Monday, September 3, 2012

iPhone အသစ်မှာပါလာမယ်လို့ ဆိုထားတဲ့ Headphone

Vietnamese Website တစ်ခုက အသစ်ထွက်လာမဲ့ iPhone နဲ့ အတူပါရှိလာမဲ့ Headphones ပုံများကို တင်ထားပါတယ်. အားလုံးသိကြတဲ့ အတိုင်းပါဘဲ အခုသုံးနေကြတဲ့ Headphone ပုံစံက Original  iPhone စထုတ်တဲ့ 2007 ကတည်းက ပုံစံမပြောင်းဘဲ ဒီအတိုင်းထုတ်လာခဲ့တယ်ဆိုတာ. အဲ့ဒီ အခုသုံးနေကြတဲ့ iPhone Headphone တွေနဲ့ပတ်သက်ပြီး Complain တွေအများကြီးရှိခဲ့ပါတယ်. အဲဒီမှာ Apple က In-ear လို့ခေါ်တဲ့ Headphone တစ်မျိုးကိုထုတ်လုပ်ရောင်းချခဲ့ပါတယ်. ဒါပေမဲ့ အဲဒီ Headphone ကလည်း အဆင်ပြေမှုမရှိတဲ့အပြင် ဈေးကြီးနေတာကိုလည်း တွေ့ရပါတယ်. 

အခု Apple ကအသစ်ထုတ်မယ်ဆိုတဲ့ Headphone ကအရင် ထုတ်လုပ်ထားတဲ့ Headphone နှစ်မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားပုံ ရပါတယ်. ဒီ Headphone ကို iPhone အသစ်မှာဘဲ ထည့်ပေးမလား Add-on Accessory တစ်ခုအနေနဲ့ဘဲ ရောင်းချမလားဆိုတာကတော့ မသေချာသေးပါဘူး. 

ဒီပုံတွေကတော့ အဲဒီ Website မှာတင်ထားတဲ့ Headphone ရဲ့ ပုံတွေပါ. ကြိုးကိုရိုက်ထားတဲ့ ပုံမှာဆိုရင် Designed by Apple in California, Assembled in Vietnam ဆိုတာကိုတွေ့နိုင်ပါတယ်.






No comments:

Post a Comment