK ဆိုတာတွေ့ရပြီး Internet ရှိရင်ပို့လိုက်တဲ့ File ကိုချက်ချင်းမြင်နိုင်ပြီး မရှိရင် Internet ချိတ်တဲ့ အခါမှာ Loading လုပ်ပါလိမ့်မယ်.



ဒီ Application ရဲ့လုပ်ဆောင်ပုံလေးကိုနည်းနည်းပြောပြချင်ပါတယ်.

တကယ်တမ်းတော့ ဒီ Application က အသံကနေတိုက်ရိုက် File တွေပို့လို့ရတာမဟုတ်ပါဘူး. ပို့ချင်တဲ့ File ကိုအရင်ဆုံး Cloud ဆီကို အရင်ဆုံး Upload ပါတယ်. ပြီးတဲ့အခါမှာ Code တွေကိုဖန်တီးပါတယ်. အဲ့ဒီ Code တွေကို အသံအဖြစ်ပြောင်းလဲပါတယ်. လက်ခံတဲ့ Device မှာကတော့ ပို့လိုက်တဲ့ အသံကို Decode ပြန်လုပ်ပါတယ်. ပြီးတော့ ခုန Upload ထားတဲ့ Cloud ဆီက File ကို ပြန်ပြီး Download ပါတယ်. ဒီနည်းနဲ့ Data တွေကို ပို့နိုင်လက်ခံနိုင်တာပဲဖြစ်ပါတယ်. အနားမှာ Device ဘယ်နခုရှိရှိ ဒီ App ကိုဖွင့်ပြီး ဒီ App ကထုတ်လွှင့်လိုက်တဲ့အသံကို ကြားတဲ့ Device တိုင်းက Data ကိုလက်ခံရရှိမှာဖြစ်ပါတယ်. အံ့သြစရာကောင်းတာက ဒီ Application ကအရမ်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာတောင် အလုပ်လုပ်နိုင် တာပဲဖြစ်ပါတယ်.

No comments:

Post a Comment