Sony Xperia Tablet S
Xperia Tablet S ရဲ့ပုံစံကတော့ အရင်နှစ်တုန်းကထုတ်ခဲ့တဲ့ Tablet S နဲ့ ပုံစံဆင်တူပါတယ်. သူ့မှာ 9.4-inches ရှိတဲ့ Display ပါရှိပြီး NVIDIA Tegra 3 Quad-core Processor နဲ့ 1GB RAM ကို တပ်ဆင်ပေးထားပါတယ်. Operating System အနေနဲ့ကတော့ Android 4.0 (Icecream Sandwich) ကိုထည့်သွင်းပေးထားပါတယ်. အရှေ့ဖက်မှာ 1 megapixel Camera နဲ့ အနောက်ဖက်မှာတော့ 8 megapixel Camera ပါဝင်ပါတယ်. Internal Storage ကိုတော့ 16GB, 32GB, 64GB စသည်ဖြင့် ရွေးချယ်စရာ ရှိပါတယ်. Storage ကိုထပ်လိုချင်ရင်တော့ SD Card Slot ပါပါတယ်. ဒီ Tablet မှာ IR Remote Control တပ်ဆင်ပေးထားတာကြောင့် Device တော်တော်များများအတွက် Universal Remote အနေနဲ့ သုံးလို့ရမှာပါ. Wireless/Networking အတွက်ကတော့ Buletooth 3.0 နဲ့ WiFi တို့ပါဝင်မှာဖြစ်ပါတယ်. ဈေးနှုန်းကတော့ 16GB အတွက် $399.99, 32GB အတွက် $499.99, 32GB အတွက် $599.99 ကျသင့်မှာဖြစ်ပြီး ကြိုတင်မှာယူချင်ရင် Sony Store ကိုဝင်ရောက်မှာယူနိုင်ပါတယ်.
Sony Xperia T, Xperia V, Xperia J
Xperia™ T (ဘယ်) Xperia™ V (အလယ်) Xperia™ J (ယာ) |
Sony က IFA 2012 မှာ Smart Phone သုံးလုံးကို ပွဲထုတ် ပြသထားပါတယ်. Xperia T, Xperia V, Xperia J ဆိုတဲ့ Phone သုံးမျိုးဖြစ်ပါတယ်.
Xperia™ T
Xperia T မှာ 4.6-inches HD Display တပ်ဆင်ထားပြီး 1.5GHz Dual-core Processor နဲ့ RAM ကတော့ 1GB ပါ. Operating System ကတော့ Android 4.0 (Icecream Sandwich) ပါ. အနောက်ဖက်မှာ 13 megapixel Camera, LED Flash Light ပါဝင်ပြီး အရှေ့ဖက်မှာတော့ 1.3 megapixel Camera ပါဝင်ပါတယ်. Internal Storage က 16GB အထိရွေးချယ် ၀ယ်ယူနိုင်ပြီး Micro SD 32GB အထိ ထပ်စိုက်နိုင်ပါတယ်. Connectivity အနေနဲ့ ထူးထူးခြားခြား NFC ကိုထည့်သွင်း ပေးထားပါတယ်.
Xperia T ရဲ့ Specification အပြည့်အစုံကို ဒီမှာကြည့်နိုင်ပါတယ်. (Click here)
Xperia™ V
Xperia T မှာ တော့ 4.3-inches HD Display တပ်ဆင်ထားပြီး 1.5GHz Dual-core Processor နဲ့ RAM ကတော့ 1GB ပါ. Operating System ကတော့ Android 4.0 (Icecream Sandwich) ပါ. အနောက်ဖက်မှာ 13 megapixel Camera ပါဝင်ပြီး အရှေ့ဖက်မှာတော့ VGA Camera ပါဝင်ပါတယ်. Internal Storage 8GB နဲ့ Micro SD 32GB ထိ ထပ်ဖြည့်လို့ရပါတယ်. ဒီ Phone မှာလည်း NFC ကိုတပ်ဆင်ပေးထားပါတယ်.
Xperia V ရဲ့ Specification အပြည့်အစုံကို ဒီမှာကြည့်နိုင်ပါတယ်. (Click here)
ဒီ Phone ကတော့ 4.0-inches FWVGA Diaplay ကို တပ်ဆင်ပေးထားပြီး 1GHz Qualcomm Processor နဲ့ RAM ကတော့ 512MB ပါ. Android 4.0 (Icecream Sandwich) ကိုထည့်သွင်းပေးထားပါတယ်. Internal Storage က 4GB ပါပြီး Micro SD 32GB အထိ ထပ်စိုက်လို့ရပါတယ်. နောက် Camera ကတော့ 5 megapixel နဲ့ LED Flash Light ပါပြီး အရှေ့ဖက်ကတော့ VGA Camera ကိုဘဲ တပ်ဆင်ပေးထားပါတယ်.
Xperia™ J ရဲ့ Specification အပြည့်အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်. (Click here)
No comments:
Post a Comment