Thursday, September 20, 2012

iOS6 Warning and Musclenerd's Blog Post


ကျနော်အခု ပြောနေတာတွေက Jailbreaker/ Unlocker တွေနဲ့ပဲ သက်ဆိုင်ပါတယ်.  Jailbreak/ Unlock လုပ်စရာမလိုဘူး ဆိုရင်တော့ ဒီ Post ကိုဆက်မဖတ်လဲ ရပါတယ်.

မနေ့ညက iOS6 Update ပေးထားတာကို အားလုံးသိပြီးပြီ ထင်ပါတယ်. Apple ကရှေ့ကို တစ်လှမ်းချင်း ရွေ့နေသလို iPhone Dev-Team ကလည်း နောက်ကထပ်ချပ်တမကွာလိုက်လာပါတယ်. iOS6 ထွက်ပြီး သိပ်မကြာခင်မှာဘဲ Hacker, Musclenerd က Dev-Team Blog မှာ Post တစ်ခုတင်ခဲ့ပါတယ်. 

ကျနော်အရင်ဆုံးပြောချင်တာကတော့ SHSH တွေကို Backup လုပ်ထားဖို့ပါဘဲ. Backup လုပ်ဖို့ Tutorial ကိုလဲ ပြထားပေးပြီးပါပြီ. ဒီမှာကြည့်နိုင်ပါတယ်. (Click here)

သိပ်မကြာခင်မှာဘဲ Apple က 5.1.1 SHSH blob ကို Sign လုပ်ပေးတာရပ်ပါတော့မယ်. အဲလိုမရပ်ခင် အတောအတွင်း SHSH blob တွေကို အချိန်မှီ Save ကြပါ. ကနော်တို့သုံးနေကြတဲ့ iDevice တွေ အမြဲတမ်း အကောင်းအတိုင်းရှိနေမှာ မဟုတ်ပါဘူး. User က တစ်ခုခု ကလိလိုက်လို့ အခန့်မသင့်ရင် OS ပြန်မတက်တော့တာ Apple Logo မှာဘဲရပ်နေမှာတွေ ကြုံဘူးမှာပါ. အဲဒီအချိန်ကျလို့ Restore ပြန်လုပ်ချင်တယ်ဆိုရင် iOS6 ကိုဘဲရကြမှာပါ. အဲဒါကို ကာကွယ်ဖို့အတွက် SHSH တွေကို Save ထားဖို့လိုပါမယ်. SHSH ရှိမှ 5.1.1 (or 4.x, 5.x) ကို Restore/Downgrade စတာတွေ လုပ်နိုင်မှာပါ. 

Musclenerd တင်ထားခဲ့တဲ့ Blog Post အကြောင်းကို အသေးစိတ်ပြောပြချင်ပါတယ်.သူတင်ထားတဲ့ အကြောင်းအရာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်.

  1. A4 Device (iPhone4, iPod Touch 4G), iPhone3GS စတဲ့ Device တွေဟာ ဘယ်လိုအခြေနေမှာဖြစ်ဖြစ် iOS5.x ကို Downgrade လုပ်နိုင်ပြီး Jailbreak လည်းလုပ်နိုင်မှာပါ. ဒီ့အပြင် ဒီ Device တွေအတွက် iOS6 Tethered Jailbreak (Untethered Jailbreak for Old Bootrom 3GS) ဟာ Cydia နဲ့အခြားလိုအပ်တာ တွေကိုပြင်ဆင်ပြီးတာနဲ့ ထွက်ရှိလာပါလိမ့်မယ်. (Downgrade လုပ်ဖို့ SHSH blob ကိုလိုပါတယ်.)
  2. 4.x, 5.x Blob တွေကိုပိုင်ဆိုင်ထားတဲ့ iPad2 အတွက်တော့ iOS6 ကနေ iOS5.x or 4.x ကို Downgrade ဆင်းနိုင်မှာပါ. iPad2 ကို iOS5.x ကို Downgrade ဆင်းနိုင်ဖို့ 4.x, 5.x Blob နှစ်မျိုးစလုံးကို လိုအပ်မှာဖြစ်ပြီး iOS4.x ကို ဆင်းဖို့ကတော့ 4.x Blob တစ်မျိုးဘဲ လိုအပ်မှာပါ. (ဘာဘဲပြောပြော ဘာမှမသေချာသေးတဲ့အတွက် iPad2 Owner များ iOS6 ကိုမမြှင့်ဖို့ပြောချင်ပါတယ်.)
  3. iPad2/3, iPhone4S ပိုင်ဆိုင်တဲ့သူများ အတွက်ကတော့ Re-restore Function ကိုရရှိမှာဖြစ်ပါတယ်. Re-restore ဆိုတာက iOS5.1.1, 5.0.1 စတဲ့ OS ပေါ်မှာ Run နေတဲ့ Device တွေကို သူ့လက်ရှိ Run နေတဲ့ OS ကို ပြန်ပြီး Restore လုပ်နိုင်မှာပါ. (ဥပမာ- Device ပြသနာတစ်ခုခုဖြစ်တဲ့ အချိန်မှာ iOS5.1.1 to iOS5.1.1, iOS5.0.1 to iOS5.0.1 စသည်ဖြင့်ပြန်ပြီး Restore လုပ်နိုင်မှာပါ.) Re-restore ကိုအသုံးပြုဖို့ကတော့ သက်ဆိုင်ရာ Blob ကိုဘဲလိုအပ်မှာ ဖြစ်ပါတယ်.
  4. iPad3, iPhone4S တွေအတွက်က iOS6 ကို Upgrade လုပ်မိရင်ဘာမှမလုပ်နိုင်တော့ပါဘူး. နောက် Jailbreak Tool ထွက်တဲ့ အထိစောင့်ရမှာပါ.
ဘာဘဲဖြစ်ဖြစ် Jailbreaker/ Unlocker များ ဒီအချိန်မှာ iOS6 ကို Upgrade မလုပ်ဖို့ အကြံပေးချင်ပါတယ်.

သိပ်မကြာခင်မှာ iPhone4, iPhone3GS, iPod Touch 4G တို့ကို iOS6 မှာ Tethered Jailbreak (Untethered Jailbreak for Old Bootrom 3GS) လုပ်နိုင်တဲ့ Redsn0w ထွက်ရှိလာပါလိမ့်မယ်.


No comments:

Post a Comment