Thursday, August 30, 2012

IFA 2012 မှာ Samsung က မိတ်ဆက်ပေးခဲ့တဲ့ Device များ



Berlin, Germany မှာ IFA 2012 Event ရှိတာအားလုံး သိပြီးသားဖြစ်မှာပါ. ဒီပွဲကတော့ နောက်ဆုံးပေါ် Electronics နဲ့ အိမ်သုံးပစ္စည်းတွေကို ပြသတဲ့ Trade Show ပဲဖြစ်ပါတယ်. အဓိကဦးတည်ပြီး ပြသတဲ့ ပစ္စည်းတွေကတော့ Smart TV, Tablet, Smart Phone, High End Coffee Machine တွေပဲ ဖြစ်ပါတယ်. အဲဒီပွဲက ဒီနေ့ 31 Aug မှာစတင်ပြီး 5 Sept မှာပြီးဆုံးမှာ ဖြစ်ပါတယ်.
 
ဒီပွဲမှာ Samsung ပွဲထုတ်ပြသသွားတဲ့ Device များကို စုစည်းတင်ပြပေးချင်ပါတယ်. အခြား Company က Device များကိုတော့ နောက် Post တွေမှာ ဖော်ပြပေးသွားပါမယ်.
 
Samsung Galaxy Note II
2-300812
ဒါကတော့ ဒီမနက်ကပဲ တင်ပြထားပြီးပြီ ဖြစ်တဲ့ Samsung Galaxy Note II ပါ. Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Android 4.1( Jelly Bean) ကိုထည့်သွင်းပေးထားပြီး Display ကတော့ 5.5-inches Super AMOLED နဲ့ဖြစ်ပါတယ်. နောက် Camera ကတော့ 8-megapixel ဖြစ်ပြီးတော့ ရှေ့ Camera ကတော့ 1.9-megapixel ဖြစ်ပါတယ်.
 
Samsung Galaxy Camera
5-300812
Samsung ကနောက်တစ်ခု မိတ်ဆက်ပေးလိုက်တာကတော့ Samsung Galaxy Camera ပဲ ဖြစ်ပါတယ်. 16-megapixel ပါတဲ့ ဒီ Camera ဟာ 4.8-inches ရှိတဲ့ HD Super Clear LCD Display ကိုတပ်ဆင်ထားပါတယ်. သူ့မှာ ထူထူခြားခြား ပါဝင်လာတဲ့ Feature တွေကတော့ Voice-control, Photo Organizing, Photo-sharing စတာတွေဖြစ်ပါတယ်. Voice-control Feature ဟာ ဓာတ်ပုံရိုက်တဲ့ အခါ Shoot, Zoom-in, Zoom-out စတဲ့ Command တွေကို ပေးနိုင်မှာပါ. Photo Organizing ကတော့ Face detection ကိုအသုံးပြုပြီးတော့ လူတစ်ဦးစီရဲ့ပုံတွေကို တစ်စုတစ်စည်းထဲ စုပေးနိုင်မှာပါ. Photo Sharing အတွက်ကတော့ Wifi, 3G, 4G စတာတွေကနေ Sharing လုပ်နိုင်မှာပါ. Camera ကို WiFi+3G, WiFi+4G စတဲ့ Version နှစ်မျိုးနဲ့ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး Operating System အနေနဲ့ကတော့ Android 4.1 (Jelly Bean) ကိုဘဲ အသုံးပြုထားပါတယ်.
 
 
Samsung ATIV Smart PC and ATIV Smart PC Pro
13-300812

ဒါကတော့ Samsung ATIV Smart PC နဲ့ ATIV Smart PC Pro တို့ဖြစ်ပါတယ်. ဒီ နှစ်မျိုးကပုံစံချင်းကတော့ ဆင်ပါတယ်. ပါဝင်တဲ့ Hardware တွေ ကွာပြီး Performance မတူညီတာပဲ ရှိပါတယ်. နှစ်မျိုးလုံးမှာ Windows 8 Operating System ကိုထည့်သွင်းပေးထားပါတယ်. နှစ်ခုစလုံးမှာ ဖြုတ်နိုင်တပ်နိုင်တဲ့ Keyboard ပါပါတယ်. Tablet ပုံစံဘဲ ဖြစ်ဖြစ် Notebook PC ပုံစံမျိုးဖြစ်ဖြစ် နှစ်မျိုးသုံးလို့ရပါတယ်. Display ကတော့ 11.6-inches ရှိပြီးတော့ ATIV Smart PC က 9.9mm ထူပြီးတော့ Intel Atom Processor ကို တပ်ဆင်ပေးထားပြီး USB 2.0, microHDMI, miniSD တွေပါဝင်ပါတယ်. Battery life ကတော့ 13.5 hours ထိခံမှာပါ. ATIV Smart PC Pro က 11.9mm ထူပြီး Intel Core i5 Processor ကိုတပ်ဆင်ပေးထားပါတယ်. USB 3.0, microHDMI, miniSD စတာတွေပါဝင်ပြီး Battery Life က 8 hours ဖြစ်ပါတယ်.
 
Samsung ATIV Tab
samsung-ativ-tab-pr

ဒါက Samsung ATIV Tab ပါ. ATIV Tab ကို Windows RT Operating System ထည့်သွင်းပေးထားပါတယ်. Windows RT ဆိုတာက Tablet ကဲ့သို့သော Device များအတွက်ရေးသားထားတဲ့ Windows 8 ရဲ့ Version နောက်တစ်မျိုးဖြစ်ပါတယ်. ဒီ Tablet မှာ 1.5 GHz Dual-core processor ကိုတပ်ဆင်ပေးထားပြီးတော့ 10.1-inches ရှိတဲ့ LCD Display ကိုတပ်ဆင်ပေးထားပါတယ်. အထူကတော့ 8.9mm ရှိပြီး အလေးချိန်အားဖြင့် 570g လေးပါတယ်. အနောက်ဖက် Camera ကတော့ 5 megapixel ဖြစ်ပြီး LED Flash ကိုတပ်ဆင်ပေးထားပါတယ်. အရှေ့ဖက်မှာတော့ 1.9 megapixel ရှိတဲ့ Camera ပါရှိပါတယ်. အခြားပါဝင်တဲ့ Features တွေကတော့ Bluetooth 4.0, USB 2.0, WiFi, microHDMI, NFC တို့ဘဲဖြစ်ပါတယ်.
 
Samsung ATIV S
10-300812

ဒါကတော့ ပထမဦးဆုံး Windows Phone 8 ပါ. ATIV S မှာ 1.5GHz Dual-core Processor, 1GB Ram ကို တပ်ဆင်ပေးထားပြီးတော့ Network အားဖြင့် HSPA 42 Connectivity ကို အထောက်အပံ့ပေးမှာပါ. 4.8-inches HD Super AMOLED Display ကိုတပ်ဆင်ထားပြီး အနောက်ဖက်မှာ 8 megapixel Camera နဲ့ အရှေ့ဖက်မှာ 1.9 megapixel Camera တို့ပါဝင်မှာဖြစ်ပါတယ်.
 
Samsung က ဒီပစ္စည်းတွေကို October လကုန်လောက်မှာ ရောင်းချသွားမယ်လို့သိရပါတယ်.  

No comments:

Post a Comment