Sunday, July 29, 2012

Airblue: ဘယ် Device နဲ့မဆို Bluetooth File Sharing လုပ်လို့ရအောင်ပါ (Update)

iPhone, iPod, iPad တွေမှာ Bluetooth File Sharing မရတဲ့ပြသနာဟာတော်တော် ဆိုးပါတယ်. သူငယ်ချင်း တွေနဲ့တခါတလေ File Sharing လုပ်ချင်တဲ့အခါအတော်လေး ဒုက္ခရောက်ပါတယ်. ဒါကြောင့်မို့ ဒီ Cydia Application ကိုမိတ်ဆက်ပေးခဲ့တာပါ.
ဒီ Cydia Application ကို June လောက်ထဲက Share ပေးခဲ့တာ. ဒီ App ကိုအဆင်ပြေပြေသုံးလို့ရတဲ့သူတွေ လည်းရှိသလိုမပြေတဲ့သူတွေလည်းရှိပါတယ်. ပြသနာကတော့ Bluetooth နဲ့ File အလွှဲပြောင်းလုပ်ရာမှာ ပို့လို့ပဲရပြီး လက်ခံလို့မရတာပါ. ဒီပြသနာကိုဖြေရှင်းဖို့အတွက် ဒီ Update ကိုထပ်တင်ရခြင်းဖြစ်ပါတယ်.

အရင်ဆုံး Download ရန်များ...
  1. iTools
  2. AirBlue Stack (com.ericday.blued_1.3.12_iphoneos-arm.deb)
Step1: အရင်ဆုံး http://repo.biteyourapp.net/ ကို Source မှာ Add ပါ. ( For New User: How to add Cydia Source?)
Step2: AirBlue Sharing Cracked ကိုရှာပြီး Install လုပ်ပါ.
Step3: ခုန Download ထားတဲ့ Airblue Stack ကို Copy လုပ်ပါ. iTools ကိုဖွင့်ပြီး အောက်မှာပြထားတဲ့ Directory ကိုရောက်အောင်သွားပါ. ပြီးရင် Paste လုပ်ပါ. ပြီးရင် Device ကို Power Off ပြီးပြန်ဖွင့်ပါ.         
          /private/var/root/Media/Cydia/AutoInstall/

AirBlue Sharing ရှိပြီးသားသူတွေကတော့ Step3 ကိုပဲလုပ်စရာလိုမှာပါ.
iPhone4, iPad2 မှာစမ်းကြည့်ပြီးမှ Share လိုက်ခြင်းဖြစ်ပါတယ်. Bluetooth ကိုသုံးပြီး File ပို့ခြင်းလက်ခံခြင်း များကို အဆင်ပြေပြေလုပ်နိုင်ပါတယ်.

Application ရဲ့အမည်ကို Airblue Sharing Cracked ဆိုပြီးတွေ့နိုင်ပါတယ်.
 
ဒီ Application ကို Install ပြီးရင် သုံးရအဆင်မပြေဖြစ်မှာစိုးလို့ဘယ်လိုသုံးရတယ်ဆိုတာ Share ချင်ပါတယ်.
သူ့ကိုသုံးချင်ရင် Status Bar ကို Double Tap ခပ်မြန်မြန်လေး နှစ်ချက်နှိပ်ပါ. (မှတ်ချက်: Double Tap ဆိုတာက Default ဖြစ်လို့ပြင်ချင်တယ်ဆိုရင် Setting ထဲမှာ AirBlue Sharing>Activation method မှာဝင်ပြောင်းနိုင် ပါတယ်.

အဲဒီအခါမှာ Airblue Sharing ဆိုတာလေးပေါ်လာပါပြီ.

ကိုယ်ကအခြား Device ကို Photo တွေ Send ချင်တယ်ဆိုရင် Photo Application ထဲဝင်ပြီး Option မှာ Bluetooth ကိုနှိပ်ပါ. Pair လုပ်ဖို့အတွက် Code တောင်းရင် တော့ Code ထည့်ပေးလိုက်ပါ.

File sent ဆိုတာလေးပေါ်လာရင်ရပါပြီ.


အခြား Device တစ်ခုခုကနေပြီး Bluetooth Share ချင်ရင်လည်းဒီတိုင်းပါပဲ. Status Bar ကို Double Tap ခပ်မြန်မြန်လေး နှစ်ချက်နှိပ်ပါ. ပို့ချင်တဲ့ Device ဆီကနေ ကိုယ့်ရဲ့ iDevice ကိုရှာပါ. Send ကိုနှိပ်ပြီးရင် Pair လုပ်ဖို့အတွက် Code တောင်းရင် တော့ Code ထည့်ပေးလိုက်ပါ. Accept လုပ်မလုပ်မေးတဲ့အခါ Accept ကို နှိပ်လိုက်ရင်ရပါ ပြီ. Receive လုပ်ထားတဲ့ File က Photo ဆိုရင် Camera Roll မှာ ရှာတွေ့နိုင်ပါတယ်.

အခြား File တွေပို့ချင် လက်ခံချင်တယ်ဆိုရင်တော့ iFile ကိုအသုံးပြုနိုင်ပါတယ်.



No comments:

Post a Comment