Thursday, September 20, 2012

Download: iOS6 ထွက်ပါပြီ

ကဲကဲ Pay Attention plz...   :P

iOS6 ထွက်ပါပြီဗျာ...  



iOS6 တင်ထားတဲ့ Device ကို Computer နဲ့ချိတ်ရင်မြင်ရဖို့ iTunes ရဲ့နောက်ဆုံး Version ဖြစ်တဲ့ iTunes10.7 တော့လိုပါလိမ့်မယ်. New Features  ပေါင်း ၂၀၀ကျော်ပါဝင်တဲ့ iOS6 ကို WWDC 2012 တုန်းကစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး 19 Sept မှာ ဖြန့်ချီပေးမယ်ဆိုပြီး 12 Sept တုန်းက ကျင်းပခဲ့တဲ့ Apple Special Event မှာ ပြောကြားခဲ့ပါတယ်. Jailbreak နဲ့ပတ်သက်ပြီးကတော့ ဘာသတင်းမှမကြားရသေးပါဘူး. ဒါပေမဲ့ 12 Sept တုန်းက ထုတ်ပေးခဲ့တဲ့ iOS6 Gold Master Version ကိုတော့ iPhone4/3GS, iPod Touch 4G စတဲ့ Device တွေမှာ Tethered Jailbreak ရပါပြီ. Tethered Jailbreak ရတာကတော့ A4 နဲ့ အရင်က Device တွေမှာဘဲရသေးတာပါ. A5 နဲ့ နောက်ပိုင်း Device တွေဖြစ်တဲ့ iPad2/3, iPhone4S တွေမှာကတော့ ရမရဆိုတာမသေချာသေးပါဘူး. 

အခုဆိုရင် Jailbreak လုပ်ရတာအရင်ကထက် ပိုပြီးခက်ခဲလာပါပြီ. ကျနော်တို့ Jailbreak လုပ်ရတာကို ပြောတာမဟုတ်ပါဘူး. Hacker တွေ Jailbreaking Tools တွေ ရေးရတာပိုခက်ခဲလာပြီဆိုတာကို ပြောချင်တာပါ. Apple က iOS ကို Security တွေမြှင့်ထားတာ၊ အရင် Jailbreak ကိုရေးခဲ့တဲ့ Hacker တချို့ Apple ကိုရောက်ကုန်တာနဲ့... ဒါတွေကြောင့်ပိုခက်ခဲလာတာပါ. ဘယ်လောက်ခက်ခဲတယ် ဆိုပေမဲ့လည်း Jailbreaking Tools တွေနောက်ထပ်နောက်ထပ် ပေါ်လာဦးမယ်လို့ ယုံကြည်ပါတယ်.

ပြောတာလေးလည်း နည်းနည်းများသွားပြီ. Jailbreak လည်းမလုပ်ဘူး. Unlock လည်းလုပ်စရာမလိုဘူး ဆိုပြီး iOS6 ကိုအရမ်းမြှင့်ချင်နေပြီဆိုရင်တော့ သက်ဆိုင်ရာ Device အတွက် iOS များကို အောက်က Link များမှတဆင့် Download နိုင်ပါပြီခင်ဗျား....

Jailbreaker/ Unlock များအတွက်တော့ထပ်ပြီး သတိပေးပါရစေ SHSH blob များ Save ကြပါဦးလို့... (Save ချင်တယ်ဆိုရင် Tutorial  ကဒီမှာပါ... Click here)

iOS6 အတွက် Download Link များ

Download iOS 6 for iPhone 4S

Download iOS 6 for iPhone 4

Download iOS 6 for iPhone 3GS

Download iOS 6 for The New iPad

Download iOS 6 for iPad 2

Download iOS 6 for iPod Touch 4G






No comments:

Post a Comment