Sunday, August 19, 2012

iDevice တွေအတွက် Tips တွေပါ

iDevice တွေအတွက် အသုံးဝင်နိုင်မဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်. သိတာလေးတွေပါသလို မသိတာတွေလည်းရှိမှာပါ. iPhone, iPad, iPod Touch အားလုံးမှာသုံးလို့ရပါတယ်.

Quick Period (Full Stop ကိုခပ်မြန်မြန်လေး ရိုက်လို့ရအောင်)

စာတစ်ခုခုရိုက်ပြီးသွားလို့ Space bar ကိုခပ်မြန်မြန်နှစ်ခါ နှိပ်လိုက်တဲ့အခါ Full stop လေးပေါ်လာတာကို တွေ့ရပါမယ်. ပုံမှန် ဆိုရင် Full Stop က 123 ခလုတ်ကိုနှိပ်ပြီးမှ နှိပ်လို့ရမှာလေ. အဲဒီ Feature ကိုသုံးချင်လည်းရပါတယ်. မသုံးချင်ရင်လည်း Setting>Keyboard ထဲကနေ "." Shortcut ကို On/Off လုပ်လို့ရပါတယ်.



Quick Text Selection (စာလုံး စာပိုဒ်တွေကို Select ပေးမယ်)

စာလုံးတစ်လုံးချင်း ဒါမှမဟုတ် စာပိုဒ်တစ်ခုလုံးကို Copy လုပ်ချင်ရင်ပဲဖြစ်ဖြစ် Delete လုပ်ချင်ရင်ဘဲဖြစ်ဖြစ် Select လုပ်တဲ့အခါ စာသားကိုအကြာကြီးနှိပ်ထားလို့ရှိရင် Select/Select All/Paste ဆိုပြီးတော့ Menu ပေါ်ပါတယ်. နှစ်ချက်နှိပ်ရင်တော့ အဲဒီစာလုံးကို Select လုပ်ပါလိမ့်မယ်. ဒါမှမဟုတ်ဘဲ  လေးချက်နှိပ်ရင်တော့ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်. နောက်တစ်ခု သတိထားမိကြသေလား မသိဘူး. စာလုံးတစ်ခုကို Select ပေးပြီးတဲ့ အခါ. Define ဆိုတာ လေးပါတာကို. စာလုံးရဲ့ အဓိပါယ်ကို သိချင်ရင်အဲ့ဒီ Define ကိုနှိပ်ရင် ရပါတယ်.





Quick Caps and Symbols (စာလုံးအကြီးကိုမြန်မြန်ရိုက်ချင်ရင်)

ပုံမှန်အတိုင်းဆိုရင် အပေါ်မျှား (Shift) လေး တစ်ချက်နှိပ်ပြီးမှ Capital Letter တို့Symbol တို့ကိုနှိပ်တတ် ပါတယ်. အဲလိုမှမဟုတ်ဘဲ အလျင်လိုရင်တော့ Shift key က နေလိုချင်တဲ့ စာလုံးဆီကို တိုက်ရိုက် (Drag) ဆွဲချ သွားလို့ရပါတယ်.


Hold Down Certain Keys (မြုပ်နှံထားတဲ့ Keyboard Symbols များ)

Keyboard ကတချို့ စာလုံးတွေမှာ မြုပ်ထားတာလေးတွေရှိပါတယ်. Safari မှာ URL တစ်ခုရိုက်လို့ရှိရင် .com ကိုရိုက်ဖို့တော့ ခလုတ်တစ်ခု ပါပါတယ်. .com မဟုတ်ဘဲ .net.mm .asia .net .mm .org စတာတွေကို ရိုက်ချင်ရင်တော့ .com ခလုပ်ကို ခဏဖိထားလိုက်ပါ. ဒါဆိုရင် ပေါ်လာပါလိမ့်မယ်. ဒီ ခလုပ်တင်မကဘဲ အခြား Key လေးတွေမှာပါ မြုပ်ထားတာလေးတွေရှိပါတယ်. 

Letter မှာဆိုရင် E, Y, U, I, O, A, S, L, Z, C, N
Symbols တွေမှာတော့ Dollar Sign, Dash, Ampersand, Quotes, Period, Question Mark, Exclamation Point, Apostrophe, and Percent တွေကို နှိပ်ရင် တခြား Symbol လေးတွေ တွေ့နိုင်ပါတယ်. စမ်းသပ်ကြည့်နိုင် ပါတယ်.


Screenshot 

တခါတလေ Webpage တွေကြည့်ရင်း Facebook သုံးရင်းနဲ့ ကိုယ့်အတွက် အသုံးဝင်နိုင်တာလေးတွေ ကြိုက်တာလေးတွေ တွေ့ရင် ဘယ်လိုမှတ်ရမှန်း မသိ ဖြစ်တတ်ကြပါတယ်. အဲ့ဒါကို ဖြေရှင်းချင်ရင်တော့ Screenshot သာရိုက်လိုက်ပါ. Home Key ကို Sleep Key နဲ့သာတွဲနှိပ်ပြီးတော့ Screenshot ရိုက်လို့ရပါတယ်.



Caps Lock

Computer Keyboard တွေလိုမှာဘဲ iDevice Keyboard တွေမှာလည်း Caps Lock ပါပါတယ်. Shift key ကိုခပ်မြန်မြန်နှစ်ချက်သာ နှိပ်လိုက်ပါ. ပြာသွားပြီဆိုရင် Caps Lock ပွင့်ပါပြီ. အဲဒီ Feature ကိုမသုံးချင်ရင် Setting>Keyboard ကနေ Enable Caps Lock ကို ပိတ်လို့ရပါတယ်.


Restart iPhone

Phone သုံးနေရင်းနဲ့ လုံးဝ Hang သွားလို့ရှိရင် Freeze ဖြစ်သွားလို့ရှိရင်ဘာလုပ်မလဲလို့ တွေးဘူးလားမသိဘူး. ဖြစ်ခဲလှတဲ့ ကိစ္စပေမဲ့ လုံးဝဖြစ်မလာဘူးလို့တော့ ထင်မထားပါနဲ့. ဖြစ်လာလို့ရှိရင် ဒီနည်းကိုသာ သုံးလိုက်ပါ. Home နဲ့ Sleep Button ကိုကြာကြာလေးနှိပ်ထားလိုက်ပါ. Screen အမဲပြတဲ့အထိ. ပြီးရင် Power ပြန်ဖွင့်လိုက်ရင် ရပါပြီ.


Save Image (Browser တွေထဲမှာ Photo တွေ Save လုပ်လို့ရအောင်)

Safari သုံးနေရင်းနဲ့ Photo တစ်ခုတွေ့လို့ Save လုပ်ချင်တဲ့အခါ အဲ့ဒီ ပုံကိုခပ်ကြာကြာလေး နှိပ်ပါ. Save Image ပါတဲ့ Menu တစ်ခုပေါ်လာရင် Save လုပ်လို့ရပါပြီ. Facebook မှာဆိုရင်တော့ Photo ကိုဖွင့်ပြီးရင် ညာဘက် အပေါ်ထောင့်က ခလုပ်ကိုနှိပ်ရင် Save Photo ဆိုတဲ့ Menu ပေါ်လာမှာပါ.


Scroll to Top

Web Browsing လုပ်နေတဲ့အခါ Facebook, Twitter တို့သုံးတဲ့အခါ Timeline ကိုကြည့်ရင်း ကြည့်ရင် ဟိုးအောက်ဘက် ကိုရောက်သွားတဲ့အခါ. အပေါ်ကို ပြန်ရွှေ့နေ စရာမလိုပါဘူး. Status bar ကို တစ်ချက် နှိပ်လိုက်ရင် အပေါ်ဆုံးကို ပြန်ရောက်သွားမှာပါ.





Spotlight Search

Spotlight Search ဟာ ကိုယ့် Phone ထဲက Content တွေကို ရှာပေးရုံတင်မကဘဲ Web Search နဲ့ Wikipedia တို့မှာပါ Search လုပ်နိုင်ပါတယ်.


ကျနော်ပေးတဲ့ Information တွေဟာ သင်တို့အတွက် အသုံးဝင်တယ်ဆိုရင် သင့်ရဲ့ Facebook စာမျက်နှာပေါ်မှာ Share ပေးစေချင်ပါတယ်.

No comments:

Post a Comment