Sunday, September 2, 2012

iPhone ကို Official Sim မပါဘဲ Activate လုပ်နည်း

ဒီနေ့ iPhone3GS တစ်လုံး Firmware Upgrade လုပ်ဖို့ လက်ထဲရောက်လာတော့ အခက်အခဲလေး အနည်းငယ်ကြုံရပါတယ်. Factory Unlock ဆိုရင် ပြသနာမရှိပေမဲ့ Locked Phone ဆိုတော့ပြသနာ တက်တော့တာဘဲ. Lock Phone ဆိုတော့ Phone ကို Activate လုပ်ဖို့ သူ Original Carrier က Sim Card ကိုလိုတယ်လေ. အဲ့ဒီမှာ ပြသနာစပါပြီ. ကျနော့်မှာရှိတာက USA က AT&T Sim Phone ကဘယ် နိုင်ငံက မှန်းရှာမရဘူး. သူ့ရဲ့ Original Sim ကလည်းမရှိတော့ဘူး. ဒီတော့ Activate လုပ်ဖို့စဉ်းစားလိုက်တဲ့ အခါ Sn0wbreeze ကိုသတိရပါတယ်. ပုံမှန်အားဖြင့် Sn0wbreeze ကိုမသုံးပါဘူး. Redsn0w နဲ့ Absinthe ကိုဘဲကျနော် အသုံးများပါတယ်. နောက်ဆုံးကျနော်ပြောချင်တာက Locked iPhone တွေကို Restore/Upgrade လုပ်ပြီးတဲ့အခါ Activate လုပ်ဖို့ Sn0wbreeze ကိုသုံးလို့ရပါတယ်.

ဒါဆိုရင် လုပ်ပုံလုပ်နည်း Tutorial လေးကို ဒီမှာကြည့်နိုင်ပါတယ်. ကျနော်တို့က Locked Phone တစ်ခုကို Restore/Update လုပ်မယ်ဆိုရင် Custom IPSW ဖန်တီးရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ. ဒါမှ Baseband ကို Upgrade လုပ်ခြင်းမရှိမှာပါ. ဒါမှ Unlock ကိုအဆင်ပြေပြေ လုပ်လို့ရမှာပါ.

လိုအပ်တဲ့ Sn0wbreeze ကိုဒီမှာ Download ပါ. လိုအပ်တဲ့ Firmware (iOS5.1.1)  ကိုဒီမှာ Download နိုင်ပါတယ်.

Download ထားတဲ့ Sn0wbreeze ကို ဖွင့်ပါ. OK နှိပ်ပြီး အောက်ညာဖက် ထောင့်က မျှားအပြာလေးကို နှိပ်ပါ.



ပြီးရင် ကိုယ် Upgrade/Restore လုပ်မဲ့ IPSW ကိုရွေးချယ်ဖို့ Browse for an IPSW ကို နှိပ်ပါ.


iPhone3GS အတွက်ဆိုရင် Old-bootrom လား New-bootrom လားမေးပါလိမ့်မယ်. သိရင်တော့ ရွေးပေးလိုက်ပါ. မသိရင် မသေချာရင် Detect it for me ဆိုတာကို နှိပ်ပါ. Old-bootrom နဲ့ New-bootrom ခွဲခြားနည်းကိုပြောချင်ပါတယ်. iTunes ဖြစ်ဖြစ် iTools ဖြစ်ဖြစ် တစ်ခုခုကို သုံးပြီး Phone ရဲ့ Serial ကိုရှာပါ. Phone ထဲမှာဆိုရင်လည်း Setting>General>About ထဲမှာ ရှာတွေ့နိုင်ပါတယ်. တွေ့ပြီဆိုရင် Serial ရဲ့ လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုကြည့်ပါ. အဲ့ဒီနှစ်လုံးက Week Number ပါ. Week No. 40 ကျော်ရင် သေချာပါတယ်. New-bootrom ပါ. Week 38 အောက်ဆိုရင်တော့ Old-bootrom ပါ. 38 နဲ့ 40 ကြားထဲဆိုရင်တော့ သိပ်မသေချာပါဘူး. မသေချာရင် Detect it for me ဆိုတာသာ နှိပ်လိုက်ပါ. အဲဒါဆိုရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. 
iPhone4/4S တွေကတော့ ဒီအဆင့်မလိုပါဘူး.




ပြီးရင်ဒါပေါ်လာပါပြီ. IPSW Verified! ဆိုတာ. မျှားအပြာလေးကိုထပ်နှိပ်ပါ.



ဒီ Window ပေါ်လာပြီဆိုရင် Simple Mode ကိုရွေးပါ.




ဒီအဆင့်မှာ Activate လုပ်မလုပ်ကိုမေးပါပြီ. Yes ကိုနှိပ်ပေးလိုက်ပါ.




ဒါဆိုရင် Sn0wbreeze က Custom IPSW ကိုစပြီး Create လုပ်နေပါပြီ. ပြီးရင် Done ဆိုတာပေါ်လာလို့ OK ကိုနှိပ်ရင် DFU Mode ထဲဝင်ဖို့ Instruction ပေးပါလိမ့်မယ်. DFU Mode ထဲဝင်အပြီးမှာ PWNED DFU ဆိုတဲ့ Message ပေါ်လာပြီးရင် iTunes ကိုဖွင့်ပြီး Shift + Restore ကိုတွဲနှိပ်ပြီး IPSW ကိုရွေးပါ. Computer ရဲ့ Desktop ပေါ်မှာ Sn0wbreeze နဲ့စတဲ့ IPSW ကိုရွေးရမှာပါ. ဒီ IPSW ကိုရွေးခြင်းအားဖြင့် Baseband Upgrade ဖြစ်ခြင်းမှကာကွယ် နိုင်သလို Activate လုပ်စရာလည်း လိုမှာမဟုတ်ပါဘူး.

iTunes နဲ့ Restore လုပ်ပြီးသွားပြီ ဆိုရင်တော့ Activate လုပ်စရာမလိုတဲ့ Jailbreak လုပ်ပြီးသား iPhone ကိုရပါပြီ. ဒါဆိုရင်တော့ သက်ဆိုင်ရာ Tool ကိုသုံးပြီးတော့ Unlock လုပ်လို့ရပါပြီ. ဘယ် Phone ကို ဘယ်လို Unlock လုပ်ရမယ်ဆိုတဲ့ Unlock Guide ကိုနောက်မှ တင်ပြပေးသွားပါမယ်.

2 comments:

  1. iphone 5s ကိုရော အထက်ပါနည်းနဲ့ Unlock လုပ်လို့ ရသလား။ Pls reply

    ReplyDelete
  2. How can I do iphone 5s unlock?
    plz share it for me

    ReplyDelete