Thursday, September 13, 2012

iOS6 GM and Jailbreak


Apple က Special Event မှာ iPhone5, iPod Touch 5th Generation, New iPod Nano တို့ကို မိတ်ဆက်ပေးခဲ့ပြီး Software အနေနဲ့ iTunes Version အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်. ဒီ့အပြင် iTunes 10.7 ကိုလည်း မနေ့ကပဲ Update ပေးခဲ့ပါတယ်. အကြောင်းအရင်းကတော့ iPhone5 ကို iTunes 10.7 နဲ့ ဒါမှမဟုတ်  သူ့ထက်မြင့်တဲ့ iTunes Version ကိုသုံးထားတဲ့ Computer နဲ့ချိတ်ဆက်အသုံးပြုမှ အဆင်ပြေနိုင်မှာမို့လို့ဖြစ်ပါတယ်. Software အားဖြင့်နောက်တစ်ခုကို ဖြန့်ချီခဲ့တာကတော့ iOS6 Golden Master ပဲဖြစ်ပါတယ်.

iOS6 ကို WWDC 2012 တုန်းက စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး 11 June, 2012 မှာ Beta 1, နောက်နှစ်ပတ် အကြာ 25 June မှာ Beta 2, နောက်သုံးပတ်အကြာ 16 July မှာ Beta 3, 6 August မှာ Beta 4 တို့ကိုအသီသီး ဖြန့်ချီခဲ့ပါတယ်. အခု နောက်ဆုံး Beta Version ဖြစ်တဲ့ iOS6 GM ကိုတော့ 12 Sept မှာ Developer များ Software များ Develop လုပ်နိုင်ရန် အလို့ငှာ ဖြန့်ချီခဲ့ပါတယ်. 


Apple ဘက်က iOS6 ကို Beta 5 (GM) အထိထုတ်ခဲ့သလို iPhone Dev-Team ကလည်း ဒီအတိုင်းမနေပါဘူး. Jailbreak လုပ်ဖို့အတွက် Software များကိုရေးသားခဲ့ကြပါတယ်. အခု iOS6 GM ကို Redsn0w 0.9.13dev4 နဲ့ Tethered Jailbreak လုပ်နိုင်ပါပြီ. Device အကုန်လုံးကိုတော့ Support မဖြစ်ပါဘူး. iPhone4/3GS, iPod Touch 4G စတဲ့ Device တို့ကိုသာ Tethered Jailbreak လုပ်နိုင်မှာပါ. ဘာပဲဖြစ်ဖြစ် ဒီ Device တွေကို Jailbreak လုပ်လို့ရတယ် ဆိုကတည်းက နောက် A5/A5X Device တွေအတွက်လည်း Jailbreak ထွက်လာဦးမှာပါ. အားလုံးကို ခြုံပြောရမယ်ဆိုရင် Apple က သူ့ OS ကိုဘယ်လောက်ပဲ Security တွေမြှင့်ထားမြှင့်ထား iOS6 အတွက် Jailbreak လည်းထွက်လာလိမ့်ဦးမှာပါ.

iOS6 Official Update ကိုတော့ 19 September မှာ စတင်ရရှိမှာဖြစ်ပါတယ်. Jailbreaker, Unlocker တွေကတော့ iOS6 နဲ့ခပ်ကင်းကင်းလေးနေရဦးမှာပါ.


No comments:

Post a Comment