Sunday, August 19, 2012

Springtomize 2: iDevice ရဲ့Springboard ကိုလိုသလို Customize လုပ်လို့ရအောင်

ကိုယ် Phone ရဲ့ Springboard ကိုကြိုက်သလို အလှဆင်မယ်. ကြိုက်တာတွေထပ်ထည့်မယ်. မကြိုက်တာတွေ ဖြုတ်ပစ်မယ်. အားလုံးကို ကြိုက်သလို Customize လုပ်လို့ရအောင်လို့ ဒီ Application ကို Install လုပ်နိုင်ပါတယ်. 

ဒီ Application ကို သွင်းချင်ရင် http://repo.biteyourapple.net/ ကို Cydia Source မှာ Add ပါ. ပြီးရင် Search ထဲမှာ Springtomize 2 ဆိုပြီးရိုက်ထည့်ပြီး Install လုပ်နိုင်ပါတယ်. (သင့်ရဲ့ Phone ဟာ Jailbreak လုပ်ပြီးသားလို့ ယူဆပါတယ်) New User တွေအတွက် Cydia မှာ Source Add တဲ့ နည်းကို ဒီမှာ ကိုးကားနိုင်ပါတယ်. (Click here)




Animations
ဒီ Animations ဆိုတဲ့ Setting ကတော့ Page တစ်ခုနဲ့တစ်ခု အကူပြောင်းမှာ Animation လေးထည့်ပေးတာပါ. ဥပမာ- Setting ထဲကနေ General ထဲကိုဝင်မယ်ဆိုရင် ပုံမှန်အတိုင်းဆိုရင် ခပ်မြန်မြန်လေးပြောင်းပါတယ်. အဲ့ဒါကို ဒီ Setting ထဲကနေကြာချိန် လိုသလောက်ပြောင်းပေးနိုင်ပါတယ်. 
Lock Animation မှာဆိုရင် Old TV Animation ကအရင်တုန်းက TV အဟောင်းတွေပိတ်တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ပေးတာပါ. Sleep Button ကိုနှိပ်ရင် ပုံမှန်အတိုင်းမပိတ်ဘဲ Animation လေးနဲ့ပိတ်တာပေါ့. 
Screenshot Flash ကတော့ Phone ကို Screenshot ရိုက်တဲ့ အခါမှာ ပုံမှန်အတိုင်း အဖြူ Screen မပေါ်ဘဲ ကြိုက်ရာအရောင်ကို ပေါ်စေနိုင်ပါတယ်.


Capabilities
ဒီ Section ကတော့ Phone မှာပါတဲ့ Features တွေကို သုံးလို့မရအောင်လုပ်မယ်. ဖျောက်ထားတဲ့ Features တွေကို သုံးလို့ရအောင်လုပ်မယ် ဆိုရင် သုံးရပါမယ်. Phone, SMS, Contacts စတဲ့ Application  တို့ကိုပါ ဖျောက်ပစ်လို့ ပါရပါတယ်.




Dock
ဒီမှာ ပါတဲ့ Setting တွေကတော့ Dock နဲ့ပတ်သက်တဲ့ Setting တွေပါ. Dock ကိုဖျောက်ပစ်လို့ရမယ်. Labels တွေ Dock အောက်က Reflection, Shadow တွေဖျောက်ပစ်လို့ရမယ်. CoverFlow Effect ထည့်ရင် Dock က Icon တွေ အမြင်တစ်မျိုးဆန်းသွားတာကို တွေရပါမယ်. Concave, Convex, Convex (Outside) ဆိုပြီး Mode သုံးမျိုးနဲ့ ပြောင်းလဲနိုင်တာကို တွေ့ရပါတယ်.




Lockscreen
ဒါကတော့ Lockscreen ကို Customize လုပ်နိုင်မဲ့ Setting တွေဘဲဖြစ်ပါတယ်. Display Seconds: Lockscreen မှာပါတဲ့ နာရီကို စက္ကန့်ပါပြခိုင်းလို့ရမယ်. Always Charging: Background မှာ Battery ပုံအမြဲတမ်းပြအောင်. Always Show WP: အားသွင်းနေတဲ့အခါမှာ Battery ပုံမပြဘဲ Wallpaper ပုံဘဲအမြဲပြအောင်. Disable Camera Button: Lockscreen မှာပါလာတဲ့ Camera Button ကိုဖျောက်လို့ရမယ်. Hide Top Bar:  Lockscreen ကနာရီကို ဖျောက်လို့ရမယ်.
Custom Label ကတော့ Slide to Unlock ဆိုတဲ့နေရာမှာ အခြားကိုယ်ကြိုက်ရာစာသားကိုထည့်နိုင်မှာပါ. English ဘာသာနဲ့သာမကဘဲ မြန်မာဘာသာနဲ့ပါထည့်နိုင်မှာပါ.


Icons
ဒီ Setting ကတော့ Icons တွေအတွက်ပါ. Hide Labels: Icon က Label တွေဖျောက်မယ်. Lock Moving: Wiggle Mode ထဲရောက်နေတဲ့ အချိန်မှာ Icon တွေကို ရွှေ့လို့မရအောင်. Disable Jittering: Homescreen ကနေ Wiggle Mode ထဲဝင်လို့မရအောင်. Disable Unistalling: Application တွေကို ဖျက်လို့မရအောင်. Disable All Badges: Icon မှာပေါ်နေတဲ့ နံပါတ်တွေကိုမပေါ်တော့အောင် (SMS Application မှာဆိုရင် Msg ဘယ်နခုရောက်နေလဲဆိုတာပြတဲ့ နံပါတ် (Badge) ကိုပြောတာပါ.) 2 Tap Clear Badge: Icon မှာ ပေါ်နေတဲ့ Badge တွေကို Wiggle Mode ကနေ Double Tap နှိပါပြီး ဖျောက်လို့ရအောင်. Resize Icons: Icon တွေကို အရွယ်ပြောင်းလို့ရအောာင်.


Folders
Folders Closebox: ဒါက Folder တစ်ခုထဲမှာ Icon တွေအများကြီးထည့်ထားရင် အဲ့ဒီ Folder ကိုဖျက်ရုံနဲ့ အထဲက Icon (Application) တွေအကုန်ပျက်သွားမယ်. Hide Preview: Folder ထဲမှာ ရှိတဲ့ Icon တွေကို Preview မမြင်ရအောင်. Use Custom Number: Folder ထဲမှာ Icon ထည့်နိုင်တဲ့ အရေအတွက်ကန့် သတ်ထားပါတယ်. အဲ့ဒါကို ဖျောက်နိုင်ဖို့ပါ.




Status Bar
Status Bar ကို လိုသလို ပြုပြင်နိုင်ဖို့ပါ. Custom Carrier ကတော့ MM900 နေရာမှာ ကြိုက်တဲ့နာမည် ထည့်နိုင်အောင်ပါ. Custom Time ကတော့ အချိန်ကို ကြိုက်နှစ်သက်ရာပုံစံနဲ့ ပြနိုင်အောင်ပါ. WiFi IP, Free RAM စတာတွေလည်း ထည့်လို့ရပါတယ်. အချိန်တင်မကဘဲ ရက်ပါပြအောင် လုပ်နိုင်ပါတယ်. Hide Status Bar Items မှာတော့ Status Bar က ပုံလေးတွေကို Hide/Show လုပ်နိုင်ဖို့ပါ.



Notification Centre
Notification Centre အတွက် Setting တွေပါ.  Disable ကို On လိုက်ရင်တော့ Notification Centre ကိုဆွဲချလို့ရမှာ မဟုတ်တော့ ပါဘူး. Custom Background ကတော့ Noti: Centre ကို ကြိုက်ရာ Background ထဲ့ လို့ရနိုင်အောင်ပါ.



Time Machine ဆိုတဲ့ Option ကတော့ ကိုယ်လုပ်ထားတဲ့ Setting တွေ Customization တွေကို Backup/Restore လုပ်နိုင်ဖို့အတွက်ပါ. 

လုပ်ချင်တာတွေ လျှောက်လုပ်ပြီးသွားလို့ Setting တွေကိုမူလအတိုင်းပြန်ထားချင်တဲ့အခါ Reset Default ကို Setting ထဲက More ထဲမှာ ရှာတွေ့နိုင်ပါတယ်. 



No comments:

Post a Comment